၂၀၁၁ ခုနှစ် လားရှိုးမြို့ မဟာသင်္ကြန် ပွဲတော်ကို ယခင်နှစ်များအတိုင်း စည်ကားစွာ ကျင်းပမည်
၂၀၁၁ ခုနှစ်
မဟာသင်္ကြန်ပွဲတော်ကို လားရှိုးမြို့တွင် ယခင်နှစ်များအတိုင်း စည်ကားစွာ ကျင်းပ မည်
ဖြစ် ရာ မြို့ပေါ်အနှံ့ တွင် ဖျော်ဖြေရေးမဏ္ဍပ်များ စတင် ဆောက် လုပ်နေပြီ ဖြစ်ကြောင်း
သိရပါသည်။
လားရှိုးမြို့
ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦးစေ တီတော် အနီးရှိ ဆင်းရွှေလီ ကဇာတ်ရုံသည်
ဗဟို မဏ္ဍပ် အဖြစ် တည်ရှိမည် ဖြစ်ပြီး လားရှိုးမြို့အ၀င် မုခ်ဦးမှ စတင်၍
ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အဓိက ဖျော် ဖြေရေး မဏ္ဍပ်ပေါင်း ကိုးခု တည်ရှိနေမည်
ဖြစ်ပြီး အခြား ရေကစား မဏ္ဍပ်ငယ်များလည်း တည်ရှိနေမည် ဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့
သင်္ကြန်ပွဲတော်တွင် ရပ်ကွက် အသီးသီး၌ အဓိက ဖျော်ဖြေရေး မဏ္ဍပ်ကြီးပေါင်း ၁၈ ခုထိ
တည်ရှိမည် ဖြစ် ရာ မဏ္ဍပ်များတွင် ယိမ်းအက ပြိုင်ပွဲများ၊ ခေတ်ပေါ်တေးဂီတများ၊
တိုင်းရင်းသားရိုးရာ အကများဖြင့် ဧည့်ခံဖျော်ဖြေ ကြ မည် ဖြစ်ကြောင်း သိရသည်။
မဟာသင်္ကြန်ပွဲတော်
ဖွင့်ပွဲကို ဗဟိုမဏ္ဍပ်တွင် သင်္ကြန်အကြိုနေ့ ညနေပိုင်း၌ ကျင်းပမည် ဖြစ်ရာ ဌာနဆိုင်ရာ
ယိမ်း အကအဖွဲ့များ၊ ရပ်ကွက် အသီးသီးမှ ယိမ်းအကအဖွဲ့များ၊ တက္ကသိုလ်များမှ
ယိမ်းအကဖွဲ့များ ပါဝင်သည့် ယိမ်းအက အဖွဲ့ပေါင်း ၂၁ ဖွဲ့ ပါဝင် ယှဉ်ပြိုင်ကြမည်
ဖြစ်ပြီး အဆိုတော်များမှလည်း ဧည့်ခံဖျော်ဖြေကြမည် ဖြစ်ကြောင်း သိရှိ ရပါသည်။


0 မှတ်ချက်များ for "၂၀၁၁ ခုနှစ် လားရှိုးမြို့ မဟာသင်္ကြန် ပွဲတော်ကို ယခင်နှစ်များအတိုင်း စည်ကားစွာ ကျင်းပမည်"