တရုတ်နိုင်ငံ၏ ပညာရေး စနစ်သစ်

တရုတ်တို့သည် ကွန်မြူနစ်နိုင်ငံကြီး ဖြစ်ခဲ့သည်နှင့် အညီကြွေးကြော်သံများ ဆောင်ပုဒ် များကို အလေး ထားတတ် သည်။ ၀န်ကြီးချုပ်ဝမ်ကျားပေါင် လက် ထက်တွင် ‘ဆိုရှယ်လစ် ကျေးလက်များ တည် ဆောက်ကြ’ ဟူ၍ အစေ ဖ်ာပေး လိုက်သည်။ 

ပညာရေးစနစ်နှင့် ပတ်သက်ပြီး ကျေးလက် အတော်များ များတွင် ရတက်မအေးစရာ ပြဿ နာများ ရင်ဆိုင်နေရ သဖြင့် ဤဆောင်ပုဒ်ကို အကောင်အထည်ဖော်လိုက်ခြင်းဖြစ်ဟန်တူသည်ဟု အကဲခတ်များက ဝေဖန်ကြသည်။

တရုတ်နိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲမှုတွင် အဓိကလိုအပ်ချက်သည် သင်ရိုးညွှန်းတမ်း ဖြစ်သည်။ ဗဟိုအစိုးရ အနေဖြင့် ပြုပြင်ပြောင်းလဲလိုက်သည့် သင်ရိုးညွှန်းတမ်းများကို တောရော မြို့ပါမကျန် လိုက်နာဆောင် ရွက်ကြ ရန်နှင့် အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် ရတတ်မအေးနိုင် အောင်လည်း ဖြစ်နေကြရသည်။

ဥက္ကဋ္ဌကြီးမော် လက်ထက်တွင် ကျောင်းများကို အကန့်အသတ်နှင့်သာ ဖွင့်နိုင်ခဲ့သည်။ အခမဲ့ပညာရေး စနစ်ကို ကျင့် သုံးပြီး အမှန်တကယ် ဆင်းရဲနွမ်းပါးသူများကိုသာ ထောက်ပံ့ကြေးပေးခဲ့သည်။ တိန် ရှောင်ဖိန် လက်ထက်တွင် ထိုစနစ်ကို ပြောင်းလဲပစ်လိုက်သည်။ 

၁၉၈၀ ပြည့်နှစ်များလောက်ကစပြီး ဒေသဆိုင်ရာ အစိုးရများသည် ‘ကိုယ့်ဒေသတွင် ကိုယ့်ကျောင်း ကိုယ်ထောင်၊ ကိုယ့်ဘတ်ဂျက် ကိုယ်သုံး၊ ကိုယ့်ဆရာ ကိုယ် ခန့်၊ လစာကို ဒေသအစိုးရမှ ပေး’ စသည့် စနစ်များကို ကျင့်သုံး လာခဲ့သည်။ ရလဒ် ပညာရေးနှင့် ပတ်သက်ပြီး ကျေနပ်စရာ ကောင်း လောက်အောင် တိုးတက်အောင်မြင်မှု ရလာခြင်းဖြစ်သည်။

မြို့ပေါ်ရှိ ထိပ်တန်းကျောင်းများတွင် ပညာသင်စရိတ်များ တိုးတက်သွားသည်။ ကျေးလက်ဒေသများတွင် ပညာသင် စရိတ်နည်းသည်မှာ မှန်သော်လည်း တိုးတက်မှုအရ မြို့ကျောင်းများနှင့် မယှဉ်နိုင် အောင်ရပ်တံ့လာသည်။ အခြေခံ ပညာရေးဆိုသည်မှာ ပညာကိုအခြေမခံ၊ ငွေကြေးကိုအခြေခံပြီး ဥစ္စာရင်လို ဥစ္စာရင်ခဲရသည့်ဘ၀သို့ ရောက်လာ သည်။ 

တိန်ရှောင်ဖိန် လက်ထက်တွင် စီးပွားရေးဆန်ဆန် ပညာရေးကို လုပ်လိုက်ခြင်းကြောင့် အမှားနှင့် ကြုံတွေ့ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ၀င်ငွေ အချိုးအစား မညီမျှမှုကြောင့် ပိရမစ် ဇောက်ထိုး အနေအထားသို့ ရောက် သွားရ သည်။ တရုတ်ပြည်တွင် အမှန်တကယ် ထူထောင်သင့်သည့် ပညာရေး စနစ်သည် ‘နှစ်လမ်းသွား ပညာရေး စနစ်’ ဖြစ်သည်ဟု တရုတ် လူမှုရေးသိပ္ပံမှ ကျေးလက်ပညာရေး သုတေသီ လီချန်ကိုင်း က ထောက်ပြထားသည်။

တရုတ်ပြည်သည် စီးပွားရေးသည် ယနေ့ ကမ္ဘာ့ဒုတိယအဆင့် ရှိနေသော်လည်း ပညာရေးနှင့် ပတ် သက်ပြီး သုံးစွဲ သည့် ငွေပမာဏ နည်းလွန်းလှသည်။ ၂၀၀၅ ခုနှစ် စစ်တမ်းတစ်ခုတွင် တရုတ် အိမ် ထောင်စုများ၌ ကလေး တစ်ယောက်အတွက် ပညာရေး အသုံးစရိတ်သည် မိသားစုဝင်ငွေ၏ အများဆုံး ဖြစ်နေကြောင်း တွေ့ရသည်။ 

တရုတ်ပြည်တွင် မိသားစုတစ်စု ကလေးတစ်ယောက်နှုန်းလောက်သာ ယူရသည်ဖြစ်သောကြောင့် တစ်မိပေါက် တစ်ယောက်ထွန်း ဆိုသလို ဖြစ်စေချင်သည့် ဆန္ဒဖြင့် တွန်းပို့ချင်ကြသည်။ ဈေးကွက် စီးပွားရေးစနစ်တွင် အပြိုင် အဆိုင်ဖြင့် ရှေ့တန်းသို့ လုတက်နေကြရသဖြင့် မိဘများ၏ ဆန္ဒကိုလည်း အဆိုးမဆိုသာပေ။ မတော်သူတွေ
ထောက်ကျန်နေခဲ့မည့်အရေး မိဘတိုင်း ရင်လေးနေကြရသည်။ 

ကျေးလက်မိသားစု တစ်စု၏ ပျမ်းမျှဝင်ငွေသည် ၃၂၂၅၀ ယွမ် (၄၀၂ ဒေါ်လာ) ဖြစ်သည်။ ပညာရေး အတွက် ထိုငွေ ထဲမှ ၃၂.၆ ရာခိုင်နှုန်းခန့် သုံးစွဲကြရသည်ဟု ဆိုသည်။ မြို့ပြတွင် မိသားစု ၀င်ငွေ၏ ၂၃ ရာခိုင်နှုန်းမှ ၂၆ ရာခိုင်နှုန်း အထိ သုံးစွဲကြရသည် ဆိုသဖြင့် ၀င်ငွေ၏ ၄၀ ရာခိုင်နှုန်း သို့မဟုတ် ၅၀ ရာခိုင်နှုန်းဖြင့်သာ ရပ်တည်နေကြရရှာသည့် တရုတ်တို့၏ ဘ၀ကို ပြန်လည် ဆန်းစစ်ရန် လိုအပ်လာပြီ ဖြစ်သည်။ 

ပညာရေးနှင့် ပတ်သက်ပြီး အသုံးစရိတ် ကြီးမြင့်မှုကြောင့် ကြေကွဲဖွယ်အဖြစ်တွေ ကြုံတွေ့လာရသည်။ ယမန်နှစ်က တရုတ်ပြည်၊ နန်ဇီးနယ်တွင် အသက် ၁၃ နှစ် အရွယ် ကျောင်းသူလေးတစ်ဦးသည် မိဘများက ကျောင်းသို့ ပေးရန် ယွမ်တစ်သိန်းကို မပေးနိုင်သဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွား သည့် သတင်းက ဗဟိုအထိ ရိုက်ခတ်သွားခဲ့ သည်။ သို့သော် အခြေချထားခဲ့သည့် ပုဂ္ဂလိကပိုင် ပညာရေးစနစ်ကိုတော့ ဖျက်၍ ရနိုင်အံ့မထင်။ အစိုးရကလည်း အခွန်အကောက်တွေ တိုးကောက်နေ သမျှ ပညာရေးစရိတ်များကို လျှော့ချ၍ မရနိုင်သည်က သေချာသည်။

အစိုးရအနေဖြင့် ပညာရေးအတွက် မည်မျှဆောင်ရွက်ပေးသည်ဆိုစေ အခပေး ပညာသင်ကြားရေး စနစ်အား တရုတ် တို့ အမြင် မကြည်လင် ဖြစ်လာကြသည်။ ကျောင်းများက စီးပွားရေးဆန်ဆန် လုပ်လာလျှင် မိဘများကလည်း စီးပွားရေးဆန်ဆန် ဆုံးဖြတ်လာကြတော့မည်သာ ဖြစ်သည်။ 

နာမည်ကြီးတက္ကသိုလ်တစ်ခုသို့ ပို့နိုင်ရေးအတွက် တစ်နှစ်ကုန်ကျစရိတ်သည် အဆမတန် မြင့်တက် လာသည်။ စာအုပ်ဖိုး၊ ၀တ်စုံကြေး၊ အချိန်ပိုကြေး၊ မိတ္တူကြေး၊ ကျောင်းဝင်ကြေးများအပြင် ရေဖိုးက အစ ယွမ်ငွေသိန်းချီပြီး ကုန်ကျလာသည်။ အကယ်၍ နိုင်ငံခြားသားများဖြစ်ပြီး နေထိုင်ခွင့်လက်မှတ်မ ရှိလျှင် ကုန်ကျစရိတ် မှတ်ပုံတင်ကြေး က ပိုများသေးသည်။ မိဘများက ကိုယ်ပိုင်ကျောင်း ထောင်ချင် စိတ်တောင် ပေါက်လာပြီဟု ညည်းညူလာကြသည့် အထိ တက္ကသိုလ်စရိတ်က ကြီးမြင့်ကြောင်း သိရသည်။

အစိုးရ စာရင်းဇယားများအရ တရုတ်ပြည်တွင် ပညာဆက်လက် မသင်နိုင်သည့်ဦးရေမှာ ၁ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်း ခန့်သာ ရှိသည်ဟု ဆိုသော်လည်း ဆင်းရဲသည့် ကျေးလက်ဒေသများတွင် ပညာ ဆက် လက် မသင်နိုင်သည့်နှုန်း သည် ၄၀ ရာခိုင်နှုန်း အထိ ရှိသည်ဟု ဆိုသည်။

ဗဟိုအစိုးရသည် ၀င်ငွေအချိုးနှင့် ပညာသင်စရိတ် မမျှတသည့်အကြောင်းကို ဖြေရှင်းသည့်အနေဖြင့် ကျေးလက်ရော မြို့ပြကိုပါ ချိန်ခွင်လျှာ ညှိပေးရန် အားထုတ်နေပြီ ဖြစ်သည်။ ယွမ်ပေါင်း ၂၁၈ ဘီလီ ယံအထိ ပညာရေးအတွက်
နောက် ထပ်ငါးနှစ်အတွင်း သုံးစွဲရန် လျာထားပြီး ဖြစ်သည်။ 

ပညာရေးအတွက် ‘နှစ်ယောက်လွတ်၊ တစ်ယောက်ထောက်ပံ့’ အစီအစဉ်သစ်ကို ရေးဆွဲကာ ၂၀၀၇ ခုနှစ်တွင် ဆရာ များကို လစာ တိုးပေးရေးနှင့် ဆင်းရဲသည့် မိသားစုများ အခမဲ့ပညာ သင်ကြားနိုင်ရေး တို့ကို ဦးတည် လုပ်ဆောင်ေ နပြီ ဖြစ်သည်။ နောက်ငါးနှစ် အတွင်း ကျေးလက်နေ ပြည်သူများအနေဖြင့် မိမိတို့ တစ်ဦးချင်းဝင်ငွေ၏ ၄ ရာခိုင်နှုန်း သာ ပညာရေးအတွက် သုံးစွဲရတော့မည်ဟု ဆိုသည်။

ယခုအခါ တရတ်ုပြည်တွင် မူလတန်းနှင့် အထက်တန်းကျောင်းပေါင်း လေးဆခန့် တိုးတက်သွားသည် မှန်သော် လည်း အသုံးစရိတ်ကမူ ၀င်ငွေ၏ ၃၈ ရာခိုင်နှုန်းခန့် သုံးစွဲနေရဆဲ ဖြစ်သည်။ ကျေးလက်နေ ပြည်သူတို့နှင့် မြို့ပြ လူနေမှုစရိတ် ခြားနားမှုအပေါ် မူတည်ပြီး အစိုးရအနေဖြင့် ထောက်ပံ့မှု မပေးနိုင် သမျှ ပညာရေးစနစ် အကောင်အထည်ပေါ်လာစရာ လမ်းမမြင် ဟူ၍လည်း ဆိုကြသည်။

ဗဟိုအစိုးရအနေဖြင့် ယခုအခိျန်မှစပြီး ပညာရေးဆိုင်ရာ ရန်ပုံငွေများကို ခွဲဝေပေးနေပြီ ဖြစ်သဖြင့် လက်ရှိ လုပ်ေ ဆာင်ရန် ပြင်ဆင်နေကြသည့် သင်ရိုးညွှန်းတမ်းများ အသစ်ရေးဆွဲရေးတွင် နှုတ်ဆိတ် နေသလို ဖြစ်နေသည်။ ၁၉၉၀ ပြည့်နှစ်များလောက် ကတည်းက တရုတ်အစဉ်အလာ ပညာသင်ကြား ရေးစနစ် သည် အောင်မြင်မှု မရတော့ကြောင်း တွေ့ရသည်။

တရုတ်ပြည်တွင် အစဉ်အလာအားဖြင့် နှုတ်တိုက်အလွတ်ကျက်ခြင်းကိုသာ ဦးစားပေးခဲ့သည်မှာ သမိုင်းနှင့်ချီပြီး ရှိခဲ့ သည်။ တရုတ်တို့က ‘အစာသွတ်ဘဲ’ ဟူ၍ တင်စားခေါ်ခဲ့ကြသည့် အလွတ်ကျက် စနစ်ဖြင့်ပင် လျှောက် လှမ်းေ နသေးသည်။ 

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်သည် တီထွင်ဖန်တီးနိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်း၊ ကိုယ်ပိုင် အစွမ်းဖြင့်  လုပ်ေ ဆာင်နိုင်သူများ ခေတ်ဖြစ်သည်။ ခေတ်နှင့်အမီ ရင်ပေါင်တန်းနိုင်ရန် တရုတ်ပြည်သူတွေကို များစွာလေ့ကျင့်ပေးရန် လိုနေသေးသည်။ ယခု တရုတ်ပြည်တွင် ပြဋ္ဌာန်းလိုက်သည့် သင်ရိုးသစ်ကို ရှေ့ပြေးအစီအစဉ်များအနေဖြင့် စမ်းသပ် ခဲ့သည်မှာ ကြာပြီဟု သိရသည်။ 

‘အရည်အချင်းအခြေပြု ပညာရေးစနစ်’ ဟူ၍ သုံးစွဲ အကောင်အထည်ဖော်လာခြင်းကို ကြည့်လျှင် အ နောက်စတိုင် ပညာရေးစနစ်ကို မလွဲမသွေ လက်ခံကျင့်သုံးလာကြရပေလိမ့်မည်။ ဤသို့ဆိုလျှင် စာမေးပွဲ အခြေပြု ပိုင်းဖြတ်မှု စနစ်သည်လည်း တရုတ်ပြည်တွင် ဆက်လက်ကျင့်သုံးဦးမည်လောဟု မေးစရာတွေ ဖြစ်လာသည်။

ပေကျင်းတက္ကသိုလ်မှ ပညာရေး အထူးအရာရှိ ချန်ဇင်မင်းကမူ သင်ရိုးသစ်သည် စာသင်ခန်းအတွင်း အုပ်စုလိုက်ဖွဲ့ပြီး သင်ကြားသင်ယူမှုကို အခြေခံလာသည်ဟု ဆိုသည်။ ကျောင်းသားတစ်ဦးချင်းစီ၏ သင်ယူနိုင်မှုကိုသာ အခြေပြုထား သဖြင့် တစ်ဦးချင်း ပျော်ရွှင်စွာ သင်ယူနိုင်စေရမည်ဟု ဆိုသည်။ 

စနစ်ဟောင်းတွင် ကျောင်းနှင့်စာသင်ခန်းသည် ကလေးများအတွက် ရွံရှာမုန်းတီးဖွယ်ရာ ဖြစ်နေ သည်။ စည်းကမ်း တင်းကျပ်လွန်းပြီး ပုံစံအတိုင်း ရိုက်သွင်းခြင်း ခံရမည့် ပညာရေးစနစ်တွင် မည်သူမျှ ပျော်ရွှင်နိုင်စရာလည်းအကြောင်း မရှိပေ။ ကျောင်းသို့ သွားရမည့် ကလေးတစ်ယောက် ကျောင်းသွား ရမည်ကို ကြောက်နေသည့် ပညာရေး စနစ် သည် အကောင်အထည် ဖော်နိုင်စွမ်းရှိလိမ့်မည်မဟုတ် ပေ။

စနစ်သစ်သည် ကျောင်းနေပျော်ပြီး စာောတ်ရမည်ဟု ၀န်ခံထားကြသည်။ စနစ်ဟောင်းတွင် အထက် တန်း နောက် ဆုံးစာမေးပွဲဖြင့်သာ တက္ကသိုလ်ဝင်ခွင့်ကို သတ်မှတ်ခဲ့ကြသည်။ ယခုလက်ရှိ အခြေအနေတွင် အထက်တန်းကျောင်း
အောင်မြင်ပြီး တက္ကသိုလ် ဆက်တက်နိုင်ခွင့်ဥပဒေမှာ ၂၀ ရာခိုင်နှုန်းပင် မရှိသေးပေ။

စနစ်သစ်အရ မိမိကြိုက်ရာ တက္ကသိုလ်၊ ကောလိပ်များသို့ တက်နိုင်ရန် စာမေးပွဲများသို့ ၀င်ရောက် ဖြေဆိုခွင့် ရှိကြ သည်။ ပညာ တစ်ပိုင်းတစ်စဖြင့် ကျောင်းထွက်သွားရသူများလည်း တက္ကသိုလ်ဝင်ခွင့် ကို ဖြေဆိုခွင့် ရှိသဖြင့် ပညာ ဆက်လက် သင်ကြားနိုင်ခွင့် ရကြပေလိမ့်မည်။

ပညာရေးစနစ်သစ်သည် လွယ်ကူစွာ အကောင်အထည်ဖော်နိုင်ဦးမည်တော့ မဟုတ်ပေ။ အပြိုင်အ ဆိုင် များလည် သည့် ပညာရေးစနစ်တွင် အမှန်တကယ်တော်ပြီး တတ်စေရန် ကျောင်းထားခြင်းထက်၊ မိဘများက ကိုယ်ပိုင် ဆရာ များငှားသင်ခြင်း၊ ကိုယ်ကြိုက်သည့် ကျောင်းတွင် ကိုယ် ထားလိုခြင်းများ ကလည်း ကျောင်းများ၏ အရည်အသွေး ညံ့ဖျင်းခြင်းကြောင့်လောဟု ဆန်းစစ်လာကြသည်။ ငွေကြေး ကုန်ကျ များတာချင်း တူလျှင် စိတ်ကြိုက်ဆရာနှင့် သင်ပြီး ကြိုက်ရာတက္ကသိုလ်သို့ ၀င်ခွင့်များ ရှရှိရေး ကို မိဘများက စိတ်ကူးလာကြသည်။

ပညာသင်ခွင့် လွတ်လပ်မှု တောင်းဆိုလာခြင်း၊ ကာယပညာရေးကို အချိန်ဖြုန်းသည်ဟု မြင်လာခြင်း သည် ကောင်း သည့် အလားအလာ မဟုတ်သော်လည်း ကျောင်းများတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် သင်ရိုးအတိုင်း သင်ကြားရန် ဆရာများကတော့ လိုအပ်နေဦးမည်သာ ဖြစ်သည်။

ပညာရေးတွင် အထက်တန်း၊ အလယ်တန်း။ မူလတန်း ဟူ၍ ဆရာ ဆရာမများကို ရာထူးအားဖြင့် ခွဲခြားခြင်း၊ လစာ အားဖြင့် ခွဲခြားခြင်းကလည်း မှားနေသည်ဟု မြင်လာကြသည်။ သင်ကြားခြင်းဆိုသည်မှာ အနုပညာဖြစ်သည်။ တ ကယ်တော်၊ တကယ် တတ်သည့် သင်ကြားနိုင်သူအား တကယ် ချီးမြှောက် ထောက်ပံ့ပေးရမည့်အစား ရာထူးအ လိုက် ထောက်ပံ့နေခြင်းကလည်း ဆရာ ဆရာမများ၏ အရည်အသွေးကို ဖော်ထုတ်ရာ မရောက်ဟု ဝေဖန် လာကြ သည်။

အချိန်တန် ရာထူးရ၊ ၀င်ငွေကောင်းအောင် ကြံဖန်နေကြရသည့် ပညာရေးစနစ်သည် အပေါ်ထပ် အဆောက်အအုံ မည်မျှ ကောင်းသည် ဆိုစေ၊ အောက်ခြေတွင် လှိုက်စားနေဦးမည်သာ ဖြစ်သည်။ 

ပေကျင်းတက္ကသိုလ်မှ မစ္စတာချန်းက “ဗြိတိန်မှာဆိုရင် ပညာရေးစနစ်တစ်ခုလုံးကို ပြုပြင်ပြောင်းလဲဖို့ သန်း ၆၀
သော ပြည်သူတို့ အတွက် နှစ် ၂၀ ကြာတယ်ဗျ၊ ကျွန်တော်တို့ဆီမှာတော့ ဒီထက့်များ ပိုကြာ မလား” ဟု ထိန်း ထိန်းသိမ်းသိမ်း ပြောသွားသည်ကို ထောက်၍ ကြာမည်ကို ကြောက်ပြီး မပြောင်း တာ လား၊ ဘာပြောင်းရမှန်း မသိ လို့လား၊ အခြေကျနေတာကိုပဲ သာယာနေတာလား၊ မပြောင်းသင့်သေး ဘူး ထင်နေသလား ဆိုသည့် အတွေးများ ၀င်လာမိတော့သည်။ 


မေလ (၃)ရက်၊ ၂၀၁၂။(တင်ညွန့်)

0 မှတ်ချက်များ for "တရုတ်နိုင်ငံ၏ ပညာရေး စနစ်သစ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++