ပုဂ္ဂလိက အခြေခံ ပညာကျောင်း ၂၁ ကျောင်း ဖွင့်ခွင့်ပြု
နှစ်ပေါင်း များစွာ ထိန်းချုပ် ကန့်သတ် ထားသော
မြန်မာနိုင်ငံ၏ ပညာရေး စနစ်တွင် ယခု အခါ ပုဂ္ဂလိ က အခြေခံပညာကျောင်း များလည်း တရားဝင် ခွင့်ပြုလိုက်ပြီး လတ်တလော ရန်ကုန်၊ မန္တလေး၊
နေပြည်တော်၊ ပြင်ဦးလွင် အပါ အဝင်မြန်မာနိုင်ငံ၌ ပုဂ္ဂလိက အခြေ ခံပညာကျောင်းနှစ်ကျောင်း ရှိနေပြီ ဖြစ်ကြောင်း ပုဂ္ဂလိက အခြေခံပညာ ကျောင်း များ ဖွင့်လှစ်ထားကြသူ များထံမှ သိရသည်။
မြန်မာနိုင်ငံ၏ ပညာရေး စနစ်တွင် ယခု အခါ ပုဂ္ဂလိ က အခြေခံပညာကျောင်း များလည်း တရားဝင် ခွင့်ပြုလိုက်ပြီး လတ်တလော ရန်ကုန်၊ မန္တလေး၊
နေပြည်တော်၊ ပြင်ဦးလွင် အပါ အဝင်မြန်မာနိုင်ငံ၌ ပုဂ္ဂလိက အခြေ ခံပညာကျောင်းနှစ်ကျောင်း ရှိနေပြီ ဖြစ်ကြောင်း ပုဂ္ဂလိက အခြေခံပညာ ကျောင်း များ ဖွင့်လှစ်ထားကြသူ များထံမှ သိရသည်။
“ပုဂ္ဂလိက အခြေခံပညာ ကျောင်းတွေက သိပ် အများကြီး မရှိပါဘူး။ ရန်ကုန်မှာ ၁၀
ကျောင်း၊
နေပြည်ေ တာ်၊ မန္တလေး၊ ပြင်ဦးလွင် စတဲ့ အထက်မြန် မာပြည်မှာ ၁၁ ကျောင်း အားလုံးပေါင်း ၂၁ ကျောင်းပဲ ရှိပါသေးတယ်”ဟုပုဂ္ဂလိ က အခြေခံပညာရေးကျောင်းဖွင့် ထားသူတစ်ဦးဖြစ်သည့် မြန်မာ စာသင်ကြားပေး သည့် ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်က ပြောသည်။
နေပြည်ေ တာ်၊ မန္တလေး၊ ပြင်ဦးလွင် စတဲ့ အထက်မြန် မာပြည်မှာ ၁၁ ကျောင်း အားလုံးပေါင်း ၂၁ ကျောင်းပဲ ရှိပါသေးတယ်”ဟုပုဂ္ဂလိ က အခြေခံပညာရေးကျောင်းဖွင့် ထားသူတစ်ဦးဖြစ်သည့် မြန်မာ စာသင်ကြားပေး သည့် ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်က ပြောသည်။
ပုဂ္ဂလိက အခြေခံကျောင်းများ ၌ တက်ရောက်ကြသော ကျောင်း သားကျောင်းသူဦးရေမှာ
အစိုးရ ကျောင်း ကဲ့သို့ မများသော်လည်း အထိုက်အလျောက် လာရောက်
တက်ကြသူများရှိကြောင်းပုဂ္ဂလိက အခြေခံ ပညာရေးကျောင်းများမှ
တာဝန်ရှိသူများကပြောသည်။ ပုဂ္ဂလိက
အခြေခံပညာကျောင်တွေက အစိုးရကျောင်းတွေလိုတခမ်း တနားကြီးမရှိဘဲသာမန်အဆောက်
အအုံလောက်မှာပဲ သင်ရတော့ အစိုးရကျောင်းတွေမှာလိုတော့ လူမများဘူး။
ဒါပေမယ့်လာတတ် တဲ့ ကျောင်းသားကျောင်းသူ ဦးရေ ကတော့ကျောင်းအပြည့်ရှိတယ်” ဟု
သုဝဏ္ဏမြို့နယ်အခြေစိုက်ပုဂ္ဂလိ က အခြေခံပညာကျောင်းမှတာဝန်
ရှိသူတစ်ဦးကပြောသည်။
ယခင်က ပုဂ္ဂလိက ကျောင်း များစတင်ဖွင့်လှစ်သော ကာလ တွင်
လူအများစုမှာပုဂ္ဂလိက ကျောင်း သည် မည်သူမည်ဝါ သေချာမသိ
ကြသောကြောင့်ယုံကြည်မှုနည်းပါး ကြသော်လည်းယခုအချိန်၌ ထိုသို့ မဟုတ်ကြောင်း
ဂုဏ်ထူးဦးသိန်း နိုင်ကဆိုသည်။ “စစဖွင့်တုန်းကဆို ဘယ်သူမှ
သိပ်မယုံကြည်ကြဘူး။ အချိန်တွေ တစ်နှစ်ထက် တစ်နှစ်ကြာလာမှ
လူတွေပိုပြီးယုံကြည်လာကြတယ်။ လာတက်တဲ့ ဦးရေများလာတယ်။ နောင်တစ်ချိန်မှာ
အစိုးရ ကျောင်း တွေကိုလည်း မီလာနိုင်တယ်”ဟု ၄င်းက ဆက်လက်ပြောသည်။
ပုဂ္ဂလိက အခြေခံပညာရေး ကျောင်းတက်မည်ဆိုပါက ကုန်ကျ စရိတ်မှာ
အစိုးရပညာရေးကျောင်း ကဲ့သို့သာ ကုန်ကျနိုင်ကြောင်း ထို့
ပြင်ပုဂ္ဂလိကအခြေခံပညာကျောင်း တက်ပါက ကျူရှင်တက်စရာမလို ကြောင်းကို လည်း
ပုဂ္ဂလိကအခြေခံ ပညာ ကျောင်းများမှ တာဝန်ရှိသူများက ပြောသည်။
“ကုန်ကျစရိတ်ကတော့ တစ် ကျောင်းနဲ့တစ်ကျောင်း မတူဘူး။ ဒါပေမယ့်
အစိုးရကျောင်း တက်သ လောက် ပါပဲ။ အချို့ကျောင်းတွေ က တစ်လကို သုံးသောင်း၊ လေး
သောင်း၊ ငါးသောင်း ဆိုပြီး အတန်းအလိုက် ခွဲထားတယ်။ ဒါပေမယ့်
ဒီကျောင်းလာတက်ရင် ကျူရှင်တို့Guide တို့ လုံးဝမလို
တော့ဘူး။ ကျူရှင်တွေ Guide တွေ တက်ရမယ်ဆိုရင်လည်း ဘယ်သူ မှ
ပုဂ္ဂလိကကျောင်းတက်တော့မှာ မဟုတ်ဘူး”ဟု တာမွေမြို့ နယ် အခြေစိုက်
ပုဂ္ဂလိကအခြေခံပညာ ကျောင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ပုဂ္ဂလိက အခြေခံပညာ ကျောင်းများ၌ အများစုတက်ကြ သောအတန်းမှာ အထက်တန်း
ဖြစ်၍ အလယ်တန်း မှာအနည်း အကျဉ်းသာတက်ကြသော်လည်း မူလတန်းကိုမူ မည်သည့်ကျောင်း
မှ မဖွင့်ကြောင်းသိရသည်။ “ပုဂ္ဂလိက အခြေခံ ပညာ ကျောင်းကတော့ ဖွင့်မယ်ဆို မူလ
တန်းကနေ အထက်တန်းအထိ ဖွင့်ခွင့်ရှိတယ်။
ဒါပေမယ့်မူလတန်း
ကိုတော့မဖွင့်ကြဘူး။ အလယ်တန်း နဲ့အထက်တန်းပဲဖွင့်တာများတယ်” ဟု
တာမွေမြို့ နယ် ပုဂ္ဂလိကအခြေခံ ပညာကျောင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ပုဂ္ဂလိကအခြေခံပညာကျောင်းများ၌သင်ကြားပေးသည့် သင်ရိုး များမှာ
ပညာရေးဝန်ကြီးဌာနမှ ချထားပေး သည့် အစိုးရကျောင်း များရှိ
သင်ရိုးများကဲ့သို့သာ ဖြစ် သော်လည်း ထပ်ဆောင်းဘာသာ ရပ်များ အဖြစ်
ပြည်သူ့နီတိနှင့် အင်္ဂလိပ်စကားပြော အခြေခံများ အပြင်အခြားသော ဘာသာရပ်
များကိုလည်း သင်ပေးကြကြောင်း သိရသည်။ ထို့ပြင် ပုဂ္ဂလိကအခြေခံပညာ
ကျောင်းများ၏ ကျောင်း ချိန်များ၊ ကျောင်း ပိတ်ရက်များမှာ အစိုးရ
ကျောင်းများကဲ့သို့သာဖြစ်ပြီးကျောင်း ဝတ်စုံများမှာလည်း အများအား
ဖြင့် အဖြူနှင့်အစိမ်းသာ သတ်မှတ် ကြကြောင်းသိရသည်။ “ကျောင်း ဝတ်စုံကိုတော့
ပညာရေးဝန်ကြီး ဌာနက မသတ်မှတ် ထားဘူး။ ဒါပေမယ့် ပုဂ္ဂလိကအခြေခံပညာ ကျောင်း
တော်တော်များများ က တော့ကျောင်း ဝတ်စုံကိုအဖြူအစိမ်း ပဲ သတ်မှတ်ကြတယ်”ဟု
သုဝဏ္ဏ မြို့နယ်ရှိ ပုဂ္ဂလိကအခြေခံပညာ ကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပုဂ္ဂလိက အခြေခံပညာကျောင်း များ၌ သင်ကြားပေးသည့် ဆရာ ဆရာမများမှာ
ပုဂ္ဂလိကအခြေခံ ပညာကျောင်းများ၌ သင်ကြားခွင့်ုံ တင်မရှိပါက သင်ကြားခွင့်
လျှောက် ထားခွင့်မရနိုင်ကြောင်းသိရှိရသည်။

0 မှတ်ချက်များ for "ပုဂ္ဂလိက အခြေခံ ပညာကျောင်း ၂၁ ကျောင်း ဖွင့်ခွင့်ပြု"