ကယန်း နိုင်ငံရေး အကျဉ်းသား ခွန်းကော်ရိယို အကျဉ်းထောင်မှ လွတ်မြောက်ပြီ

မြင်းခြံထောင်မှ ခွန်းကော်ယို ပြန်လည် လွတ်မြောက်လာပြီး ဖြစ် ကြောင်း ကယန်းမျိုးဆက်သစ်ငယ်အဖွဲ့က အတည် ပြုပြောပါသည်။


လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် အင်းစိန်အကျဉ်းထောင်မှ ၉ ဦး လွတ် မြောက် လာပြီး အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၃ဦး ဖြစ်ကြောင်း သိရ ပါသည်။ အဆို ပါ ၉ ဦးတွင် ၆ ဦးမှာ နိုင်ငံရေးပုဒ်မများဖြင့် အကျဉ်းကျ ခံနေရ သူများ ဖြစ် ကြောင်းသိရသည်။

ထို့အပြင်
မြင်းခြံ အကျဉ်းထောင် ၌ ပင် အကျဉ်းကျခံနေရသော ဒေါက် တာကျော်ကျော်လည်း လွတ်မြောက်လာသည်။
 

နိုင်ငံတော်မှ နိုင်ငံသား အကျဉ်းသား (၄၆)ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား(၃၄)ဦးအား ဇူလိုင်လ (၃)ရက်နေ့ မှစ၍ လွတ်ငြိမ်း ချမ်းသာခွင့်နှင့် ပြည်နှင်ဒဏ်ခွင့်ပြုပေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေ ညာချက်များ အရ သိရှိရသည်။ 
  
နိုင်ငံတော် တည်ငြိမ်ရေးနှင့်ထာဝရငြိမ်းချမ်းမှုဖော်ဆောင်ရေးအတွက် အမျိုးသားပြန်လည်စည်းလုံး ညီညွှတ် ရေးနှင့် နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံးပါဝင်ခွင့်ရရှိနိုင်ရေး၊ လူသားချင်းစာ နာထောက် ထားမှုနှင့် နိုင်ငံ၏ စေတနာကို နားလည်၍ နိုင်ငံပြုပြင်ပြောင်းလဲရေးတွင် ပါဝင်စေရန် အကျဉ်းထောင်အသီးသီးမှ နိုင်ငံ သား အကျဉ်း သား(၃၇)ဦး၊ နိုင်ငံသား အကျဉ်းသူ (၉)ဦးစုစုပေါင်း(၄၆)ဦးအား ဇူလိုင်လ(၃)ရက်နေ့မှစ၍ ပြစ် ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြု ခဲ့ခြင်းဖြစ်သည်။
   
’နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ပါလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ ဘယ်လောက်လွတ်လဲ၊ဘယ်ကနေ လွတ် လဲဆို တာ အရေအတွက် အတိ အကျမသိရသေးဘူး”ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ပြန်ကြား ရေးတာဝန်ခံ ကိုထွန်းကြည်ကဆိုသည်။ လွှတ်မြောက်ရန်ပါဝင်သူများတွင် ပြည်ထောင်မှ ၁၇/(၁) ပုဒ်မအမှု ဖြင့် ကျခံနေရသော ကိုပြည့်ဖြိုးအောင်၊မြင်းခြံထောင်မှ ဒေါက်တာကျော်ကျော်၊ သရက်မှ ကိုသန့်ဇော် တို့ လွတ်မြောက် ရာတွင် ပါဝင်ကြောင်းကိုလည်း သိရသည်။ အဆိုပါလွတ်မြောက်မှုတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ မိတ်မပျက်ဆက်ဆံနိုင်ရေး လူမှုရေးအရ ငဲ့ညှာသောအားဖြင့် နိုင်ငံခြားသား အကျဉ်းသား(၃၄)ဦးတို့ကိုလည်း ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရှိရသည်။ 


လွတ်ငြိမ်းချမ်းသာခွင့်နှင့်ြ ပည်နှင်ဒဏ်ပေးမှုများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၀၄/က နှင့်အညီ ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(က)အရ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

1 မှတ်ချက်များ for "ကယန်း နိုင်ငံရေး အကျဉ်းသား ခွန်းကော်ရိယို အကျဉ်းထောင်မှ လွတ်မြောက်ပြီ"

  1. ၀မ်းသာပါသည်။ လှိုက်လှဲစွာ ကြိုဆိုပါ၏။ ခွန်းကော်ရိယို့ နေကောင်းကျန်းမာပါစေ။

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++