ဘောင်းဘီအိတ်ထဲမှာ ရုတ်တရက် ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ Xiaomi ရဲ့ RedMi Note 4
ကမ္ဘာကို ရုတ်တရက် ထိုးဖောက်ဝင်ရောက်လာတဲ့ ကြီးမားတဲ့ဖုန်း ကုမ္ပဏီကြီး ဖြစ်တဲ့ Xiaomi ဟာ အခုတလောမှာတော့ ကံနတ်သမီး က မျက်နှာသာပေးခြင်း မခံခဲ့ရဘူး လို့ ထွက်လာခဲ့တဲ့ သတင်းတွေက ဖော်ပြနေပါတယ်။ဈေးကွက်အတွင်း မှာ အခုလို ခဏတာအတွင်း အခြေချနိုင်ဖို့ဆိုတာ company အသစ်တွေအနေနဲ့ သိတ်မဖြစ်နိုင်ဘူး လို့ ဆိုကြပေမယ့် အံ့သြစရာကောင်းလောက်အောင် ကို ရှောင်မီ ဟာ ထူးခြားစွာ လူကြိုက်များခဲ့ပါတယ်။ အဓိက အချက်ကတော့ ပေးရတဲ့ ဈေးနှုန်း နဲ့ ပြန်ရရှိတဲ့ Specs တွေဟာ မျှတနေတဲ့အပြင် တခါတလေမှာ တချို့ လုပ်ဆောင်ချက်တွေ က တန်းမြင့်ဖုန်းကုမ္ပဏီတွေတောင် မပေးနိုင်တဲ့ Features တွေ ဖြစ်နေခဲ့ပြီး ရှောင်မီ ကို ဂုဏ်သိက္ခာမြင့်မားလာစေခဲ့ပါတယ်။
ဘလော့ဂါတွေ ရဲ့ စကားအရ ဆိုရင် Xiaomi ဟာ Single Move တွေ အကုန်လုံးကို Apple က ကူးယူ ထားတာ ဖြစ်ပါတယ်။ ဈေးကွက်အရ Apple လောက် မမြင့်မားပေမယ့် သူ့ရဲ့ ပထမဆုံး ဖုန်းအသစ်ဟာ ထင်မှတ်မထားတာထက် ရောင်းအားကောင်းတဲ့ အဆင့်ကို ရောက်သွားခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ Samsung ရဲ့ လုပ်ဆောင်မှုကိုပါ ထပ်တူကူးချမှုမျိုး လုပ်လာပါတယ် လို့ ဆိုပါတယ်။ Xiaomi Note ဟာ Samsung ရဲ့ နာမည်ကြီးတဲ့ Galaxy Note ဆီက ပုံစံတူကူးချမှုတွေလုပ်ခဲ့တယ် လို့ စွပ်စွဲမှုတွေ ရှိခဲ့ပြီး RedMi Note ဟာလည်း Apple, Samsung, HTC တို့ကနေ element တွေ ကူးချခဲ့တယ် လို့ ဆိုခဲ့ပါတယ်။
အခု ဖြစ်ပွားခဲ့တဲ့ ဖုန်းကတော့ Galaxy Note 7 ရဲ့ ဒီဇီုင်းနဲ့ တထေရာတည်း ထပ်တူညီလှတဲ့ RedMi Note 4 ပဲ ဖြစ်ပါတယ်။ Samsung Note 7 ဟာ လွန်ခဲ့တဲ့ကာလက ဂျစ်ကားထဲမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီလိုပဲ အမျိုးသားတစ်ဦးရဲ့ အိမ်မှာလဲ ဖြစ်ခဲ့ပါတယ်။ Galaxy Note 7 ရဲ့ Feature ကို ပုံးစံတူ ကူးချထားတဲ့ RedMi Note 4 ကတော့ အခု အချိန်မှာ ဘောင်းဘီအိတ်ထဲမှာ ပေါက်ကွဲခဲ့ပါတယ်။
Bhavana Suryakiran ဆိုတဲ့ လူဟာ RedMi Note 4 ရဲ့ ပိုင်ရှင်တစ်ဦးဖြစ်ပြီး သူဟာ ဖုန်းကို ဘောင်းဘီ အိတ်ထဲထည့်ပြီး စက်ဘီးနင်းနေစဉ် ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပါတယ်။ သူဟာ ဖြစ်ဖြစ်ချင်း ဘောင်းဘီ အိတ်ကပ်ထဲက ထုတ်ဖို့ကြိုးစားခဲ့ပေမယ့် လောင်ကျွမ်းမှုကြောင့် ကာဗာတွေ အရည်ပျော်ပြီး ပူလောင်နေ တာမို့ ရေလောင်းခဲ့ရတယ်လို့ ပြောပါတယ်။ ဖုန်းက အငွေ့တလောင်းလောင်းထပြီး ပေါင်တွေလဲ ထိခိုက်ခဲ့လို့ သိရပါတယ်။ Galaxy Note 7 ရဲ့ ဘက်ထရီစနစ်ကို ကူးမိရာမှ နာမည်ပျက်ရမယ့် ပြဿနာတွေ တက်လာတဲ့ Xiaomi ဟာ နောက်ထပ်ထုတ်ဦးမယ့် ReMi Note Series တွေမှာ ဒီလို ပြဿနာ မပါလာဖို့ အားလုံး မျှော်လင့်နေကြတယ် လို့ သိရပါတယ်။
Ref : BGR

0 မှတ်ချက်များ for "ဘောင်းဘီအိတ်ထဲမှာ ရုတ်တရက် ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ Xiaomi ရဲ့ RedMi Note 4"