ဘန်ကောက်ေ ဆးရုံကြီး မြန်မာနိုင် ငံတွင် ဆေးရုံခွဲ ဖွင့်လှစ် မည်

ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆေးရုံ အုပ်စုကြီး ဖြစ်သော Bangkok Dusit Medical Services (BGH) ဘန်
ကောက်ဒူး ဆစ်ဆေး ဘက်ဆိုင်ရာ ဝန်ဆောင်မှု အုပ် စုမှ မြန်မာနိုင်ငံတွင် လာမည့်လအနည်းငယ် အတွင်း ကနဦး လေ့လာမှုများပြု လုပ်ပြီးနောက် ဆေးရုံ ခွဲ တစ်ခု ဖွင့်လှစ်ကာ ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ် ချက်ချ မည်ဖြစ်ကြောင်း သိရ သည်။

 မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စား
ကြောင်း၊မြန်မာအစိုးရ၏ လုပ်ကိုင်ဆောင်ရွက်မှု များ အား အနီး ကပ်လေ့လာလျက်ရှိပြီး ၄င်းအပေါ်တွင် အခြေခံကာ ရင်းနှီးမြှုပ်နှံမှု မဟာဗျူ ဟာကို ဆုံးဖြတ် ချက်ချမှာဖြစ်ကြောင်း၊ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများသည် ရင်းနှီးမှုများအတွက် လက်ခံနိုင်ဖွယ်ရှိ ပါက ဆက်လက်လုပ်ဆောင်မှာဖြစ် ကြောင်း၊ ဘန်ကောက် Dusit ဆေး ဘက်ဆိုင်ရာ ဝန်ဆောင်မှုအုပ်စု၏ ဥက္ကဋ္ဌဖြစ်သူ ပရာဆပ် ပရာဆာတွန်အို ဆော့သ်က ပြောကြားခဲ့သည်။

ဘန်ကောက်ဆေးရုံကြီးအနေ ဖြင့် ရှိနှင့်ပြီးသား အကျိုးတူ ပူးပေါင်း ဆောင်ရွက်သူများနှင့် ဖက်စပ်ပြုလုပ် မည်လား ဒေသခံများအား တာဝန် ယူစေမည်လားဆိုသည်ကို လာမည့် ၃ လ အတွင်း ဆုံးဖြတ်မှာဖြစ်
ကြောင်းလည်းသိရသည်။

ဘန်ကောက် ဆေးရုံ ကြီးသည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့တွင်လည်း ဆေးရုံတစ်ခုကို လာမည့် နှစ်
စောစောပိုင်းတွင် ဖွင့်လှစ် တော့မှာဖြစ်ကြောင်းလည်းသိရသည်။ ဖနွမ်ပင်ဆေးရုံသည် ကမ္ဘောဒီး ယားသာ လျှင်မက လာအိုနှင့်ဗီယက်နမ် မှ လူနာများကိုလည်း ဝန်ဆောင်မှု ပေးနိုင်မှာဖြစ်သည်။ ၎င်းတို့၏ ဆေးရုံ သည် ဗီယက်နမ်ရှိ ဆေးရုံများထက် စံညွှန်းသာလွန်ကောင်းမွန်ကြောင်း၊ ကမ္ဘောဒီးယားတွင် ဘန်ကောက်ဆေးရုံ ငယ်နှစ်ခုဖွင့်လှစ်ထားနှင့်ပြီးဖြစ်ကြောင်း ပရာဆပက် ပြောကြားခဲ့သ ည။်

Ref: Bangkok Post

0 မှတ်ချက်များ for "ဘန်ကောက်ေ ဆးရုံကြီး မြန်မာနိုင် ငံတွင် ဆေးရုံခွဲ ဖွင့်လှစ် မည်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++