လူမျိုးတုံးစေနိုင်တဲ့ မူးယစ်ဆေးဝါး အန္တရာယ် ပူးပေါင်းတိုက်ဖျက် မည်# TSYO

ပလောင် (တအာင်း) လူငယ်တွေအကြား မူးယစ်
ဆေးဝါးသုံးစွဲမှုကြောင့် နောက်လာမယ့် ၁၅ နှစ်
လောက်အတွင်း မျိုးတုံးသွားနိုင်တဲ့အခြေအနေနဲ့ ကြုံနေရတဲ့အတွက် ဒေသတွင်းမှာ မူးယစ်ဆေးဝါး ကို ပူးပေါင်းတိုက်ဖျက်သွားမယ်လို့ ပလောင်လူ ငယ်တွေက ပြောကြားလိုက်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့ အောင်မင်္ဂလာ ဓမ္မာရုံမှာ မတ် ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ပြု လုပ်တဲ့ ပထမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ ပလောင် (တအာင်း) လူငယ်မောင်မယ်များ နှီးနှောဖလှယ်ပွဲမှာ ပြောကြားလိုက်တာပါ။

ပွဲကျင်းပရတဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး နှီးနှောဖလှယ်ပွဲကို ဦးဆောင်သူတဦးက “ကျနော်တို့ ပလောင် လူငယ်တွေ ဘယ်အဆင့်ထိ ဖြစ်နေပြီလဲ။ ပလောင်ဟာ လူမျိုးစုအသေးလေးဖြစ်တဲ့အတွက် ပလောင်လူ မျိုးတွေ ဘယ်အဆင့်ထိ ရောက်နေလဲဆိုတာ လူငယ်တွေကို သိစေချင်တယ်။ သိပြီးမှ ရှေ့ဆက်လုပ်ရမယ့် ဟာတွေ သူတို့ မြင်လာမယ်။ နောက် ၁၅ နှစ်လောက်ဆိုရင် ကျနော်တို့ ပလောင်တွေ မျိုးတုံးသွားနိုင်တဲ့ အခြေအနေမျိုး၊ ဒါတွေကို လူငယ်တွေ သိသွားအောင် အခုလိုလုပ်ရတာဖြစ်တယ်။”

ဒီပွဲကိုလုပ်ခြင်းအားဖြင့် ပလောင်လူငယ်တွေအချင်းချင်း ရင်းနှီးမှု တိုးတက်လာပြီး နောက်ပိုင်း ဒေသဖွံ့ဖြို
ရေး ပိုမိုလုပ်ဆောင်နိုင်တော့မယ်လို့ အခမ်းအနားတက်ရောက်တဲ့ လူငယ်တဦးက ပြောပါတယ်။

“လူငယ်တွေ တွေ့ဆုံနိုင်ဖို့ဆိုတာ အတော်ခဲယဉ်းတယ်။ တောင်ပိုင်း၊ မြောက်ပိုင်း တနေရာစီ နေကြတယ်။ မူဆယ်၊ နမ့်ခမ်း၊ လားရှိုးဘက်မှာ နေတဲ့သူတွေလည်းရှိတယ်။ သူတို့တွေအချင်းချင်းသိကြမယ်၊ ချစ်ခင် ကြမယ်။ နောက်ပိုင်း ဒေသဖွံ့ဖြိုးရေးတွေ၊ လူမှုဖွံ့ဖြိုးရေး၊ နိုင်ငံဖွံ့ဖြိုးရေးကိစ္စတွေ လုပ်လာတဲ့အခါမှာ ဒီလူ ငယ်တွေက အချင်းချင်းပူးပေါင်းလက်တွဲပြီး လုပ်ဆောင်လာနိုင်မယ်။”

ဒါ့အပြင် မြန်မာပြည်အနှံ့ ရောက်ရှိနေတဲ့ တအာင်းလူငယ်မောင်မယ်တွေအနေနဲ့ ဘာသာစကား မပျောက် ကွယ်ဖို့နဲ့ ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စတွေကိုလည်း ညှိနှိုင်း ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲကို ကလော၊ တောင်ကြီး၊ နမ့်ဆမ်၊ နမ့်ခမ်း၊ လားရှိုး၊ လွိုင်လင်၊ မန်တုံ၊ ကွတ်ခိုင်၊ သီပေါ၊ ပြင်ဦး လွင်၊ မန္တလေးနဲ့ရန်ကုန်ဒေသတို့က တအာင်း(ပလောင်) လူငယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ လာမယ့်နှစ်တွေမှာလည်း တအာင်း (ပလောင်) လူငယ်နှီးနှောဖလှယ်ပွဲတွေကို ပြုလုပ်သွားမယ်လို့ ပြောပါတယ်။__ဒီဗွီဘီ

0 မှတ်ချက်များ for "လူမျိုးတုံးစေနိုင်တဲ့ မူးယစ်ဆေးဝါး အန္တရာယ် ပူးပေါင်းတိုက်ဖျက် မည်# TSYO"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++