Pages

July 16, 2014

အဂတိလိုက်စားတဲ့ တရုတ် ထိပ်တန်းတာဝန်ရှိသူတွေကို ရုံးတင်စစ်ဆေး

တရုတ်သမ္မတ ရှီဂျင်ပင်းခေတ်မှာ အဂတိလိုက်စား မှုတွေကို အစွမ်းကုန် တိုက်ဖျက်မယ်လို့ကြွးကြော် ထားတဲ့အတိုင်း လုံခြုံရေးအကြီးအကဲ ထိပ်တန်း အရာရှိနဲ့ နီးစပ်တဲ့ တာဝန်ရှိသူ ၃ ဦးတို့ကို  စစ်ဆေးမှုတွေ လုပ်နေပါတယ်။

တရုတ်အစိုးရထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ လီဒုံရှန်း၊ ဂျန်ဂျီမင်းနဲ့ ဝမ်ယုံချွန်းတို့ သုံးဦးတို့ကို လာဘ်ယူမှုနဲ့ စွဲချက်တင်ထားပြီး ထိပ်တန်း အစိုးရ ရှေ့နေက စစ်ဆေးတယ်လို့ ဆိုထားပါတယ်။

လုံခြုံရေး ဒုဝန်ကြီးဖြစ်ခဲ့တဲ့ မစ္စတာလီကို စည်းကမ်းချိုးဖောက်မှုနဲ့ ဖေဖော်ဝါရီလတွင် ရာထူးကနေ ဖယ်ရှား ခံခဲ့ရပါတယ်။ မစ္စတာဂျန်ဟာ တရုတ်ရေနံကုမ္ပဏီ ဖြစ်တဲ့ CNPC ကို ကြီးကြပ်ရတဲ့ ကော်မရှင်ဥက္ကဌ ဖြစ် ပါတယ်။ မစ္စတာ ဝမ်ကတော့ CNCP ရဲ့ ထိပ်တန်းအရာရှိတဦး ဖြစ်ပါတယ်။

မစ္စတာလီနဲ့ မစ္စတာဂျန်တို့ နှစ်ဦးဟာ တချိန်က တရုတ်ပြည်တွင်း အရှိန်အ၀ါ ကြီးမားခဲ့သူ လုံခြုံရေး အကြီးအကဲ ဂျိုယုံခမ်းနဲ့ အနီးကပ် မိတ်ဆွေဖြစ်ခဲ့ပါတယ်။ 

မစ္စတာ ဂျိုဟာ အများပြည်သူရှေ့မှာ မတွေ့ရတာ လနဲ့ချီ ကြာနေပြီ ဖြစ်တဲ့အတွက် အဂတိလိုက်စားမှုနဲ့ စုံစမ်းစစ်ဆေးဖို့ နေအိမ်အကျယ်ချုပ်တောင် ချခံနေရပြီဆိုတဲ့ သတင်းတွေကလည်း ထွက်ပေါ်နေသလို သမ္မတရဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အစီအစဉ်ထဲ စွဲချက်တင်ခဲ့ရတဲ့ အထဲမှာ မစ္စတာ ဂျိုဟာ အဆင့်မြင့်ဆုံး အရာရှိ ဖြစ်မယ်လို့လည်း ထင်ကြေးပေး ပြောဆိုမှုတွေ ထွက်ပေါ်နေတာကြောင့် တရုတ် ထိပ်တန်း အာဏာရ ပုဂ္ဂိုလ်ကြား တုန်လှုပ်မှုတွေ ဖြစ်နေပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ ဆက်လက် ရှင်သန်ရပ်တည်နိုင်ရေး ခြိမ်းခြောက်နေတဲ့ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ရမယ်လို့သမ္မတ ရှီဂျင်ပင်းက ကတိပေးထားပါတယ်။

No comments:

Post a Comment