ကရင်နီ (ကယား) တို့၏ ခေါင်ရည်
ပါးရည်၊ နားရည်တွန့်လိမ်ပြီး
မျက်လုံးမှေးမှေးလေးနှင့် အသက်လေး ဆယ်နှစ် အဒေါ်အရွယ်ရှိသော ကယားအမျိုးသမီး တစ်ဦးဖြစ် သူ
ဒေါ်စောမယ်သည် မီးဖိုချောင်အတွင်းတွင် အလုပ်များနေသည်။
အဒေါ်သည်
မနက်မိုးလင်းအချိန်မှစပြီး သူမ၏ အလုပ်ကို လုပ်နေ သည်မှာ အချိန်က တမနက်ခင်း
ကုန်သွားလေပြီ။ နဖူးပေါ်တွင် လည်း ချွေးများရွှဲလို့၊ သူ့မှာ နားချိန်မရှိလိုက်ပါ။
သူမသည် ထမင်း ချက် သည့် အိုးကြီးထဲမှ အနီရောင်ဝင်းလျက် စေးကပ်လျက်ရှိသော
ချက်ထားပြီးသား ပြောင်းကောက် (နှံစားပြောင်း) ကို နှီးဖြင့်
ရက်လုပ် သည့်ဖျာပေါ်သို့ ခွက်ဖြင့်တစ်ခွက်ချင်းစီ စိတ်ရှည်လက်ရှည်
ကော်ထည့်နေသည်။
နီးဖျာပေါ်သို့ ချက်ထားသော
ပြောင်းကောက်များ အစီအရီ ဖြန့်ကျက်ထားပြီးနောက်မှာ ဆန်မှုန့်များဖြင့်
ပြုလုပ် ထားသော တဆေးမှုန့်ကို အပေါ်မှ ဖြူးလိုက်ပါသည်။ ကျနော် သူမအနားသွားပြီး
သူမရဲ့အလုပ်ကို စပ်စုမေးမြန်း ကြည့်ရာတွင် အဒေါ်ကနေပြီး “ခေါင်ရည်ချက်နေတာလေး˝ ဟု
မအားလပ်သည့်ကြားမှ ကျနော့်ကို တချက်ပြုံးပြ ပြီး ပြောလိုက်သည်။ အဒေါ်သည်
လာမည့်ပတ်တွင် ဒီးမော့ဆိုဈေးသို့ ခေါင်ရည်သွားရောင်းရန်ု ချက်နေခြင်းဖြစ် ပါသည်။
တဆက်တည်းမှာပင် သူမသည် တဆေးဖြင့်
ဖြူးထားပြီး အအေးခံထားသော ပြောင်းကောက်များကို အင်ရွက်ခင်း ထားသော တောင်းများထဲသို့
ထည့်ကာ ပေါင်းထားလိုက်ပါသည်။
အဲဒီနောက်အဒေါ်သည်
“တောင်းထဲပေါင်းထားပြီးရင် အရည်ကျလာတယ်၊ အဲဒါကို စဥ့်အိုးနဲ့ ခံထားရတယ်၊ ပြီးရင်
တစ်ညပေါင်းထားပြီး နောက်တစ်ရက်ကျရင် စဥ့်အိုးကြီးထဲကို ထည့်လို့ရပြီ၊ ပြီးရင်
တစ်ပတ်ဆယ်ရက်လောက် ထားပြီးရင် အဲဒါကို အရည်ဖောက်ချ၊ အဲဒါကို ခေါင်ကျရည်လို့
ခေါ်တယ်၊ ပြီးတော့ရေနွေးကျိုပြီး စဥ့်အိုးထဲလောင်း ထည့်ပြီးရင် မီးနဲ့တစ်ည ကင်ရတယ်။
နောက်ရက်ရေထပ်ထိုးပြီး ဖောက်ချ၊ ဒါဆိုရင်ခေါင်ရည်ရပြီပေါ့၊˝ ဟုဆိုပြီး ကျနော့်ကို
ရှင်းပြသည်။ ခေါင်ရည်သည် အရက်မဟုတ်ပေ။ အနီဖျော့ဖျော့ အရောင်ရှိပြီး
သောက်လိုက်ရင် ပူရှိန်း ရှိန်း အရသာနှင့် ရင်ထဲကို နွေးသွားစေသည်။
ခေါင်ရည်သည်
ကရင်နီမျိုးနွယ်စုဝင်များ၏ တိုင်းရင်းသားပွဲတော်များတွင် ခေါင်ရည်သောက်ခြင်းဖြင့်
အချင်းချင်း မိတ်ဆွေဖွဲ့ပြီး သွေးစည်းညီညွတ်မှု ပိုမိုခိုင်မြဲစေသည့်
မရှိမဖြစ်အရာဖြစ်သည်။
ကရင်နီလူမျိုးများ၏ အဓိက အစားအသောက်တစ်ခုဖြစ်ပြီး ဆေးဖက်ဝင်သည့် ၀ိုင်တစ်မျိုးအဖြစ် သတ်မှတ်ကြ သည်။ ရှေးဖိုးဖွား လက်ထက်ကတည်းကပင် တန်ဖိုးထားကြသည့် ရိုးရာခေါင်ရည်ဖြစ်သည်။ ယခုခေတ်တွင် အသက်မွေးဝမ်းကြောင်း စီးပွားဖြစ်ရောင်းချလာကြပြီး လောင်းကစားဝိုင်းနှင့် ပွဲလမ်းသဘင်များတွင် လူငယ်များ အကြား အလွန်အကျွံ သောက်စားကာ ယစ်မူးဖွယ်ရာတစ်ခုအဖြစ် အယူအဆမှားများ ရှိလာကြသည်။
“ခွီးစောဖျာ လက်ထက်ကတည်းက ခေါင်ရည်ကို
သောက်ကြတယ်။ ယွန်းလူမျိုးတွေနဲ့ စစ်တိုက်တဲ့ အချိန် ကတည်းက ခေါင်ကို
အားဖြစ်စေတဲ့ အရာတစ်ခု သောက်ခဲ့ကြတယ်။ ကျနော်တို့ မျိုးနွယ်စုအားလုံးဟာ
ခေါင်ရည်နဲ့ ရင်းရင်းနှီးနှီးရှိခဲ့တယ်။ ခေတ်အဆက်ဆက်က သောက်သုံးတဲ့ အရာဖြစ်တယ်။
ရူးရူးမူးမူးသောက်တာတွေ မရှိခဲ့ဘူး” ဟု ခူးရယ်က ပြောသည်။
“အဖွားဆိုရင် ငယ်ငယ်လေးကတည်းက
အသက်ခုနှစ်ဆယ်ရှိပြီး ခေါင်ရည်ကို နေ့တိုင်းပုံမှန် သောက်တယ်။ အလွန် အကျွံ
မဟုတ်ဘူး။ အဲဒီလိုဆိုရင် သွေးလေပုံမှန်ဖြစ်ပြီး အားကောင်းစေတယ်။ ပွဲခင်းတွေမှာက
တချို့လူတွေက အပျော်အပါးသက်သက် ခေါင်သောက်လိုက်၊ အရက်သောက်လိုက်နဲ့
ခေါင်နဲ့အရက်ရောပြီး စည်းမဲ့ကမ်းမဲ့သောက် ရင်တော့ မူးမှာပဲ။ မကောင်းဘူးပေါ့” ဟု
ဆက်ပြောသည်။
ခေါင်သည် ဘေးဥပဒ်ဆိုးကျိုးကို
မဖြစ်စေပါ။ ကျန်းမာရေး ၀န်ထမ်းတစ်ဦးက “ခေါင်ချက်တဲ့ အချိန်မှာပဲ
ခေါင်နဲ့အ စပ်မမှန်ရင် ဝမ်းလျှောတတ်တယ်၊ အလွန်အကျွံသောက်ရင်တော့ ဝမ်းဖောတာတွေဖြစ်
တတ်တယ်၊ တန်ဆေး၊ လွန်ဘေးပေါ့နော်” ဟုဆိုသည်။
တောင်သူဦးကြီး၊ အဒေါ်များ တောင်ယာ၊
လယ်စပါး လုပ်ငန်းခွင်များနှင့် တစ်နေကုန် ပင်ပန်းနွမ်းနယ်ပြီး ထမင်း ဆာလောင်သော
အချိန်တွင် ခေါင်ရည်သောက်ခြင်းဖြင့် အမောပြေစေပြီး ခွန်အားသစ် ဖြစ်ပေါ်လာစေပါသည်။
ကရင်နီလူမျိုးများ ယွန်းလူမျိုးတို့၏
ဖိနှိပ်မှု အောက်မှ လွတ်မြောက်လာသော အထိမ်းအမှတ်ပွဲတော်ကို ကျင်းပရာ တွင်လည်း
အသုံးပြုသည်။ ၎င်းကို ဒီးကူအရွက်ဖြင့် သုံးထောင့်ချွန်ထုပ် ထားသော
ကောက်ညင်း ထုပ်များနှင့် အထိမ်းအမှတ်ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း
ဆင်နွှဲလေ့ရှိကြသည်။ ကျေးရွာမှ ကယားအမျိုးသမီး ပျိုမေလေးများ က ရောက်လာကြသော
ဧည့်သည်တော်များကို ၀ါးနှီးဖြင့် ယက်လုပ်ထား၍ သစ်စေးဖြင့် သုတ်ထားသည့်
ခွက်နှင့်ခေါင်ရည်ကို တိုက်ပါသည်။
ဧပြီလတစ်လအတွင်း တစ်နှစ်တစ်ကြိမ်
ကျေးရွာအလိုက် ကျင်းပလေ့ရှိသည့် လှူဒါန်းခြင်းကို အသိအမှတ်ပြုသည်ဟု
အဓိပ္ပါယ်ဖော်ဆောင်သော ̏တျားအီလူးပွဲတော်” ခေါ် တံခွန်တိုင် စိုက်ထူသည့်
ပွဲတွင်လည်း ထမင်း၊ ဟင်းလျာ များနှင့် ခေါင်ရည်ကို ကျွေးမွေးခြင်းဖြင့်
ကုသိုလ်ပြုကြသည်။ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ဟုလည်း ဆိုကြပြီး တစ်ဦးနှင့်တစ်ဦး
ရေပက်ဖြန်းခြင်းဖြင့် နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောသည်။ ထိုအချိန် တွင်
ခေါင် ရည်များ သောက်ပြီး တိုင်းရင်းသား မျိုးနွယ်စုပေါင်းစုံက
စည်းလုံးညီညွတ်စွာနှင့် ရိုးရာအကများကို ကခုန်ပျော်မြူးကြ သည်။
ရိုးရာယဉ်ကျေးမှု သီချင်းများ
ရေးစပ်သီဆိုသော ကိုကီးရယ်က ̏ အားလုံးတွေ့ဆုံတဲ့အခါ လည်း ခေါင်ရည်သောက် ရင်းနဲ့
ပျော်ရွှင်တဲ့ အထိမ်းအမှတ်ဖြစ်စေပြီး မိတ်ထိဆွေထိ ဖြစ်စေတယ်˝ ဟုပြောသည်။
တဆက်တည်းမှာပင် “ရှမ်း မှာက လက်ဖက်၊ ဗမာဆိုရင် လက်ဘက်ရည်ကြမ်းနဲ့ လက်ဖက်သုပ်၊
အင်္ဂလိပ် လူမျိုးတွေမှာဆို ၀ိုင်လိုမျိုးပေါ့။ သူ့ ယဉ်ကျေးမှုနဲ့ သူရှိသလိုမျိုးပါ။
ကယားမှာကတော့ ခေါင်ရည်ပေါ့˝ ဟု ဆက်ပြောပါသည်။
ထို့ပြင် မိမိတို့ရပ်ရွာ
သဘာဝဘေးအန္တာရာယ် မကျရောက်စေရန် တော၊ တောင်၊ ရေ၊ မြေများကို
ကာကွယ်စောင့်ေ ရှာက်ပေးသည်ဟု ဆိုကြသော တောစောင့်နတ်၊ တောင်စောင့်နတ်နှင့်
ရေစောင့်နတ် ပူဇော်ပွဲများတွင် ၀က်သား၊ ကြက်သား၊ ထမင်းများကို ခေါင်ရည်နှင့်တွဲ၍
ပူဇော်ပသရသည်။ “ရှေးဖိုးဖွား ပဝေသဏီကတည်းက လူတွေ အေး ချမ်းစွာ နေထိုင်နိုင်ဖို့
အဲဒီလိုနတ်ပူဇော် ပသလှူဒါန်းတဲ့အခါ ခေါင်ရည်ကတော့ မပါမဖြစ်ပါပဲ၊ ဒါဟာ
ရိုးရာအစဉ် အလာ ဖြစ်ပါတယ်” ဟု အသက် ခြောက်ဆယ်ကျော်ပြီဖြစ်သော ဦးဗျားရယ်က ပြောသည်။
ယခုအချိန်တွင် ရိုးရာပွဲလမ်းသဘင်၊ နတ်ပူဇော်ခြင်းများအပြင်
မြို့တိုင်း၊ ကျေးရွာတိုင်းများတွင် အသုံးပြုကြသလို ကရင်နီအမျိုးသမီးများ
မိမိတို့၏ စီးပွားရေးတွင် အဓိက ပါဝင်လာပါသည်။ ခေါင်ရည်သည် သုံးလေးရက်ကျော်၍
အထားမခံပါ။ ခေါင်ကျရည်မှာ ရက်ပေါင်းများစွာ အထားခံနိုင်ပြီး ခေါင်ရည်ထက်
ဈေးပိုကြီးပြီး ပိုအရသာရှိ သည်။
ခေါင်ကျရည်သည် တစ်လီတာတွင် တစ်ထောင်ကျပ်ရောင်းပြီး၊ ခေါင်ရည်က ငါးရာကျပ်ဖြစ်သည်။
ခေါင်ကျရည်သည် တစ်လီတာတွင် တစ်ထောင်ကျပ်ရောင်းပြီး၊ ခေါင်ရည်က ငါးရာကျပ်ဖြစ်သည်။
ထိုသို့နေရာတိုင်းတွင် ပါဝင်နေသော
ခေါင်ရည်များကို ပြောင်းကောက် မရနိုင်သော နေရာမျိုးများ တွင် ပြောင်းအစား ဆန်ဖြင့်
ချက်လုပ်ကြသည်။ သို့သော် ပြောင်းကောက်ဖြင့် ချက်သော ခေါင်ရည်သည် အချိုဆုံးနှင့်
အရသာအရှိ ဆုံး
ဖြစ်သည်။ တချို့ခေါင်ပူ လတ်လတ်ဆတ်ဆတ် သောက်ချင်သော သူများမှာ အဆင်သင့် ပေါင်းထားသော
ပြောင်းနှင့်ေ ရနွေးကို စဥ့်အိုးငယ်လေးထဲ ထည့်ပြီး ၀ါးတံဖြင့် စုပ်သောက်ကြသည်။ ကရင်နီ (ကယား) လူမျိုးမှန်လျှင် မည်သူမဆို ခေါင်ရည်သောက်တတ်ကြသည်။
ဖြစ်သည်။ တချို့ခေါင်ပူ လတ်လတ်ဆတ်ဆတ် သောက်ချင်သော သူများမှာ အဆင်သင့် ပေါင်းထားသော
ပြောင်းနှင့်ေ ရနွေးကို စဥ့်အိုးငယ်လေးထဲ ထည့်ပြီး ၀ါးတံဖြင့် စုပ်သောက်ကြသည်။ ကရင်နီ (ကယား) လူမျိုးမှန်လျှင် မည်သူမဆို ခေါင်ရည်သောက်တတ်ကြသည်။
စီးပွားရေးဈေးကွက်ဆီသို့
ရောက်ရှိလာသော ကယားခေါင်ရည်သည် ရှေးမိဘ၊ ဘိုးဘေးဘီဘင် လက်ထဲကတည်းက ရှိခဲ့သော
ရိုးရာဓလေ့ အစားအသောက်တစ်ခုအဖြစ် အသိအမှတ်ပြုမှီဝဲခြင်းဖြင့် မိမိတို့၏
ရိုးရာယဉ်ကျေးမှု အစား အသောက်ကို တန်းဖိုးထားရာ မြှင့်တင်ရာရောက်ပြီး မွန်မြတ်လှသော
အရာတစ်ခုပင် ဖြစ်ပါသည်။
မတ်လ (၁၅)၊ ၂၀၁၁။ ကယားထဲ


0 မှတ်ချက်များ for "ကရင်နီ (ကယား) တို့၏ ခေါင်ရည်"