ဒေါ်စုလွတ်မြောက်လာပြီးနှောက် လွိုင်ကော် တက္ကသိုလ် ကျောင်းတွင် ထောက်လှမ်းရေး လွတ်ထား


ကရင်နီပြည် လွိုင်ကော်မြို့နယ်ရှိ လွိုင်ကော် တက္က သိုလ်ကျောင်းတွင် ဒေါ်အောင်ဆန်းစု ကြည်အ
ကြောင်းနှင့် ပတ်သက်၍ ကျောင်းသူ၊ သားများ စိတ် ၀င်တစား ဆွေးနွေးကြသဖြင့် စစ်အစိုးရမှ ထောက် လှမ်းရေး လွတ်ထားသည့်အတွက် ကျောင်းသားများ စိတ်အနှောင့်အယှက်ဖြစ်နေသည်။

“ဘာဖြစ်လို့လဲဆိုတော့ ကျောင်းသားတွေ ဒေါ် စု လွတ်တာကို တအား ဆွေးနွေးနေကြ လို့လေ။
ပြောချင်တာက တော်တော် စိတ်ဝင်စားကြ တယ်
ပေါ့” ဟု ကျောင်းသားများနှင့် နီးစပ်သူ လွိုင်ကော်ဒေသခံ တဦးက ပြောပါသည်။

ကျောင်းသူ၊သားများသည် ကန်တင်းတွင် ၀ိုင်းဖွဲ့ပြီး မြန်မာ့ ဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် လွတ်လာမှုအပေါ် နှင့် ယခုလက်ရှိအခြေအနေကို စိတ်ဝင်တစား ငြင်းခုန်၊ ပြော ဆိုဆွေးနွေးမှုများ ပြုလုပ်နေ
ကြောင်း သိရသည်။

နိုင်ငံရေးဆွေးနွေးမှု ပြုလုပ်သည့်အတွက် စစ်အစိုးရမှ ပြီးခဲ့သည့်ပတ်တွင် အရပ်ဝတ် ထောက်လှမ်းရေး ၂ ဦးကို လွတ်လာဖြင်းဖြစ်သည်။

“သူများက တော်သေးတယ်။ ငါတို့က သမိုင်းမေဂျာ ယူထားတာဆိုတော့ နိုင်ငံရေးအကြောင်းက ပါလာမှာပဲ။ မပြောလို့ မရဘူး။ စာကို လုံးဝ စိတ်ဝင်စားမှု မရှိမှ မပြောပဲ နေနိုင်မှာ” ဟု လွိုင်ကော် တက္ကသိုလ် ကျောင်း သား တဦးက ပြောပါသည်။

လွိုင်ကော် တက္ကသိုလ်ကျောင်းတွင် ကျောင်းသူ၊ သား ဦးရေ ၄၀၀ ၀န်းကျင်လောက်ရှိပြီး ထိုကဲ့သို့ ထောက် လှမ်းရေး ချထားခြင်းသည် ကျောင်းသူ၊သားများ အတွက် သင်ခန်းစာ ဆွေးနွေးရာတွင် အနှောင့်အယှက်ဖြစ် သလို ကျောင်းသူ၊ သားများအတွက် လွတ်လပ်စွာ ပြောဆိုခွင့် မရဟု ကျောင်းသူ၊ သားများက ပြောကြပါ သည်။

0 မှတ်ချက်များ for "ဒေါ်စုလွတ်မြောက်လာပြီးနှောက် လွိုင်ကော် တက္ကသိုလ် ကျောင်းတွင် ထောက်လှမ်းရေး လွတ်ထား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++