တောင်ကြီး တန်ဆောင်တိုင်ပွဲ
၂၀၁၀ ပြည့်နှစ် တောင်ကြီး
တန်ဆောင်တိုင် ပွဲတော် အတွက် မုခ်ဦး၊ ပြခန်း၊ စတိတ်ရှိုးစင်နှင့် အရောင်း
ဆိုင် ခန်းများကို ဆောက် လုပ် နေရာ ချနေပြီ ဖြစ်ကြောင်း ပွဲတော် ကျင်းပရေး
တာဝန်ရှိသူများထံမှ သိရသည်။
မီးပုံးပြိုင်ပွဲကို
နိုဝင်ဘာ ၁၄ ရက်မှ ၂၁ ရက်နေ့အထိ ကျင်းပမည် ဖြစ်ရာ ညမီးကြီး ၁၀ လုံးခန့်၊
စိန်နားပန် သုံးလုံးခန့်၊ နေ့လွှတ်အရုပ် ၄၀ ခန့် နေ့စဉ် လွှတ်တင် ယှဉ်ပြိုင်သွားမည်
ဖြစ်ကြောင်း၊ ဖွင့်ပွဲ အခမ်းနားတွင် ကုမ္ပဏီတစ်ခုမှ မီးပုံးပျံငယ် အလုံး
တစ်ထောင်ကို
တစ်ပြိုင်တည်း လွှတ်တင်မည် ဖြစ်ကြောင်း သိရှိရသည်။
တစ်ပြိုင်တည်း လွှတ်တင်မည် ဖြစ်ကြောင်း သိရှိရသည်။
တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် မီးပုံးပျံများကို အောက်တိုဘာလ ၁၅ ရက်နေ့မှ စတင် စာရင်း ကောက်ယူခဲ့ရာ အောက်တိုဘာလ ၃၁ ရက်နေ့တွင် စာရင်းပိတ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့တွင် တောင်ကြီး မြို့ ကန်ရှေ့ရပ် ကွက်ရုံးတွင် ညမီးကြီးနှင့် စိန်နားပန်၊ နေ့အရုပ် ပြိုင်ပွဲများကို မဲနှိုက်၍ ပွဲစဉ် ဇယားများ ရေးဆွဲ ခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။
ယခုနှစ် နောက်ဆုံး
စာရင်းအရ မီးပုံးပျံပြိုင်ပွဲဝင် ညမီးကြီး ၇၈ လုံး၊ စိန်နားပန် ၃၄ လုံး၊
နေ့လွှတ်အရုပ် ခြေနှစ်ချောင်း ၁၅၈ လုံး၊ ခြေလေးချောင်း ၁၀၂ လုံးနှင့်
တစ်အုပ်စုလျှင် သုံးကောင်အထက် ယှဉ်ပြိုင်ရသည့် အုပ်စု ၄၄ အုပ်စုတို့ ပြိုင်ပွဲဝင်
ကြမည် ဖြစ်ကြောင်း သိရှိရသည်။


0 မှတ်ချက်များ for "တောင်ကြီး တန်ဆောင်တိုင်ပွဲ"