တာချီလိတ်၌ မိုးသည်းထန်စွာရွာသွန်း၍ မြေနိမ့်ပိုင်း ရပ်ကွက်များတွင် ရေဝင်ရောက်မှုဖြစ်ပွား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် မိုးသည်းထန် စွာရွာသွန်း၍ တောင်ကျရေများပြားခြင်းနှင့်အတူ မြန်မာ-ထိုင်း 
နှစ်နိုင်ငံနယ်စပ်ရှိ မယ်ဆိုင်ချောင်းနှင့် နမ့်ယွန်းချောင်းတို့မှ ချောင်းရေများမြင့်တက်လာကာ ယနေ့ နံနက်အစောပိုင်းက
 မြေနိမ့်ပိုင်းရှိ ရပ်ကွက်များ၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မယ်ဆိုင်ချောင်းရေမြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်း ရပ်ကွက်များရှိ ရွှေနန်းတော်ကုန်တိုက်၊ တာလော့ဈေး၊ လူဝင်မှု
ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တာချီလိတ် ခရိုင်ဦးစီးမှူးရုံးဝင်း၊ ပုန်းထွန်ရပ်ကွက်လမ်းမ၊ ဆက်သွယ် ရေးရုံးဝင်း၊ မကာဟိုခမ်းရပ်ကွက်ရုံးရှေ့၊ ဆန်ဆိုင်းအခြေခံ ပညာအထက်တန်း ကျောင်းဝင်းအတွင်း၊ ဆန်ဆိုင်း ရပ်ကွက်ရှိ ဗိုလ်ချုပ်
လမ်းမ တာလော့အခြေခံပညာ အလယ်တန်းကျောင်းရှေ့လမ်းနှင့် မေဖလားဝါးကွင်းတို့တွင် ရေများဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ချောင်းရေဝင်ရောက်လျက်ရှိသည့် နေရာ များတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး 
ဗိုလ်မှူးကြီးအေးမင်းဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် တို့ဦးဆောင်၍ 
ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ကြက်ခြေနီ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်းကာ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက် ပေးလျက်ရှိရာ ရေဝင်ရောက်ခဲ့သည့် ရပ်ကွက်အချို့မှ သွားလာရန် အခက်အခဲဖြစ်သည့်ပြည်သူများအား သွားလာနိုင်ရေး ကူညီပေးခြင်း၊ စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်များကို စေတနာရှင်အလှူရှင်များက ထောက်ပံ့ပေးလျက် ရှိသည်။

တာချီလိတ်မြို့တွင် နှစ်စဉ် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းပါက မယ်ဆိုင် ချောင်းရေလျှံခြင်းနှင့် တောင်ကျ
 ရေများကြောင့် မြေနိမ့် ပိုင်းရှိရပ်ကွက်အချို့တွင် ရေဝင်ရောက်မှုဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

Credit by:MOIWebportalMyanmar

0 မှတ်ချက်များ for "တာချီလိတ်၌ မိုးသည်းထန်စွာရွာသွန်း၍ မြေနိမ့်ပိုင်း ရပ်ကွက်များတွင် ရေဝင်ရောက်မှုဖြစ်ပွား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++