Pages

April 22, 2014

အနစ်နာခံပြီး သားကို အသက်ပေးကယ်ခဲ့တဲ့ ဖခင်

ကိုယ့်ကိုကိုယ် စွန့်လွှတ် အနစ်နာခံပြီး သားကို အသက်ပေး ကယ်တင်ခဲ့တဲ့ သူရဲကောင်း ဖခင် တစ်ဦးကို တရုပ်ပြည်မှာ တွေ့ ရှိခဲ့ပါတယ်။ သူဟာ ကုန်တင်ကား အကျိတ်ခံရတော့မယ့် သားကို
ဘေးတစ်စုံတစ်ရာ မဖြစ်စေဘဲ အန္တရာယ် ကင်းစေဖို့ ကယ်ဆယ်လိုက်နိုင်ပါတယ်။

တရုပ်ပြည်တောင်ပိုင်း ကွမ်ကျိုးမှာတော့ ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့မှာ ကုန်တင်ကားဘီးကျိတ်ခံရတော့မယ် သားဖြစ်သူ Yong ကို လျှပ်တပြက်အတွင်းမှာ လှိမ့်ထုတ်ပြီးကယ်တင်နိုင်ခဲ့ပေမယ့် သူ့ကိုတော့ အဆိုပါ ကားကပဲ ကျိတ်သွားခဲ့တဲ့ ဖခင်ဖြစ်သူ အသက် ၇၁နှစ်အရွယ် Hsiung Kuo သေဆုံးသွားခဲ့ပါတယ်။
 

ဖြစ်စဉ်ကတော့ ဖခင်ဖြစ်သူနဲ့ သားဖြစ်သူ အသက် ၄၇ တို့နှစ်ဦးဟာ လျှပ်စစ် Scooter တစ်စီးနဲ့ မြို့ထဲမှာ စီးနေခဲ့ကြပါတယ်။ လုံခြုံရေး ကင်မရာမှာတော့ ကုန်တင်ကား ဖြတ်မောင်းလာတဲ့အတွက် သူတို့စီး နင်းလာတဲ့ scooter ကို ရုတ်တရက် အရှိန်သတ် ရပ်တန့်ပါတယ်။ ဒါပေမယ့် ကုန်တင်ကားကတော့ Scooter ကို ဖြတ်တိုက်သွားပြီး သားအဖနှစ်ယောက် ကားအနားမှာ လွင့်စဉ်ခဲ့ကြပါတယ်။ ဖခင်က သားကို ကားဘီး အကျိတ် မခံရစေဖို့ အောင်မြင်စွာ ဆွဲထုတ် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ကားဘီးက သူ့ရဲ့ခြေထောက်ပေါ် ပိနေစဉ်မှာတောင် သူဟာ သားကို စိတ်မပျက် အားမလျော့ဘဲ အန္တရာယ် ကနေ ကြိုးစားပြီး ကယ်တင်ခဲ့ပါတယ်။ စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာတော့ သူ့ရင်ဘက်ကိုပါ ကားအကျိတ်ခံ လိုက်ရပါတော့တယ်။


ဒီကြောက်စရာ အဖြစ်အပျက်ဟာ စက္ကန့်ပိုင်းအတွင်း ဖြစ်ပွားခဲ့ပြီး ဖခင်ကတော့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံး ခဲ့ပါတယ်။ သားကိုတော့ သတိမေ့သွားတဲ့အတွက် အရေးပေါ်ကယ်တင်ခဲ့ရပါတယ်။

ကုန်တင်ကားမောင်းသူကတော့ အဖြစ်အပျက် အတွင်းမှာ ပျောက်ကွယ် သွားခဲ့ပေမယ့် ရဲများက ဖမ်းဆီးနိုင်ခဲ့ တယ်လို့ သိရပါတယ်။

world-myanmar.com

No comments:

Post a Comment