Pages

March 17, 2014

မဟာမိတ်သင်္ဘောတွေနဲ့အတူ အမေရိကန် စစ်ရေးလေ့ကျင့်မှု လုပ်မည်

အမေရိကန် ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော ယူအဲ့စ်အဲ့စ် ထရက်စ်တန်ဟာ ပင်လယ်နက်ထဲက မဟာမိတ်သင်္ဘောတွေနဲ့အတူ စစ်ရေးလေ့ကျင့်မှုတွေ လုပ်မယ်လို့ တပ်မှူး အင်ဒရူးဘင်းက မတ်လ ၁၅ ရက်က ပြောပါတယ်။

ဘူလ်ဂေးရီးယား ဆိပ်ကမ်းမှာ ကျောက်ချထားတဲ့ ရေ တပ်သား ၃၀၀ ပါဝင်တဲ့ ဖျက်သင်္ဘော ပေါ်မှာ သတင်း
ထောက်တွေကို ပြောတာပါ။

ရေကြောင်းစစ်ရေးလေ့ကျင့်မှုဟာ ခရိုင်းမီးယားဒေသတွင်း လတ်တလောအကြပ်အတည်းတွေ မဖြစ်ခင် အစောကြီးတည်းက စီမံထားခဲ့တာလို့လည်း သူက ထောက်ပြ ပြောဆိုပါတယ်။ 

ဒီလို ခရီးစဉ်တွေကို လပေါင်းအတော်များများ ကြိုတင် စီစဉ်ရတာလို့လည်း ပြောပါတယ်။

ရိုမေးနီးယားနိုင်ငံကို လည်ပတ်ရင်း ဘူလ်ဂေးရီးယားနဲ့ ရိုမေးနီးယား ရေတပ်တွေနဲ့ အပြန်အလှန် ရေတပ် စစ်ရေးလေ့ကျင့်မှုတွေမှာ ပါဝင်ဖို့စီစဉ်ထားတာလို့လည်း ပြောပါတယ်။ ယူအဲ့စ်အဲ့စ် ထရက်စ်တန်ဟာ အရင်အပတ်က ရိုမေးနီးယားနဲ့ ဘူလ်ဂေးရီးယား သင်္ဘောတွေနဲ့အတူ ရုရှတပ်တွေနဲ့ မိုင် ရာနဲ့ချီ ဝေးတဲ့ နေ ရာမှာ လေ့ကျင့်ခန်းလုပ်ခဲ့တာပါ။

No comments:

Post a Comment