Pages

July 16, 2014

ဟားမတ်စ်အုပ်စုအပေါ် တိုက်ခိုက်မှု ပြန်စနေပြီလို့ အစ္စရေး ကြေညာ

ဂါဇာမှ အစ္စရေးသို့ ဟားမတ်စ် ဒုံးကျည်တွေ ပစ်ခတ်နေစဉ်
အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းနေချိန်မှာ အစ္စရေး ကို ဒုံးကျည်တွေနဲ့ ဆက်လက်ပစ်ခတ် တိုက် ခိုက်နေတဲ့ ဂါဇာအခြေစိုက် ဟားမတ်စ် အုပ်စု အပေါ် တိုက်ခိုက်မှုတွေ ပြန် စနေပြီလို့ အစ္စရေး က ပြောကြားလိုက်ပါတယ်။

အီဂျစ်ကြားဝင် ညှိနှိုင်းပေးတဲ့ အပစ်ရပ်စဲရေးကို လိုက်နာဖို့ မနေ့ညက အစ္စရေးဘက်က လက်ခံ သဘော တူခဲ့ပြီး တချိန်တည်းမှာ ဟားမတ်စ် အနေနဲ့ ဒုံးကျည်နဲ့ပစ်ခတ်မှုတွေ ဆက်လုပ်နေမယ်ဆိုရင် အင်အားသုံး တိုက်ခိုက်သွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုက သတိပေးထား ခဲ့ပါတယ်။

ဟားမတ်စ်ဘက်ကတော့ အပစ်အခတ်ရပ်ရေး အကြံပြုချက်လို ကိစ္စတွေကို မီဒီယာကနေတဆင့်မှ သိရတဲ့ အခါ ဟားမတ်စ်အနေနဲ့ မဆွေးနွေးနိုင်ဘူးလို့ ပြောရေးဆိုခွင့်ရသူ အိုစမာဟဲမ်ဒန်က ပြောပြီး  ဒုံးကျည်များ နဲ့ အစ္စရေးကို ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လုပ်နေပါတယ်။ 

အင်္ဂါနေ့မှာ ဟားမတ်စ်က အစ္စရေးကို ဒုံးကျည် အကြိမ် ၅၀ ကျော် ပစ်ခတ်ပြီး ပစ်ခတ်လာတဲ့ ဟားမတ်စ်ရဲ့ ဒုံးကျည်ကြောင့် အစ္စရေးဘက်က တစ်ဦး သေဆုံးသွားပါတယ်။ ဒါဟာ အစ္စရေးဘက်မှာ ပထမဆုံး သေဆုံး မှုဖြစ်ပါတယ်။

လက်ရှိ ဂါဇာအရေးကို သံတမန်နည်းနဲ့ ဖြေရှင်းဖို့ ဟားမတ်စ်အဖွဲ့က ငြင်းဆန်နေတဲ့အတွက် အစ္စရေး ဘက်ကလည်း စစ်ရေးအရ ဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်လာရတာဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နာတန်ယာဟုက ပြောပါတယ်။

အပစ်အခတ်ရပ်စဲနိုင်ရေး ကြားဝင်ညှိနှိုင်းဆောင်ရွက်မှု မအောင်မြင်တဲ့အတွက် ဟားမတ်စ်တွေကို ထိုးစစ် ဆင်တိုက်ခိုက်ဖို့ ဒေသခံပြည်သူတွေကို နေအိမ်တွေက စွန့်ခွာထွက်သွားကြဖို့ ထပ်မံသတိပေးလိုက် သလို လေကြောင်းရော မြေမြင်စစ်ဆင်ရေပါ အစ္စရေးက ပြန်လည် စတင်လိုက်ပါတယ်။ 

အစ္စရေးရဲ့ လေကြောင်း ပြန်လည်စတင်တိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာရှိတဲ့ ရေပေးဝေရေးစနစ်တစ်ခုလုံး ပျက်စီးသွားပြီး မကြာမီ ရေပြတ်လပ်မှု ပြဿနာကို ဆိုးဝါးစွာ ကြုံလာရတော့မယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေ က သတိပေးလိုက်ပါတယ်။

ဂါဇာမှာရှိတဲ့ ရေဆိုးစွန့်ပယ်တဲ့စနစ်လည်း လုံးဝပျက်စီးလု နီးပါး ဖြစ်နေပြီး လက်ရှိ ရနေသေးတဲ့
 သောက်ရေ ပမာဏာရဲ့ ၉၀ ရာခိုင်နှုန်းဟာလည်း လူတွေ သောက်သုံးဖို့ မသင့်တော်ဘူးလို့ ကုလသမဂ္ဂရဲ့ ကယ်ဆယ်ရေး အေဂျင်စီက ဆိုပါတယ်။

ဂါဇာမှာ ထောင်နဲ့ချီတဲ့ လူတွေဟာ ယာယီဖွင့်လစ်ပေးထားတဲ့စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။

No comments:

Post a Comment