Pages

July 16, 2014

စက်သေနတ်ပစ်နိုင်တဲ့ အမေရိကန် စက်ရုပ်

စက်သေနတ်အလိုအလျောက် ပစ်နိုင်တဲ့ စက်ရုပ်ကို အမေရိကန် စစ်တပ်တို့ ယခု ရက်ပိုင်းအတွင်း စမ်းသပ် ခဲ့ပါတယ်။ 

လက်ရှိအောင်မြင်မှုကတော့ Semi Auto ပါ။ Full Auto မဟုတ်သေးပါဘူး။ 

Operation အတွက် အဝေးကနေ လှမ်း control လုပ်ဖို့ လိုအပ်နေပါသေးတယ်။ 

သို့ပေမယ့် များမကြာမှီ နှစ်များအတွင်းမှာ အလိုအလျောက် ပစ်ခတ် နိုင်မယ့် စက်ရုပ်ဖြစ်လာအောင် ဖန်တီးနိုင်လာမှာ ဖြစ်ကြောင်း သိရပါတယ်။ 

လူတစ်ရပ်စာပဲ မြင့်တဲ့ စက်ရုပါ။ M-240 စေသေနတ်ကို တင့်ကားငယ်ပေါ်မှာတပ်ဆင်ထားပေးပြီး အမြင့်က လူတစ်ရပ်စာလောက်ပါပဲ။ ပစ်ခတ်နိုင်စွမ်းကတော့ ပေ ၅၀၀ အဝေးက ပစ်မှတ်ကို မလွဲအောင် ပစ်ခတ်နိုင်ခြင်း ဖြစ်ပါတယ်။ တစ်နာရီ ၅ မိုင်နှုန်းသွားနိုင်မယ့် တင့်ကား သံချိန်းလည်း ဘီးမှာ တပ်ဆင် ထားပါတယ်။

အမေရိကန်ဟာ ၎င်းတို့ရဲ့  စစ်တပ်မှာ Robot အသုံးပြုမှု ပိုမိုလို့ တိုးမြင့်လာ ပါတယ်။ လူထိန်းချုပ်စရာမလိုပဲ အလိုအလျောက် တိုက်ပွဲ ဝင်နိုင်မယ့် စက်ရုပ်တွေကြောင့် လူသားထိခိုက် နစ်နာမှု လျော့ကျမယ်လို့ ယုံကြည် ထားကြ ပါတယ်။ 

Iron Man လို စက်ရုပ်ကိုလည်း အမေရိကန်စစ်ပြန် အရာရှိတစ်ဦးမှ တီထွင်တာ အောင်မြင်လု နီးပါး ရှိပါပြီ။ အနာဂတ်မှာ စက်ရုပ်ဖြင့် အားဖြည့်တဲ့ အမေရိကန် စစ်တပ်ကို မြင်တွေ့ရဖွယ် ရှိတယ်လို့ ခန့်မှန်းထားကြောင်း သိရ ပါတယ်။
.
Ref: mashable
Aung Kham (TSJ Team)

No comments:

Post a Comment