Pages

July 17, 2014

မိုးကြိုးအပစ်ခံရသော်လည်း အသက်ရှင်နေသော အမေရိကန် သားအမိ

ပုံမှာ မြင်တွေ့နေရတဲ့ ကလေးက သူ့အလို အလျောက် ဆံပင် ထောင်နေခြင်း ဖြစ်ပါတယ်။ 

ယမန်နှစ် ဇူလိုင်လက မိခင် ဖြစ်သူဟာ သမီးငယ်ကို ကိုယ်ဝန်လွယ်ထားစဉ် အမေရိကန် ပြည်ထောင်စု၊ နယူး မက္ကဆီမြို့မှာ မိုးကြိုးအပစ်ခံရပါတယ်။

 နေ့ခင်း မိုးကြီးမုန်တိုင်း တိုက်နေချိန်အပြင်မှာ ရှိနေတဲ့ ကိုယ်ဝန်သည်ကို မိုးကြိုးပစ်ခဲ့ပါတယ်။ ကံကောင်းထောက်မစွာပဲ သူမဟာ အသက်ရှင်ခဲ့ပါတယ်။

နောက်ထပ် ကြီးမားတဲ့ ကံကတော့ သူမလွယ်ထားတဲ့ ကိုယ်ဝန်ထဲက ကလေးငယ်ဟာလည်း အသက်ရှင် ခဲ့ပါတယ်။

မွေးဖွား ပြီးတော့ ယနေ့အချိန်အထိ ထူးခြားတာကတော့ ပုံမှာ မြင်တွေ့ရသလိုပဲ ဆံပင်ထောင်နေခြင်း ဖြစ် ပါတယ်။

တဖြည်းဖြည်းနဲ့တော့ ယင်း ထောင်နေတဲ့ ဆံပင်ဟာ ပြန်ကျ လာပြီ ဖြစ်ကြောင်း ဆိုပါတယ်။

ကမ္ဘာမှာ ၁၁ ဦးတည်းသော ကိုယ်ဝန်သည်များဟာ မိုးကြိုးအပစ်ခံရ သေးပြီး အသက်ရှင်သူ နည်းပါတယ်။ ယင်း ၁၁ ဦးထဲမှာ ၅ ဦးကသာ ကလေးကို အသက်မသေပဲ မွေးဖွား ပေးနိုင်ခဲ့တာမို့ ကမ္ဘာ့ရှားပါး ဖြစ်စဉ် တစ်ခုအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ ___Ref: Metro

No comments:

Post a Comment