Pages

April 22, 2014

ဆုရ ဓာတ်ပုံများ ရိုက်ကူးခဲ့ပေမယ့် သေကြောင်းကြံခဲ့သူ

ယခု မြင်တွေ့ နေရတဲ့ ဓာတ်ပုံ ကတော့ အာဖရိက တိုက် ဆူဒန် နိုင်ငံက ကပ်ဘေးကြားမှ ကလေးငယ် တစ်ဦး ဖြစ်ပါတယ်။ အစာငတ်ပြီး မိဘ မရှိ၊ လမ်းဘေး   တစ်နေရာမှာ သေဆုံးခါနီး ဖြစ်နေ တာကြောင့် လင်းတက စားသုံးရန် စောင့်ကြည့်
နေခြင်း ဖြစ်ပါတယ်။

ယင်း ဓာတ်ပုံကို ရိုက်ကူးခဲ့သူ ကတော့ Kevin Carter လို့ အမည်ရ တဲ့ တောင်အာဖရိက မှ ဓာတ်ပုံ ဆရာ တစ်ဦး ဖြစ်ပြီး ၁၉၉၃ ခုနှစ်က ရိုက်ခဲ့တဲ့ ယင်းဓာတ်ပုံ ကြောင့်မို့ ကမ္ဘာကျော် ဓာတ်ပုံဆု Pulitzer Prize ကို ရရှိခဲ့ ပါတယ်။ သို့ပေမယ့် ဓာတ်ပုံ ရိုက်ပြီး တစ်နှစ် အကြာ မှာတော့ မိမိကိုယ်ကို သေကြောင်းကြံစည်
သေဆုံးခဲ့ ပါတယ်။ ဆူဒန် အပြင် အခြားသော အငတ်ဘေးရောက် အာဖရိက နိုင်ငံများက မြင်ကွင်း များကို နေ့ရော ညပါ စွဲလမ်းမှုကြောင့် အမြဲ ကြောက်လန့်တဲံ စိတ်သောက ဝင်ခဲ့ခြင်း ဖြစ်ပါတယ်။

ကလေးငယ်ကို ဓာတ်ပုံ ရိုက်ပြီး ဆေးရုံ မပို့ပေးခဲ့မှုကိုလည်း အချို့က ဝိုင်းဝန်း အပြစ်တင်ကြ ပါသေးတယ်။ သို့ပေမယ့် ယင်း ဒေသမှာ ရောဂါ များစွာ ရှိနေတဲ့ ကလေးနဲ့ လူကြီး များကို သာမန်လူတို့ ထိတွေ့ ကယ်ဆယ် ကူညီခွင့်ကို ပေးမထား ပါဘူး။ အကြောင်း ကတော့ ကူးဆက်သွား မှာ ကြောင့် ဖြစ်ပါတယ်။ ဓာတ်ပုံ ရိုက်ကူးမှုကလည်း ကမ္ဘာ တစ်ဝန်းလုံးက သိရှိမြင်သာ စေရန် ဖြစ်ပါတယ်။

ဓာတ်ပုံ ဆရာ ဖြစ်တဲ့ Carter အကြောင်းကို http://en.wikipedia.org/wiki/Kevin_Carter ထဲမှာ ဝင်ရောက် ဖတ်ရှု နိုင်ပါတယ်။

International news for Myanmar

No comments:

Post a Comment