တောင်ကြီး 7 July အခမ်းအနား မလုပ်ရန် ခြိမ်းခြောက် အကြပ်ကိုင် ခံရ
ရှမ်းမ်းပြည်နယ်မြို့ တော် တောင်ကြီးမြို့ တွင် 7 July အခမ်းအနား ကျင်းပရန် စီစဉ်ခဲ့သော ကျောင်းသား တချို့ အား ကျောင်းအာဏာ ပိုင်က ခြိမ်းခြောက်အကြပ်ကိုင် လက်မှတ်ထိုးခိုင်းခဲ့ကြောင်း သိရ သည်။၂၀၁၂ ခုနှစ် ဇူလိုင် ၆ ရက် ယမန်နေ့ တွင် ဗကသ ကျောင်းသား ၅ ဦးအား တောင်ကြီးတက္ကသိုလ် အာဏာပိုင်ကခြိမ်းခြောက် အကြပ် ကိုင် လက်မှတ်ထိုးခိုင်းခဲ့ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဇူလှိုင် (၆)ရက် ယမန်နေ့တွင် ဗကသ ကျောင်းသား (၅)ဦးအား တောင်ကြီးတက္ကသိုလ် အာဏာပိုင်က ဆင့်ခေါ်တွေ့ဆုံကာ နိုင်ငံရေးဆက်လုပ်ပါက ကျောင်းထုတ်မည်ဖြစ်ကြောင်း နိုင်ငံရေးမလုပ်ရန် ငြိမ်းခြောက် အကြပ်ကိုင် လက်မှတ်ရေးထိုးခိုင်ခဲ့သည်ဟု သိရသည်။
ဇူလှိုင် (၃)ရက်နေ့ကလည်း ရှမ်းပြည်နယ် (တောင်ပိုင်း) ဗကသ ဖြစ်မြောက်ရေး ကြိုးပမ်းနေသူ တောင်ကြီးတက္ကသိုလ် သတ္တဗဒဌာနမှူး ဒေါ်နုနုစံက သီးသန့် တွေ့ဆုံခဲ့သည်။ ဇူလိုင် (၄)ရက်တွင် စိုင်းချယ်ရီအောင် ၏ မိဘများနှင့်အတူ စိုင်းချယ်ရီအောင်ကို တွေ့ဆုံခဲ့ပြီး 7 july အခမ်းအနား မလုပ်နိုင်ရန် ရည်ရွယ်၍ ပြောဆိုခဲ့ပြီး အုပ်ချုပ်ရေး အာဏာပိုင် များကလည်း ဆင့်ခေါ်တွေ့ ဆုံလိမ့်မည်ဟု ဌနမှူး ဒေါ်နုနုစံက ပြောဆိုခဲ့သည်ဟု သိရသည်။
ယခင် ရက်များအတွင်း ဗကသ ဖြစ်မြောက်ရေး ကြိုးပမ်းနေသူများကို စရဖ၊ ရဲသတင်းတပ်ဖွဲ့က လိုက်လံ စုံစမ်း
နေကြောင်း တောင်ကြီးတက္ကသိုလ် ကျောင်းသားတစ်ဦးက Myanmar News Now ကို ပြောပါသည်။

0 မှတ်ချက်များ for "တောင်ကြီး 7 July အခမ်းအနား မလုပ်ရန် ခြိမ်းခြောက် အကြပ်ကိုင် ခံရ"