လာမည့်ဇူလိုင်လမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ထိုင်းအစိုးရ စီစဉ်

ထိုင်းနိုင်ငံမှာ ကာလတာရှည် ဖြစ်ပွားနေတဲ့ နိုင်ငံရေး ပဋိပက္ခတွေကို ဖြေရှင်းဖို့ ကြိုးစားတဲ့ အနေနဲ့ လာမယ့် ဇူလိုင်လ ၂၀ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေပါတယ်။

အဲဒီနေ့မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ်နဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့ သဘောတူခဲ့ကြတာပါ။

ရွေးကောက်ပွဲမှာ အဓိက အတိုက်အခံ ဒီမိုကရက် ပါတီ ဝင်ရောက် အရွေးခံမလား ဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။

ဖေဖော်ဝါရီ လတုန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကိုတော့ ဒီမိုကရက်ပါတီ ဝင်မပြိုင်ဘဲ သပိတ်မှောက်ခဲ့ပြီး ဆန္ဒပြမှုတွေကြောင့် အခြေခံဥပဒေ တရားရုံးက အဲဒီ ရွေးကောက်ပွဲကို နောက်ပိုင်းမှာ ဖျက်သိမ်းလိုက် ပါတယ်။

ကြေးရတတ် နိုင်ငံရေး ပုဂ္ဂိုလ်တွေနဲ့ ဘန်ကောက်မြို့က လူလတ်တန်းစားတွေ ထောက်ခံတဲ့ ဆန္ဒပြမှုတွေ ဖြစ် ခဲ့တဲ့ နိုဝင်ဘာလက စလို့ ထိုင်းအစိုးရအနေနဲ့ အာဏာ လက်ဝယ် ဆုပ်ကိုင်ထားဖို့ မနည်း ကြိုးစားနေ ရပါတယ်။

0 မှတ်ချက်များ for "လာမည့်ဇူလိုင်လမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ထိုင်းအစိုးရ စီစဉ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++