အသေခံဗုံးခွဲတိုက်ခိုက်၍ အာဖဂန်နစ္စတန် သမ္မတရွေးကောက်ပွဲ ခြုံရေး တပ်ဖွဲ့ဝင် ၆ ဦးသေဆုံး

မကြာခင် ကျင်းပမယ့် အာဖဂန်သမ္မတ ရွေးကောက် ပွဲဟာ အာဖဂန်နစ္စတန်သမိုင်းမှာ ပထမဆုံး ဒီမို ကရေစီ နည်းကျ နိုင်ငံ့အာဏာကို လွှဲပြောင်း ရယူ မယ့်ရွေးကောက်ပွဲဖြစ်ပြီး မဲဆွယ်ပွဲ နောက်ဆုံးနေ့ ဧပြီ ၂ ရက်နေ့မှာ ဗုံးခွဲ တိုက်ခိုက်ခံရပြီး လုံခြုံရေး တပ်ဖွဲ့ဝင် အနည်းဆုံး ၆ ဦး သေဆုံးခဲ့ပါတယ်။ 

အာဖဂန်နစ္စတန် သမ္မတ ရွေးကောက်ပွဲကို ဧပြီ ၅ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး အာဖဂန် ပြည်ထဲရေး ၀န်ကြီးဌာန လုံခြုံရေးအဆင့်ဆင့် ချထားပါတယ်။  

အခုလို ဖောက်ခွဲတိုက်ခိုက်မှုက  သူတို့ လုပ်ခဲ့တာလို့ တာလီဘန်တွေက ပြောကြားပါတယ်။

ကဘူလ်းမြို့ခံတဦးက အခုလို တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေမယ်ရင် ရွေးကောက်ပွဲကို ထိခိုက်မှာ စိုးရိမ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

တာလီဘန်တွေဟာ ရွေးကောက်ပွဲ ကျင်းပခါနီးမှာ တိုက်ခိုက်မှုတွေ တိုးမြှင့် လုပ်ဆောင်နေကြပေ မယ့်
ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို အကြီးအကျယ် ထိခိုက်တာမရှိဘူးလို့ ဆိုပါတယ်။

0 မှတ်ချက်များ for "အသေခံဗုံးခွဲတိုက်ခိုက်၍ အာဖဂန်နစ္စတန် သမ္မတရွေးကောက်ပွဲ ခြုံရေး တပ်ဖွဲ့ဝင် ၆ ဦးသေဆုံး"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++