Pages

March 17, 2014

တပ်သိမ်းမြေများ အခမ်းအနားဖြင့် ပိုင်ရှင်တွေထံ - ပြန်လည်အပ်နှံ

အစိုးရစစ်တပ် သိမ်းယူခဲ့သော ထန်းတပင်မြို့နယ်၊ ခြံကြီးနှင့် သင်္ကန်းကျေးရွာများတို့ရဲ့ မြေယာတွေကို ပိုင်ရှင်ထံ အခမ်းအနားဖြင့် ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

တပ်ရင်း ၄ ရင်းမှ သိမ်းယူထားသည့် မြေယာဧက ၆၀၀ ကျော်ကို တပ်များကိုယ်စား ခမရ ၃၉ တပ်မှ တာဝန်ယူပြီး မြို့နယ် မြေယာ စီမံခန့် ခွဲမှုကော်မတီသို့ မတ် ၁၄ ရက်နေ့တွင် မြို့နယ်ခမ်းမ၌ အခမ်းအနားဖြင့် လွှဲပေးခဲ့ဟု ထန်းတပင်မြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် လည်းဖြစ်၊ သိမ်းဆည်း ခံမြေများ လေ့လာစုံစမ်းဖော်ထုတ်ရေးကော် မရှင်အဖွဲ့ဝင်လည်ဖြစ်တဲ့ ဦးစိန်ထွန်းက ပြောသည်။

ပထမအကြိမ် ပြန်အပ်တာပါ။ ပြန်အပ်တဲ့နေရာမှာ ပြန်ခွဲရဦးမှာပါ၊ တချို့က စားကျက်မြေ၊ တချို့က မြေ လွတ်မြေရိုင်းတွေနဲ့ တချို့က တောင်သူတွေရဲ့ ဦးပိုင်းပေါက်ပြီးတော့ လုပ်ကိုင်တဲ့ မြေတွေ ဖြစ်ပါတယ်။ ကွင်းအလိုက် စွန့်လွှတ်တာဆိုတော့ အခုတကြိမ်မှာ ပါတဲ့သူတွေရမယ်။ ဒီလိုပဲ နောက် တစ်ကြိမ်တွေမှာလဲ ပါတဲ့သူတွေကို ပိုင်ရှင်အမှန် ဖြစ်ရဲ့လားဆိုတာ စိစစ်ဦးမှာပါ ဟု ဆို သည်။

လယ်ယာမြေသိမ်းခံရသူ ၄၀ ဦးရှိသည့် အနက် ၁၀ ဦးကိုသာ သိမ်းဆည်းခံမြေများ ပြန်လွဲအပ်ပေးရန် အခမ်းအနားသို့ တက်ရောက်ဖို့ ဖိတ်ကြားခံရသည့်အတွက် ကျန်မြေသိမ်းခံရသူများက ၎င်းတို့ မြေများ
ပြန်မရမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်တပ်ကနေ သိမ်းဆည်းမြေအမြောက်အများရှိသည့်အနက် ၅၄၂၅၅.၀၀၃ ဧကကို ပြန်လည်ပေးအပ်ခဲ့ပြီး ၁၅၄၈၉၂.၁၀၂ ဧကကို ထပ်မံလွှဲအပ်ပေးဖို့ ရှိကြောင်း အစိုးရပိုင် မြန်မာ့အလင်း သတင်းစာ တွင် ဖော်ပြထားသည်။

No comments:

Post a Comment