ယူကရိန်းအစိုးရ အဆောက်အဦးတွေကို ရုရှားလိုလားသူ ထပ်မံသိမ်းပိုက်

ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေက ရုရှားနိုင်ငံ နယ်စပ်မှာရှိတဲ့ ယူကရိန်းအစိုးရ အဆောက်အဦးတွေကို အင်္ဂါနေ့မှာ ထပ်မံ သိမ်းပိုက်လိုက်ကြပါတယ်။ 

LUHANSK မြို့မှာရှိတဲ့အစိုးရ အကျိုးဆောင် ရှေ့နေ ရုံးကို သိမ်းပိုက်ခဲ့ကြသလို ရဲစခန်းတခုကိုလည်း တုတ်တွေ၊ အော်တိုသေနတ်တွေနဲ့ တိုက်ခိုက် ခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့က ပြန်လည်မခုခံခဲ့ဘူးလို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။ လူပေါင်း လေးသိန်းခွဲ နေထိုင်တဲ့ အဲဒီမြို့က အစိုးရဌာနချုပ်ရုံး အဆောက်အဦးကို သိမ်းပိုက်ပြီး ခွဲထွက်ရေးသမားတွေရဲ့ အလံတွေ လွှင့်ထူခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ရုရှားလိုလားသူ ခွဲထွက်ရေးသမားတွေက Donetsk မြို့ကို တနင်္လာနေ့မှာ သိမ်းပိုက် ထိန်းချုပ်ခဲ့ပြီး လူထုဆန္ဒခံယူပွဲ မေလ ၁၁ ရက်နေ့မှာ ပြုလုပ်မယ်လို့ ကြေညာပြီးတဲ့နောက် နိုင်ငံရဲ့အရှေ့ပိုင်းမှာရှိတဲ့ ဒုတိယပြည်နယ် တခုရဲ့ မြို့တော်ကို အခုလို သိမ်းပိုက်လိုက်တာလည်း ဖြစ် ပါတယ်။

ပြီးခဲ့တဲ့လအတွင်း ယူကရိန်းအရှေ့ပိုင်း ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားက ကျူးကျော်ဝင်ရောက်ခဲ့ပြီး တဲ့နောက် အလားတူ ဆန္ဒခံယူပွဲ ကျင်းပခဲ့ပါတယ်။
 
အခုနောက်ဆုံး အစိုးရရုံးတွေ သိမ်းပိုက်မှုဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Slovyansk မြို့အနီးမှာ ဓားစာခံအဖြစ် ဖမ်းဆီးသွားတဲ့ ဥရောပ လေ့လာစောင့်ကြည့်သူတွေကို ပြန်လွှတ်ပေးဖို့အတွက် ညှိနှိုင်းမှုတွေ ပြန်စတင်နေချိန်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။___ဗွီအိုအေ

0 မှတ်ချက်များ for "ယူကရိန်းအစိုးရ အဆောက်အဦးတွေကို ရုရှားလိုလားသူ ထပ်မံသိမ်းပိုက်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++