Pages

April 29, 2014

ငြိမ်းချမ်းရေးအတွက် အစိုးရအပေါ် တိုင်းရင်းသားတို့ ယုံကြည်မှု စတင်ပျက်ပြားလာ

ကချင်၊ တအန်း(ပလောင်)နှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)တို့ကို မြန်မာစစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ဆက်လက်ဆွေးနွေးဖို့  တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များ ကိုယ်စားပြုတဲ့ NCCT တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့က အချိန် အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေနှင့်  မြန်မာအစိုးရက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲကို လာမယ့်ဇူလိုင်နဲ့ သြဂုတ်လောက်မှာ ဆက်ဆွေးနွေးမယ်လို့ ကနဦးသဘောတူ ထားကြပေမယ့် မြန်မာအစိုးရတပ်ဖွဲ့က ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်မှာ ရှိတဲ့ ကချင်၊ ပလောင်၊ ရှမ်းတပ်ဖွဲ့တွေကို ထိုးစစ်တိုက်ခိုက်နေတာကြောင့် မြန်မာအစိုးရနဲ့ ဆက်လက်ညှိနှိုင်းဖို့ ကိုသုံးသပ်တဲ့ဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဖယ်ဒရယ်ပြည်ထောင်စုနဲ့ ဖယ်ဒရယ်တပ်မတော်ဆိုတဲ့ အသုံးအနှုံးကို မြန်မာစစ်တပ်ဘက်က မလိုက်လျောနိုင်သလို ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်းတွေကို  ဧပြီလမှစပြီး ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် လာနေတာကြောင့် ယုံကြည်မှုတွေ စတင်ပျက်ပြားလာနေပါတယ်။

No comments:

Post a Comment