ကိုယ့်အဖေ ပုံကိုတောင် ကိုယ့်အိမ်ထဲ ချိတ်ဆွဲခွင့်မရတဲ့ ဒို့ ကရင်လူမျိုးတွေရဲ့ ဘဝ

ကရင်လက်နက်ကိုင်များ အားလုံး မျက်လုံး ဖွင့်ဖို့ အချိန်တန်ပြီ။ 

ကရင်အမျိုးသား ခေါင်းဆောင် ငြိမ်းချမ်းရေးသမားကြီး အာဇာနီသူရဲကောင်း စောဘဦးကြီး ရဲ့ ရုပ်တု ကို ကရင်ပြည်နယ်ထဲမှာ စိုက်ထုဖို့ ဗမာ စစ်တပ်က ငြင်းဆို တားမြစ် ပိတ်ပင် လိုက်တာဟါ ကရင်တစ်မျိုးသားလုံးကို စိန်ခေါ် လိုက်ချင်းသာဖြစ်သည်။

ကရင်တစ်မျိုး လုံးဆိုရာဝယ် ကရင်ပြည်သူသာမက ဘဲ ကရင့် လက်နက်ကိုင်များ ဖြစ်တဲ့ KNU / KNLA , DKBA / BGF နှင့် KNU/KNLA PC အားလုံး အပေါ်ကိုသက်ရောက်ပါတယ်။

အရင် ၂၀၁၇ က ဗမာတို့ ရဲ့ ခေါင်းဆောင် ဗိုလ် အောင်ဆန်းကို ကရင်ပြည်နယ် မြဝတီမြို့ မှာ စိုက်ထူဖို့ ကြိုးစားခဲ့ရာမှာ ကရင်လူထုက လက်ခံခဲ့ယုံတင်မက သဘောထားကြီးစွာဖြင့် အိုးစည် ဗုံ ဗောင်းတီးက သိုက်သိုက် ဝန်းဝန်းကြိုဆို လိုက်ပို့ခဲ့တယ်။

ဒါပေမည့် ယခု ကရင်ြ့ည်နယ်ထဲမှာ ကရင်တို့ရဲ့ခေါင်းဆောင် ရုပ်တုကို စိုက်ထူဖို့  လုပ်တာကို ဗမာစစ်တပ်က တားမြစ်တာဟါ အင်မတ် အရုပ်ဆိုး အကျဉ်းတန်သလို သဘောထား လုံးဝလုံးဝ သေးသိမ်ရာရောက်ပါတယ်။

တည်ဆဲဥပဒေအရ လို့ အကြောင်းပြရအောင်ကလဲ NCA လက်မှတ် ထိုးပြီးလို့  KNU ဟါ မတရားအသင်း မှ ထုတ်ပယ်ချင်း ခံခဲ့ရပြီလို့  ဗမာစစ်တပ်ခေါင်းဆောင် တွေက တရားဝင်ပြောခဲ့ပီးပါပြီ။

ဒီတော့ NCA လက်မှတ် ထိုးပြီးခဲ့ လို့  မတရားအသင်းက ထုတ်ပယ်ခြင်း ခံခဲ့ ရပြီဖြစ်တဲ့ KNU ရဲ့ ကျဆုံးခဲ့ပြီးဖြစ်သော ဥက္ကဌ ကရင်အမျိုးသားတို့ရဲ့ ချစ်လှ စွာသော ရိုသေခဲ့ရသည့် ခေါင်းဆောင်ေ စာဘဦးကြီးရဲ့ ရုပ်တု ကရင်ပြည် နယ် ထဲမှာ( ကိုယ့်ခေါင်းဆောင် ကို ကိုယ့်ပြည်နယ်မှာ၊ ကိုယ့်အဖေ ပုံ ကို ကိုယ့်အိမ်ထဲမှာ) ဆောက် လုပ်ခွင့်၊ ချိတ်ဆွဲခွင့် မပေးတာ တားမြစ် ခဲ့ခြင်းဟါ ဖက်ဆစ် ဗမာစစ်တပ်၊ နယ်ချဲ့ ကိုလိုနီ နာဇီ ဗမာစစ်တပ်တို့ ရဲ့ ရုတ်ညံ့ ကောက်ကျစ် အောက်တန်းကျတဲ့ သရုပ်ကို သူတို့ ကိုယ်တိုင် ဖော်ပြခဲ့ခြင်းဖြစ်သလို ကရင် အမျိုးသားထုကြီးအပေါ် သူတို့ ရဲ့ ကောက်ကျစ် ရုတ်မာ အောက်တန်းကျသော သဘောထားကို မီးမောင်းထိုးပြလိုက်ချင်းဖြစ်ပါတယ်။

ကရင်လက်နက်ကိုင်များ အားလုံးနှင့် ကရင်ပြည်သူများ မျက်လုံးဖွင့်ကာ အိမ်ငိုက်နေရာမှ နိုးထကြပါတော့လို့ နိုးဆော်လိုက်ပါတယ်။

0 မှတ်ချက်များ for "ကိုယ့်အဖေ ပုံကိုတောင် ကိုယ့်အိမ်ထဲ ချိတ်ဆွဲခွင့်မရတဲ့ ဒို့ ကရင်လူမျိုးတွေရဲ့ ဘဝ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++