၂ဝ၁၁ ကို နိုင်ငံတကာ သစ်တောနှစ်အဖြစ် ကုလသတ်မှတ်

၂ဝ၁၁ ခုနှစ်ကို ‘နိုင်ငံတကာ သစ်တောနှစ်’ (International Year of Forests 2011) အဖြစ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က သတ်မှတ် ထားပါတယ်။

ထိုသို့သတ်မှတ်ရခြင်းမှာ လူသားတို့၏အပြုအမူကြောင့် သစ် တောပြုန်းတီးမှု ကို လျှော့ချနိုင်ရန်၊ သစ်တောများရေရှည် တည်တံ့အောင် ထိန်းသိမ်းသည့် အသိ ပညာကို လူတိုင်းသိရှိရန်၊ သစ်တောများ ကာကွယ်ထိန်းသိမ်းခြင်းများကို ယခု ထက်ပိုပြီး အရှိန်မြှင့် ဆောင်ရွက်သွားရန်နှင့် သဘာဝသစ်တောများကို နိုင်ငံ အလိုက်၊ ဒေသတွင်း အလိုက်၊ နိုင်ငံတကာအဆင့်အလိုက် ဝိုင်းဝန်း ထိန်းသိမ်း ကာကွယ်ကြရန်အတွက် ဖြစ်တယ်။

“FAO ရဲ့ ထုတ်ပြန်ချက်အရတော့ တစ်ကမ္ဘာလုံးမှာ သစ်တော ဟက်တာ ၁၄ သန်းလောက် ပျက်နေတာကြောင့် ကာဗွန် ဒိုင်
အောက် ဆိုဒ်မက်ထရစ်တန် သန်းပေါင်း ၁၆၅ဝ ခန့် နှစ်စဉ် ထုတ်လုပ်ပြီး ကမ္ဘာကြီး ပူနွေးလာမှုရဲ့ ၂ဝ ရာခိုင်နှု န်းလောက် ပါဝင်နေပါတယ်။ သစ်တောတွေ ပြုန်းတီးမှုနဲ့ပတ်သက်ပြီး မြန်မာ ပြည်အခြေအနေကို သုံးသပ်မယ် ဆိုရင် ၂ဝဝ၁ ခုနှစ်ကစလို့ တစ်နှစ်၊ တစ်နှစ် ဧကပေါင်း ၅၄၄ဝ၆ဝ (သို့ မဟုတ်) စတုရန်းမိုင် ၈၅ဝ ပျက်နေပါတယ်။ နောက်ပြီး မြန်မာနိုင်ငံက ကမ္ဘာ့သစ်တောပြုန်းတီးမှု အများ ဆုံးနိုင်ငံ ၄ နိုင်ငံထဲမှာလည်း ပါ ဝင်နေပါတယ်”ဟု သစ်တောပညာ ရှင် ဦးအုန်းကပြောပါတယ်။

ထိုကဲ့သို့ သစ်တောပြုန်းတီးမှု များသည် ကျေးလက်လိုအပ်ချက် ထက် မြို့ပြလိုအပ်ချက်က ပိုများ ကြောင်း၊ အာ ဂျင်တီးနားနိုင်ငံတွင် ပြုလုပ်သွားသည့် ကမ္ဘာ့ပတ်ဝန်း ကျင်ဆွေးနွေးပွဲမှ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် တစ် မိနစ်လျှင်ဘော လုံးကွင်း ၃၆ ကွင်းစာ ဆုံးရှုံးလျက်ရှိ သည်ဟု သိရကြောင်း၊ သစ်တော ပြုန်းတီးမှုသည် အရှေ့ 
တောင် အာရှ တွင် အများဆုံးဖြစ်ပြီး အဓိကအား ဖြင့် ကမ်းရိုးတန်းများရှိ ဒီရေတော များ ပြုန်းတီးနေခြင်းဖြစ်
ျကြာင်း မေတ္တာဖွံ့ဖြိုးမှုဖောင်ဒေးရှင်းမှ ဦး ကျော်ညွန့်ကလည်း ပြောပါတယ်။

သစ်တောများပြုန်းတီးနေမှု ကြောင့် ကမ္ဘာကြီးပူနွေးလာရခြင်း နှင့်ပတ်သက်ပြီး Globel Green ဥက္ကဋ္ဌဒေါ်ဒေ ဝီသန့်စင်ကလည်း ”ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတု ပြောင်းလဲမှုက ကျေးလက်နေအိမ် တွေမှာ ထင်းတွေ သုံးတာကြောင့် မဟုတ်ဘူး။ ထင်းလေး ၄၊ ၅ စီး ယူသွားရုံလောက်နဲ့ဘာမှမဖြစ်နိုင် ဘူး။ အင်နဲ့အားနဲ့ တစ်တော လုံးကို တစ်ပြိုင်တည်း ရှင်းပစ်လိုက်တာက အရေးအကြီးဆုံးပဲ။ ဒေသခံတွေက သစ်ပင်ကိုချစ်တယ်၊ ရိုသေတယ်။ အရိပ်နေနေအခက်ချိုးချိုး မလုပ်ဘူး။ နောက်ဆုံး အပေါ့သွားရင် တောင် တောစောင့်နတ်၊ တောင် စောင့် နတ်
တွေကို ကန်တော့ပြီးမှ သွားတယ်။ ဒါကြောင့် ဒီလိုလူမျိုး တွေက ပစ်စလက်ခတ်မလုပ်ဘူး။ တကယ်လို့ သဘာ ဝအရင်းအမြစ် တွေကို မထိပါနဲ့၊ မလုပ်ပါနဲ့ဆိုရင် ကျေးလက်နေသူတွေအနေနဲ့ ဘာ လုပ်ရမှာလဲဆိုတဲ့ နည်းလမ်း ကိုပေး ရမယ်။ ဒါကိုမပေးနိုင်သမျှ တားလို့ ရမှာမဟုတ်ဘူး”ဟု ပြောတယ်။

သစ်တောပြုန်းတီးရခြင်း၏ အဓိကအကြောင်းအရင်းများမှာ ဆင်းရဲမွဲတေမှု၊ ဝိသမလောဘ၊ မူဝါဒပေါ်လစီနှင့် အသုံးလိုမှုတို့ဖြစ်ပြီး လူတို့၏ ဝိသမလောဘကြောင့် သစ်တောပြုန်းတီးမှုက အများဆုံး ဖြစ်ကြောင်းသိရတယ်။

”ဝိသမလောဘက လူတိုင်း မှာရှိတယ်။ ရှိတာထက် ပိုရှိချင် တယ်။ ဒီအတွက် ရှာရတော့တယ်။ နောက် ဝန် ထမ်းတွေကလည်း ပေး ထားတဲ့လစာက ဝိသမလောဘ ကြောင့် မလောက်ဘူးဆိုတာဖြစ် လာတယ်။ ဒီအတွက် ရှာဖွေရတာ ပဲ။ အဲဒီအခါ မထိရ၊ မခိုက်ရဆိုတာ တွေကို ထိခိုက်လာကြတယ်။ ထိ ခိုက်လာရင်းနဲ့ အန္တရာယ် သိပ် မရှိ ဘူးဆိုတာ သိလာတယ်။ ဒီတော့ သူတို့က သူများလိုတိုက်ဆောက် ချင်တယ်၊ ကားစီးချင်တယ်၊ သားသမီး
တွေကို နိုင်ငံခြားပို့ချင်တယ်။ အဲဒါတွေကြောင့် ဘယ်လို ပဲပြောပြော သစ်တောတွေပိုပြုန်းတီး လာရတော့ တာ ပဲ”ဟု မြန်မာ့ သစ်လုပ်ငန်းမှ အကြီးတန်းအရာရှိ (ငြိမ်း) ဦးခင်ဇော်က ပြောပါတယ်။

ဒါ့အပြင် သစ်တောများမှ သစ်များကို သစ်လုပ်ငန်းက ထုတ် လုပ်သည့်အခါ သစ်တောဦးစီး ဌာနက ခွင့်ပြု ဧရိ ယာကိုသာ ထုတ် လုပ်ခွင့်ရှိကြောင်း၊ နောက်ပိုင်းတွင် သစ်ထုတ်လုပ်ရန် ကန်ထရိုက်များကို ငှားရကြောင်း၊ ထို အခါ ကန်ထရိုက်များကလည်း သစ်များများ ထုတ်နိုင်ရန်၊ ပိုက်ဆံများများရရန် အတွက်ကိုသာ အာရုံစိုက် လုပ် လာခြင်းကြောင့် သစ်တောပြုန်းတီးမှုများ သည် ၁၉၉၂ ခုနှစ်ခန့်က စတင် ဖြစ်ပေါ်လာခဲ့ကြောင်း၊ ထို့အပြင် ကန် ထရိုက်များက သတ်မှတ်ထား သည်ထက် ပို၍ခိုးခုတ်ခြင်းများနှင့် လူတချို့မှ ခိုးခုတ်ခြင်းများလည်း ဖြစ်ပေါ် လာကြောင်း၊ ၄င်းအဖြစ် အပျက်တို့သည် ဝိသမလောဘ ကြောင့် ဖြစ်ပျက် လာခြင်း ဖြစ်သောကြောင့် ပေါ် လစီနှင့်ထိန်းပေ့းရမည် ဖြစ်ပြီး ပေါ်လစီမှတစ်ဆင့် ထိန်းချုပ် နိုင်သည့်ဥပဒေများနှင့်တားဆီးရမည် ဖြစ်ကြောင်း ဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် သစ်တောမှ ငွေကြေးရရှိမှုကို ယခင်က သန်း ၅ဝ သတ်မှတ်ထားခဲ့သော်လည်း ယခုအခါ သန်း ၃ဝဝ အထိတိုးမြှင့် သတ်မှတ်လိုက်ခြင်းကြောင့်လည်း သစ်တောများပြုန်းတီးမှုကို ပိုမိုဖြစ် စေကြောင်းသိရတယ်။

0 မှတ်ချက်များ for "၂ဝ၁၁ ကို နိုင်ငံတကာ သစ်တောနှစ်အဖြစ် ကုလသတ်မှတ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++