ဟံသာဝတီ ေ လဆိပ် ပြန်စမယ် ဆိုလို့ ပဲခူး ကမြေတွေ ဈေး အဆမတန်တက်
ဟံသာဝတီ လေဆိပ်ပြန်လည်စတင်မည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက်ပိုင်းတွင်
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မြို့သစ်ရှိ မြေကွက်များမှာ
(၂)နှစ်တာကာလ အတွင်း ဈေး အဆမတန်ဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ရှိမည့် ဥဿမြို့သစ်ရပ်ကွက်အနီး
မြေကွက်များမှာ ယခင် ကျပ် (၁၀) သိန်းတန် ပေ၄၀xပေ၆၀ မြေကွက်သည် ယခု ကျပ်
သိန်း (၁၈၀) မှ သိန်း (၂၀၀) ခန့်အထိနှင့် နေရာကောင်းသည့် အကွက်များတွင်
သိန်း(၂၅၀)အထိ အဆမ တန် ဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။
နှစ်ကွက်တွဲ မြေကွက်များမှာမူ သိန်း(၅၀၀)ဝန်းကျင်ခန့် အများဆုံး ရောင်းဝယ်ကြကြောင်း သိရသည်။
မြေကွက်များဈေးနှုန်းမြင့်တက်လာမှုကြောင့် ငွေကြေးတက်နိုင်သူများက အရောင်းအဝယ်လုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ကြပြီး အမှန်တကယ်နေထိုင်မည့်သူများမှ ဝယ်ယူမှုမရှိသလောက် နည်းပါးနေကြောင်းလည်း သိရသည်။

0 မှတ်ချက်များ for "ဟံသာဝတီေ လဆိပ် ပြန်စမယ် ဆိုလို့ ပဲခူး ကမြေတွေ ဈေး အဆမတန်တက်"