အိန္ဒိယ အရှေ့ မြောက် ပိုင်းတွင် ရေကြီး မှုကြောင့် လူ(၇၉)ဦး သေဆုံး
အိန္ဒိယနိုင်ငံ၏ အရှေ့မြောက် ပိုင်းဒေသတွင် ဆိုးရွားစွာ ရေကြီးမှုကြောင့်
လူ(၇၉)ဦးသေဆုံးခဲ့ကာ လူ ၂၂ သန်း ဟာ ဘေးလွတ်ရာသို့ အိုးပစ်အိမ်ပစ်
စွန့်ခွာသွားရကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပိုင်းရှိ Bhutan နှင့် Bangla desh တို့၏
နယ်စပ်လည်းဖြစ်သော Assam ပြည် နယ် တွင် ရေကြီးမှုမှာ အဆိုးရွားဆုံးဖြစ်ပြီး Brahmaputra
မြစ်ရံတံတိုင်း ကျိုးပေါက်သည်အထိ ဖြစ်ကာ Arunachal Pradesh နှင့် Manipur ပြည်နယ်များတွင်လည်း ဆိုးဆိုး ရွားရွား ရေကြီးမှုတွေ ဖြစ်ပေါ်နေကြောင်း သိရသည်။
မြစ်ရံတံတိုင်း ကျိုးပေါက်သည်အထိ ဖြစ်ကာ Arunachal Pradesh နှင့် Manipur ပြည်နယ်များတွင်လည်း ဆိုးဆိုး ရွားရွား ရေကြီးမှုတွေ ဖြစ်ပေါ်နေကြောင်း သိရသည်။
Assam ပြည်နယ်အစိုးရ၏ အဆိုအရ ခရိုင် ၂၇ခုရှိသည့်အနက်
ခရိုင်၂၆ခုတွင် ရေကြီးမှုများ ကြုံတွေ့နေရကြောင်း သိ ရပြီး
များစွာသောလူနေများဟာလည်း ရေကြီးမှုဒဏ်ခဲ့ကြောင်းနှင့်
သည်းထန်သောမိုးကြောင့် စိုက်ခင်းများဟာ လည်း ရေဖုံးလွှမ်းခဲ့ပြီး
လမ်းများလည်း ပိတ်ဆို့ခဲ့ကြောင်း သိရသည်။
Source : Stratistimes

0 မှတ်ချက်များ for "အိန္ဒိယ အရှေ့ မြောက် ပိုင်းတွင် ရေကြီး မှုကြောင့် လူ(၇၉)ဦး သေဆုံး"