ယူအေအီး အပန်းဖြေ ကစားကွင်းများ အတွက် မြန်မာ့ လုပ်သား ၁၃၀ ခေါ်ယူ

ယူအေအီး နိုင်ငံရှိ အပန်းဖြေ ကစားကွင်းတွင် လုပ် ကိုင်ရန် ဝန်ထမ်း ၁၃၀ ခေါ်ယူမည်ဖြစ်ကြောင်း အာဘာဖီး ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီ ထံမှ သိရသည်။ Customer Service Representative (CSR) အတွက် ခေါ် ယူခြင်းဖြစ်ပြီး လုပ်ကိုင်လိုသူများအနေဖြင့် Customer Service ၊ Retail Sales ၊ Markerting အတွေ့အကြုံရှိရ မည်ဖြစ်ကြောင်း၊ အသက် ၂၁ နှစ်မှ ၃၀ အတွင်း လာရောက် လျှောက်ထားနိုင်ပြီး စာချုပ် ၂ နှစ်ချုပ်၍ လုပ်ကိုင်ရ မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရှိရသည်။
တစ်လလျှင် လစာအားဖြင့် ယူအေအီး ဒီအာဟမ် ၁၅၀ဝ (မြန်မာကျပ်ငွေ လေးသိန်းနီးပါး) ရရှိ မည်ဖြစ်ပြီး တစ်လလျှင်အပိုကြေး ယူအေအီးဒီအာဟမ် ၃၀ဝ (မြန်မာ ကျပ်ငွေသုံးသောင်းနီးပါး) ထပ်မံ ရရှိ မည်ဖြစ်ကြောင်း၊ အလုပ်ချိန် တစ်ပတ်လျှင် ခြောက်ရက်ဆင်းရ ပြီး တစ်နေ့ အလုပ်ချိန် ကိုး နာရီ သတ်မှတ် ထားကာ နေ့လယ်စာ စားချိန်တစ်နာရီ နားချိန်ရမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီတာဝန်ရှိသူများထံမှ သိရှိရသည်။
အကျိုးဆောင်ခအနေဖြင့် အမေရိကန်ဒေါ်လာတစ်ထောင်နှင့် ညီသည့် မြန်မာငွေယူမည်ဖြစ် ပြီး ယင်း အကျိုးဆောင် ခတွင် လေ ယာဉ်လက်မှတ်ဖိုး အပါအဝင်ဖြစ် ကြောင်း ယင်းကုမ္ပဏီထံ ဆက် သွယ် မေးမြန်းချက်အရ သိရှိရ သည်။
source - Yoyarlaw

0 မှတ်ချက်များ for "ယူအေအီး အပန်းဖြေ ကစားကွင်းများ အတွက် မြန်မာ့ လုပ်သား ၁၃၀ ခေါ်ယူ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++