ဖေဖော်ဝါရီလ ရွေးကောက်ပွဲ ရလဒ်သည် တရား မ၀င်ကြောင်း ထိုင်းနိုင်ငံအခြေခံဥပဒေခုံရုံးက မတ်လ၂၁ ရက် ဒီနေ့ မှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
ဖေဖော်ဝါရီလ ရွေးကောက်ပွဲတွေဟာ တတိုင်းပြည် လုံးတချိန်ထဲမှာ ကျင်းပနိုင်ခဲ့တာမဟုတ်ဘူးလို့ မှတ်ယူတဲ့အတွက် ထိုင်းအခြေခံဥပဒေနဲ့ မကိုက်ညီ ဘူးလို့
ထိုင်းအခြေခံ ဥပဒေခုံရုံးပြောခွင့်ရ ပီမွန်တမ်ပီတကပေါင် က ပြောပါတယ်။
ရွေးကောက်ပွဲကျင်းပပေးရုံနဲ့ ဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံရေးပြဿနာကို ဖြေရှင်းပေးနိုင်မည် မဟုတ်ကြောင်း ဆိုပြီး ဒေသအတော်များများက မဲရုံးတွေကို အစိုးရဆန့်ကျင်သူတွေက နှောင့်ယှက်ပေးမှုရှိသလို မဲပေးခွင့် ရှိတဲ့ ဦးရေ ၁၂ သန်းက မဲမပေးခဲ့လို့ လည်း ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ယင်းလပ်ကို ထိုင်းဆန်ဝယ်ယူရေး အစီအစဉ်တွေမှာ အဂတိလိုက်စားမှု စွဲချက်တွေနဲ့ တရား ရင်ဆိုင်နေရပါတယ်။

No comments:
Post a Comment