ကယန်းဒေသ ကိစ္စ ၈၈ ကျောင်းသားေ ခါင်းဆောင် ကိုမြအေးရဲ့
မေလ(၈)ရက်၊
ဖယ်ခုံမြို့နယ်
လှဝှဲကျေးရွာရှိ တောင်ယာခင်းတွေဟာ ဘိုးဘွားအစဉ်အဆက် လုပ်ကိုင်ခဲ့သော တောင် ယာကွက်များဖြစ်တယ်..
အခု ဒီတောင်ယာတွေကို စစ်တပ်ကသိမ်းပြီး ပြန်ပြီးဒီတောင်သူ တွေကိုဘဲ တစ်လကို
၅၀၀၀ကျပ်ဖြင့် အငှားချခဲ့တယ်.. ကိုယ်ပိုင်တဲ့ယာမြေကို ကိုယ်ကပြန်ပြီး စာရင်းငှား ဘ၀ဖြင့်
ပြန်လုပ်နေရတယ်.. ဒီအခက်အခဲတွေကို ရွာသူရွာသားတွေကိုယ်တိုင် ကျွန်တော် တို့ကို
တင်ပြနေ တာဖြစ်တယ်.... အခု တစ်လကို တစ်ခင်းလုပ်ဖို့  ပဲစဉ်းငုံ
၂အိပ် တောင်းနေတယ်.. ဒီတောင် သူတွေ ဘယ်လို လုပ်ကိုင်စားသောက်ကြမလဲ... ဒီပြသနာကို
ဘယ်သူတွေ ၀င်ရောက်ဖြေရှင်း ပေးနိုင်မလဲ..
စာအုပ်ထဲက သီအိုရီတွေဟာ..
လက်တွေ့ မရှိရင် အမြုံသာလျှင်ဖြစ်တယ်.. အခု ဒီတောင်ယာသမား တွေရဲ့..
ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို နားလည်းတတ်ကျွမ်းတဲ့သူတွေအားလုံး.. ၀ိုင်းဝန်းကူညီ ပေးပါ..
ကျွန်တော်တို့ကိုလည်း အကြံပေးပါ..
ဆင်းရဲနွမ်းပါးနေတဲ့..
လှဝှဲရွာ ဟိန္တာမရွာ အဲဒီက ကယန်း ကယား ရှမ်း တိုင်းရင်းသားတွေရဲ့ တောင် ယာခင်းတွေကို
ရိုးသားစွာ လွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့် ပေးပါ.. အဲဒီ တောင်ယာသမား တွေဟာ
စစ်တပ်ကို အခွန်မဆောင်ဘူးလို့ ပြောနေတာမဟုတ်ဘူး.. ပဲစဉ်းငုံ ၂ အိပ်ကိုပေးဖို
့မတတ်နိုင် တာဘဲဖြစ်တယ်.. တစ်လကို ၅၀၀၀ကျပ် သို့ မဟုတ် ၇၀၀၀ ကျပ်
ယူမယ်ဆိုရင်တောင်မှ ကိုယ့်မြေ ကိုယ့်ယာမှာ ကိုယ်ဟာကို လုပ်ကိုင်စားသောက်ပြီး
စစ်တပ်ကို အခွန်ဆောင်သွားမှာဖြစ်တယ်.. ကျေးဇူးပြုပြီး အညွှန့်ခူးမစားပါနဲ့........။
လောပိတတာဝါတိုင်ကြီးကို ငေးကြည့်ရင်း ထိန်းသိမ်းစောင့်ရှောက်ရင်း
လျှပ်စစ်မီးလုံးဝမရရှိရှာသော ကယန်းတိုင်းရင်းသားညီအကိုမောင်နှမများ၏ ရွာတစ်ရွာ...(လွတ်လပ်ခြင်း၊
တရားမျှတခြင်း၊ တန်း တူညီမျှခြင်း တို့ကို အာမခံနိုင်သည့် ပြည်ထောင်စုစစ်စစ်
တည်ဆောက်ဖို့  အားလုံးဝိုင်း ၀န်းကြိုး စားကြပါ။)
`ပြည်သူများ၏ အခက်အခဲများ ရိုင်းပင်းကူညီလက်တွဲကာ ဖြေရှင်းစို့ ´
`ပြည်သူများ၏ အခက်အခဲများ ရိုင်းပင်းကူညီလက်တွဲကာ ဖြေရှင်းစို့ ´
ကိုမြအေး
(ဧပြီလ-၁၉ရက်)


0 မှတ်ချက်များ for "ကယန်းဒေသ ကိစ္စ ၈၈ ကျောင်းသားေ ခါင်းဆောင် ကိုမြအေးရဲ့"