၂၀၁၂ခုနှစ် အပြည်ပြည် ဆိုင်ရာ အလုပ်သမားေ န့ ဆုံးဖြတ်ချက်(၅) ရပ်

၂၀၁၂ ခုနှစ် မေလ ၁ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ အလုပ် သမားနေ့တွင် မြန်မာ နိုင်ငံ စက်မှုဇုန် အလုပ်သမားများသမဂ္ဂ (MITU) နှင့်
မြန် မာ နိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား များနှင့်စိုက်ပျိုးရေး အလုပ်သမား များအဖွဲ့ (AFFM) တို့မှ ပူးပေါင်းပြီး အလုပ်သမားများနှင့်ပါတ်သက် သော ဆုံးဖြတ် ချက် (၅) ရပ်ကို ချမှတ် ခဲ့ပါသည်။

၎င်းတို့မှာ
၁။မြေယာ စီမံခန့် ခွဲမှု အဖွဲ့ ဖွဲ့စည်းရာတွင် အဂတိ လိုက်စားမှု ကင်းရှင်းရေးနှင့်လယ်သမားအခွင့် အရေးများ ကာကွယ်နိုင်ရန်အတွက် လွတ်လပ်သော တောင်သူလယ်သမားအဖွဲ့အစည်းများမှ ကိုယ် စားလှယ်များ ပါဝင်ခွင့် ပေးရန် ဆုံးဖြတ်သည်။

၂။အလုပ်သမား၊ လယ်သမား အခွင့်အရေးဥပဒေရေးဆွဲရာတွင်လွတ်လပ်သောတောင်သူ လယ်သ မားနှင့် အလုပ်သမားတို့၏ ကိုယ်စားလှယ်များ ပါဝင်ရေးဆွဲရန်ဆုံးဖြတ်သည်။

၃။အဓမ္မလုပ်အား ခိုင်းစေခြင်းနှင့်ကလေးစစ်သားများ စုဆောင်းအသုံးပြုနေခြင်းတို့ကို (၃)နှစ် သက် တမ်းတိုး ခွင့်ပြုထားခြင်းအပေါ် ချက်ခြင်းရပ်တန့် ပေးရန်ကန့် ကွက်ကြောင်းဆုံးဖြတ်သည်။

၎။အစိုးရရုံးပိတ်ရက်များတွင်ကာယ၊ဥာဏ်အလုပ်သမားထု အားလုံး အလုပ်ပိတ်ရက်နှင့် လုပ်ခလစာ အပြည့် ရရှိရန် ဆုံးဖြတ်သည်။

၅။လွတ်လပ်သော သမဂ္ဂအဖွဲ့ အစည်းများမှတ်ပုံတင်ခြင်းအပေါ်ကန့် သတ်ချုပ်ချယ်မှုများကို အမြန် ဆုံးရုပ် သိမ်းပေးရန်တောင်းဆို ကြောင်းဆုံးဖြတ်သည်။

ဦးသိန်းစိန်အစိုးရသည်၊ ၂၀၁၁ ခုနှစ်အောက်တိုဘာလ ကုန်၌ အလုပ်သမား သမဂ္ဂဆိုင်ရာ ဥပဒေ များကို အတည်ပြုရေးဆွဲပြီးနောက်ပိုင်း ၂၀၁၂ ခုနှစ် ဧပြီလတွင် အလုပ်သမားသမဂ္ဂဖွဲ့ခွင့်ကို ခွင့်ပြု လာခဲ့ပါသည်။အလုပ်သမားများကလည်း သမဂ္ဂဖွဲ့ခွင့်ရရှိလာသည်နှင့်အမျှ အလုပ်သမားအခွင့်အရေးရရှိလာဖို့အတွက် စတင်တောင်းဆို လာနေပြီးဖြစ်ပါသည်။

0 မှတ်ချက်များ for "၂၀၁၂ခုနှစ် အပြည်ပြည် ဆိုင်ရာ အလုပ်သမားေ န့ ဆုံးဖြတ်ချက်(၅) ရပ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++