ကြုံတောင့်ကြုံခဲ ဘောလုံးပွဲ

နိုဝင်ဘာ (၇)၊ ၂၀၁၀။
“ဟာ … ဟေ့ကောင်ကြီး။ ဘယ်ကလှည့်လာတာလဲ။ မတွေ့တာကြာလှပြီ။ စင်္ကာပူမှာ ရေလျှံနေပြီ လား”
“ရေလျှံတယ်လဲ မဟုတ်ပါဘူးကွာ။ ညီမဆီပို့ရ အမေဆီပို့ရ အမျိုးတွေပေး ရနဲ့။ ဒီမှာကမှ မင်းတို့မြို့က နေပြည်တော် ဖြစ်ပြီး တောက်ပြောင်နေ တာကိုး။ ရန်ကုန်မှာမလာတဲ့မီးက မင်းတို့ဆီလျှံနေတယ်ပေါ့”

“နေပြည်တော်ဆိုလို့ သတိရသွားတယ်။ အတော်ဘဲ။ မင်းရောက်တုံး ဖွီဖွမ်ဖလား မြန်မာ့ ဘောလုံးပွဲ ကြည့်သွားလိုက်။ ဒီနေ့ နိုဝင်ဘာ ၇ ရက်နေ့ကဖိုင်နယ်ပွဲကွ”
“ဘာတံုးကြ … ဖြီဖြမ္ဖလား ဆိုတာ”
“ေတာင္အာဖရိကမွာကန္တဲ့ ဖီဖာဖလားကို အတုယူထားတာကြ။ သိချင်ရင်သွားကြည့် ကွာ … လာသွားမယ်။ ပွဲစခါနီးပြီ”

ပျဉ်းမနားမြို့မှသူငယ်ချင်းအိမ်သို့ ရောက်သွားခိုက်တွင် ရင်းနှီးလှသော ငယ်သူငယ်ချင်း နှင့် ထိုကဲ့သို့ အဖွင့်စကားပြောပြီး သူနှင့်အတူ ဘောလုံးပွဲသို့ လိုက်သွားခဲ့သည်။

“ဟေ့ကောင် … မင်းဘောလုံးကွင်းကလဲ မြက်ခင်းကွင်းလဲ မဟုတ်ပါလား။ ကွန်ကရစ် အပြည့်ခင်းထားတာကြီး လဲပြုကုန်ရင် ဘယ်လိုလုပ်မလဲ။ လိုင်းဆွဲထားတာလဲမတွေ့… ဂိုးတိုင်လဲ မတွေ့ပါလား။ ဟိုဘေးက ဧရာမနတ်ရုပ်ကြီး ၃ ရုပ်ကကော ဘာလုပ်တာလဲ”

“မင်းမေးခွန်းတွေကလဲ များလိုက်တာ။ မွတ္ထား … ဖြီဖြမ္ဖလားပြဲ ဆိုတာဒါဘဲ။ စကား များရင် ခွေးဆွဲသွားမယ်။ အေးအေးကြည့်။ ကျိုးပဲ့စေချင်လို့ ကွန်ကရစ်ကွင်းမှာ ကန်ခိုင်း တာပေါ့ဟ။ ဟိုဘေးကလဲ နတ်ရုပ်မဟုတ်ဘူး၊ ဘုတ်အုပ်ထဲက အနော်ရထာ ဘုရင့် နောင် အလောင်းဘုရားအရုပ်တွေ”
“အေးပါကွာ။ ဖိုင်နယ်ပွဲဆိုပြီး ကြည့်တဲ့လူလဲ မတွေ့ပါလား။ လုံခြုံရေးတွေဘဲတွေ့တယ်”
“အဲဒါ လုံခြုံရေးမဟုတ်ဘူးကွ။ ပွဲကြည့်ပရိသတ်တွေ”

“ဒါဆို စစ်တပ်ဖလားပွဲပေါ့”
“အဲသလိုလဲ အတိအကျပြောလို့မရဘူး။ ကန်တဲ့အခါ တွေ့လိမ့်မယ်ကွာ။ နိုင်ငံခြားကလာ တဲ့ လူကို ရှင်းပြရတာ အာပေါက်တယ်”

မကြာမီ ပြိုင်ပွဲဝင် ဘောလုံးအသင်း ၂ သင်း ကွန်ကရစ်ကွင်းကြီးထဲဝင်လာသည်။
“ဟ ဟ ဟေ့ကောင် … ဟို အစိမ်းတပိုင်း အဖြူတပိုင်းဝတ်ထားတဲ့အသင်းက အားလုံး နေကာမျက်မှန်တွေ တပ်ထားပါလား။ လမ်းလျှောက်လာတဲ့ပုံကလဲ စမ်းတဝါးဝါး ဟိုတိုက်ဒီတိုက်နဲ့”
“အဲဒါက မျက်မမြင်ဘောလုံးအသင်း၊ တယောက်မှ အကောင်းမပါဘူး”
“အော် … ဒါကြောင့် သူတို့ကို သနားပြီး ဟိုလုံခြုံရေးတွေ အဲ ဟုတ်ပေါင် ပရိသတ်တွေက တအား အားပေးကြတာကိုး”

“သနားလို့အားပေးတာ မဟုတ်ဘူးကွ။ သူတို့ညီအစ်ကိုတွေ ဆွေမျိုးအရင်းကြီးတွေမို့လို့ အားပေးတာ”
“ထားပါတော့ကွာ။ နောက်တသင်းက ပိုတောင်ဆိုးနေပါလား။ အသင်းအင်္ကျီကလဲ ရောင်စုံ နဲ့၊ အစုတ်အပြဲတွေရော၊ အင်္ကျီဗလာရော။ ကတဲ့လူက က၊ သီချင်းအော်ဆိုတဲ့ လူက အော်၊ နောက်ပြန်လျှောက်တဲ့လူက လျှောက်၊ ဂျွမ်းလှိမ့် ထိုးလာတဲ့ လူရော၊ အ မယ် ကင်းမြီးကောက်ထောင်လာတဲ့ကောင်လဲရှိသေး၊ ဖိနပ်ကို တဖက်ထဲစီးတဲ့လူလဲ မနဲ ပါလား။ အင်း … မျက်စိတော့ မြင်ပုံရတယ်”

“အဲဒါက အရူးအသင်းကွ။ အားလုံးစိတ်ရောဂါကုဆေးရုံက စပယ်ရှယ်ရွေးလာတာ”
“ဗုဒ္ဓော။ အရူးမ ၃ ယောက်လဲ ပါသေးတယ်နော်။ ခေါင်းမှာလဲ ပန်းတွေဝေလို့၊ သနပ်ခါး ဘဲကျားနဲ့၊ ဝတ်ထားတာလဲ ကို့ရိုးကားယား၊ ဟိုကပေါက် ဒီကပေါ်”

“ဟိုမှာကြည့်။ ဒိုင်လူကြီးတွေ လိုင်းစမင်းတွေ တွေ့လား”
“အင်း။ ဒိုင်လူကြီးတွေက ခါးမှာ ပစ္စတိုနဲ့ပါလား။ လက်ထဲမလဲ နံပတ်ဒုတ်နဲ့။ ဝတ်စုံက ဟိုလုံခြုံရေးတွေ ဝတ်ထားတဲ့ ဝတ်စုံအတိုင်းဘဲ။ ဒါမျိုးတခါမှ မတွေ့ဖူးပါဘူး”
“အော် … ဖွီဖွမ်ဖလားပါဆိုမှ၊ ငါ့ကောင်ကလဲ တယ်ဒုံးဝေးသကိုး။ ဒီမှာမှတ်ထား၊ နံပတ် ဒုတ်က အဝါကဒ်၊ ပစ္စတိုက အနီကဒ်”

“အေးကွာ … ပြောလဲခံရမှာဘဲ။ ငါတို့ စင်္ကာပူ မလေးရှားမှာ ဒီလိုမတွေ့ဖူးလို့”
မကြာမီ ဘောလုံးပွဲစတင်ရန် နှစ်ဖက်အသင်းများ နေရာယူကြသည်။
“ဟ ဟ ဟေ့ကောင် … ဟိုမှာ ဒိုင်လူကြီးက အရူးအသင်းကလူတွေကို နံပတ်ဒုတ်နဲ့ ရိုက် နေပြီ၊ ဘောလုံးတောင် စမကန်သေးဘူး”

“အေးလကွာ … အရူးအသင်းက စည်းကမ်းဖောက်တာကိုး၊ နေရာလဲ ကောင်းကောင်းမ ယူဘဲ ကွင်းထဲ အရူးထနေ တော့ တီးခံရတာပေါ့”
မှန်သည်။ အရူးများက ဖရိုဖရဲ တယောက်တပေါက် ပုံပျက်ပန်းပျက်ဖြစ်နေရုံမက အသင်း မန်နေဂျာ မစ္စတာအီးဂြက်နှင့် လက်ထောက်များဖြစ်သော မစ္စတာဟေး အင်းလေးကန် ဘေး၊ မစ္စတာဗာဟူး၊ မစ္စတာဆူးနမ်း၊ မစ္စတာညှော်ပြင်း တို့မှာလည်း ကွန်ကရစ်ကွင်းကြီး ကို ပတ်ပြေးနေကြပြီး “ငါတို့နော်နော်၊ ငါတို့နောင်နောင်၊ ငါတို့လောင်းလောင်း” ဟုအော် ၍ အရုပ်ကြီး ၃ ရုပ်ပေါ်ဖက်တက်သဖြင့် ဒိုင်လူကြီးနှင့် လိုင်းစမင်းများက နံပတ်ဒုတ်နှင့် လိုက်ရိုက်နေသည်ကို တွေ့ရသည်။

များမကြာမီ သေနတ်သံတချက်ကြားသဖြင့် “ပွဲတောင်မစသေးဘူး။ အနီကဒ်ပြပြီထင် တယ်” ဟုကျနော်က ပြောလိုက်ရာ သူငယ်ချင်းက “အဲဒါ ဘောလုံးစကန်ဖို့ အချက်ပေး တာကွ။ ဒီပွဲမှာ ခရာမသုံးဘူး” ဟု ပြန်ပြောသည်။

“သူငယ်ချင်း … ကွင်းဘေးက နိုင်ငံခြားသားပုံစံ အသားဖြူဖြူ နှာခေါင်းရှည်ရှည်နဲ့ ပုံမကျ ပန်းမကျလူတွေကဘာလဲ။ ဘာတွေလျှောက်အော်နေမှန်းလဲ မသိဘူး”
“အော် … အဲဒါ ဒီဘောလုံးပွဲကြီး သန့်သန့်ရှင်းရှင်း အားကစားစိတ်ဓာတ်နဲ့ ကစားဖို့ဆိုပြီး လာစောင့်ကြည့်တဲ့ နိုင်ငံခြား ကအရူးတွေလေ”

အရူးများကား ဘောလုံးကိုခြေဦးတည့်ရာ ကန်ချင်ရာကန်နေသလို ပြေးချင်သလိုပြေး ဆော့ချင်သလိုဆော့နေကြ သော်လည်း မျက်မမြင်များကား ကွင်းဘေးမှ အမိန့်ပေးနေ သည့် ဖားပြုပ်ပုံမန်နေဂျာ မစ္စတာကျောက်ဆည်နှင့် လက်ထောက် မစ္စစ်ဆင်နူမရှင် တို့ အသံကို အာရုံစိုက်လှုပ်ရှားနေကြသည်။ ဘောလုံးနှင့် ဂိုးတိုင် (တကယ်က ဂိုးတိုင်မရှိပါ၊ တဖက်စည်းကို ကျော်သွားလျှင် ဂိုးဟုသတ်မှတ်သည်) ကိုလည်းကောင်း၊ တဖက်အ သင်း လူများကိုလည်းကောင်း၊ မိမိအသင်းသားများကိုလည်းကောင်း မမြင်ကြသော် လည်း မန်နေဂျာဖားပြုပ်ကြီး ညွှန်ကြားသည့်အတိုင်း ပြေးလွှား ကန်ဆောင့် ထိုးကြိတ်နေ ကြသည်။

အရူးအသင်းသားများကတော့ တခါတရံ ကိုယ့်ကို ဆောင့်ကန်သည့် ခြေထောက်ကို ဖမ်း ကိုင်ပြီး နမ်းလိုနမ်း လျှာနှင့် ယက်လိုယက် လုပ်ကြတာလည်း ရှိသည်။ ကိုယ့်ဂိုး ကိုယ် ပြန်သွင်းတာကလည်း အလုံး ၅၀ မကတော့။ ကိုယ့်ဘက် သားအချင်းချင်းလဲ သဲကြီးမဲ ကြီးဘောလုံးလုကြသည်။ 

ကွင်းအပြင်ထွက်ပြီး ဘောလုံးပွဲစပွန်ဆာ ‘သေဗမာ’ ဦးအင်ငွေ ချထားပေးသည့် ပေါက်စီများ၊ မာမားခေါက်ဆွဲထုပ်များကို အငမ်းမရ လုယက်စား သောက်နေကြတာလည်း ရှိသည်။ ကွင်းထဲလှဲအိပ်နေသူများကလည်း တယောက်မ ဟုတ်တယောက် အချိန်မရွေးရှိနေသည်။ အရူးအသင်းသား အချင်းချင်း ထိုးကြိတ် ကုန်း ကိုက်နေတာလည်း တွေ့ရသည်။

ဒိုင်လူကြီးများကလည်း တာဝန်ကျေကြသည်။ အဝါကဒ်မိသောအရူးများ ခေါင်းကွဲ၍ ထွက်သည့်သွေး၊ မျက်မမြင် အသင်းက လူချ၍ အရူးများဒဏ်ရာရပြီးထွက်သည့်သွေး၊ နှစ်ဖက်စလုံးမှ ကွန်ကရစ်ကြမ်းပြင်ပေါ်လဲကျ ထိခိုက်မိ၍ ထွက်သည့်သွေးများက ကွင်း ပေါ်တွင် အိုင်ထွန်းနေသည်။ အနီကဒ်ထိပြီး ဒိုင်လူကြီးက သေနတ်နှင့်ပစ်၍ ကွင်းထဲမှာ လဲကျသေဆုံးနေသော အရူးအလောင်းများကလည်း တဖြည်းဖြည်းများလာသည်။ (မျက် မမြင်အသင်းမှာမူ အဝါကဒ် အနီကဒ် တခုမှမထိ) သို့ရာတွင် အရူးများကား ဘောလုံး ကွင်းကြီးထဲ၌ အကမပျက် အဆိုမပျက် ပျော်ရွှင်မြူးတူး ခုန်ပေါက်လျက်။

ချုပ်လိုက်လျှင် မျက်မမြင်အသင်းက အရူးအသင်းကို ၉၉ ဂိုး ၁ ဂိုးနှင့်နိုင်သွားပြီး ၂၀၁၀ ဖွီဖွမ်မြန်မာ့ဖလားကို ဆွတ်ခူး ရရှိသွားပါသည်။ ပွဲပြီးမှ ဗွီဒီယိုမှတ်တမ်းဖြင့် ဂိုးဝင်မှုများကို ပြန်စစ်ဆေးရာ အရူးအသင်းမှ တိုက်စစ်မှူးဆိုသူ ‘တို့စိတ်ညစ်’ သွင်းသည့် ဂိုးကိုပယ်ဖျက် လိုက်သဖြင့် မျက်မမြင်အသင်းက ၁၀၀ ဂိုး အရူးအသင်းက ၀ ဂိုးဖြစ်သွား ပါသည်။

ဘောလုံးပွဲလာစောင့်ကြည့်သည့် သိုဆောင်းလူမျိုးအရူးများကား ပါးစပ်မှ အမြုပ်တစီစီ ထွက်အောင် တွန့်လိမ်ကော့ပျံ ထွန့်ထွန့်လူးအော်ရင်း မျက်မမြင်အသင်းသားများနှင့် ဒိုင် လူကြီးတို့က ရွာသာကြီးဘတ်စ်ကားပေါ် ရိုက်နှက်ဆွဲခေါ် သွားသည့်နောက်ကို ရုန်းရင်း ကန်ရင်း တရွတ်တိုက်ပါသွားသည်ကို နောက်ဆုံးတွေ့လိုက်ရသည်။
သွတ် … သွတ် … သွတ်။
မောင်ဂျာမဏီ 

0 မှတ်ချက်များ for "ကြုံတောင့်ကြုံခဲ ဘောလုံးပွဲ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++