အိန်္ဒိယနိုင်ငံ အက်ဆန်ကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ ပွဲတော်တစ်ခုက ထူးခြား နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပွဲတော်မှာ ဖားနှစ်ကောင်ကို မင်္ဂလာဆောင်ပေးခဲ့ခြင်း ကြောင့်ဖြစ်ပါတယ်။
အိန်္ဒိယနိုင်ငံမှာ ပူပြင်းလှတဲ့ ရာသီဥတုကို ကြုံတွေ့
နေရတာမို့ လယ်သမားတွေဟာ လယ်ယာလုပ်ငန်း ကိုဝင်နိုင်ဖို့ အခက်တွေ့နေပါတယ်။
နေရတာမို့ လယ်သမားတွေဟာ လယ်ယာလုပ်ငန်း ကိုဝင်နိုင်ဖို့ အခက်တွေ့နေပါတယ်။
ဒါကြောင့်မို့ ရာသီဥတု သာယာစေဖို့ ရည်ရွယ်ချက် နဲ့ ရှေးရိုး အစဉ် အလာအတိုင်း ဖားနှစ်ကောင်ကို လက်ထပ်ပေးခဲ့ ခြင်း ဖြစ်ပါတယ်။
ဒီပွဲတော်ကို အမျိုး သမီးတွေက ဦးစီးကျင်းပ ခဲ့ခြင်းဖြစ် ပြီး တက် ရောက်လာတဲ့ ပရိသတ်က ရာနဲ့ချီ ရှိတယ်လို့ သိရပါတယ်။
အမျိုးသမီး တွေဟာ ဖားနှစ်ကောင် ကို ဟိန္ဒူရိုးရာအစဉ်အလာအတိုင်း လက်ထပ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ဖားတွေကို တန်ဖိုးကြီး အ၀တ်အထည်တွေနဲ့ ထုပ်ပိုးပြီး ခေါင်းပေါ်မှာ အနီစက်ကလေးတွေကို တို့ပေး ခဲ့ပါတယ်။
ဒီနောက် ဖောင်ပုံစံပြုလုပ်ပြီး မြစ်ချောင်းထဲ မျှောပေးလိုက်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ ရာသီဥတုသာယာပြီး မိုးရွာစေမယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့် ဖြစ်ပါတယ်။
ဒီနောက် ဖောင်ပုံစံပြုလုပ်ပြီး မြစ်ချောင်းထဲ မျှောပေးလိုက်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ ရာသီဥတုသာယာပြီး မိုးရွာစေမယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့် ဖြစ်ပါတယ်။

No comments:
Post a Comment