ဘောလုံးပွဲအပြီး ဟိုတယ်ကို ပြန်ပို့မပေးလို့ ဒုက္ခရောက်ရသည့် မြန်မာအမျိုးသမီးအသင်း
သြဂုတ်လ ၁၇ ရက်နေ့တွင် ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကို မလေးရှားနိုင်ငံတွင် တွင် မြန်မာအမျိုးသမီးအသင်းနှင့် မလေးရှားအမျိုးသမီးတို့ ဘောလုံးကစားခဲ့ကြသည်။မြန်မာအမျိုးသမီး အသင်းက မလေးရှားအသင်းကို ၅ ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ပထမပိုင်းတွင်ဂိုးမသွင်း ခဲ့သေးသော်လည်း ဒုတိယပိုင်းတွင် ဆက်တိုက် ဂိုးများ သွင်းယူခဲ့သည်။ ဆီးဂိမ်းအိမ်ရှင် မလေးရှား အသင်းမှာ မရှူမလှရှူံးခဲ့သည်။ဘောလုံးပွဲပြီး၍ မြန်မာအမျိုးသမီးဘောလုံးသမားများ တည်းခိုရာနေရာသို့ ပြန်ဖို့လုပ်ရာတွင်အခက်အခဲ ကြုံခဲ့ရ သည်ဟု သိရှိရသည်။မြန်မာအမျိုးသမီးဘောလုံးသမားများ တင်ဆောင်ပြီး ထွက်တော့မည့် မှန်လုံကားဟာ ကားဒရိုင်ဘာ မရှိသောကြောင့် ထွက်မရပဲ အချိန်လင့်သည်အထိ စောင့်နေရသည်ဟု သိရသည်။”မလေးရှားစံတော်ချိန် ၁၁:၄၀ pm အထိ တည်းခိုရာ ဟိုတယ်ပြန်ဖို့ နောက်ကျနေပါတယ် ။
အိမ်ရှင်အဖြစ်ကျင်းပသော မလေးရှားနိုင်ငံသည် မြန်မာဘောလုံးပွဲစဉ်များကို ဝတ်ကျေတန်းကျေသာ ပြုလုပ်ပေးခဲ့သဖြင့် မြန်မာပရိတ်သတ်က မကျေမနပ် ဖြစ်နေကြသည်။ အထူးသဖြင့် မြန်မာနှင့် လာအို အမျိုသား ဘောလုံးပွဲတွင် တီဗွီတိုက်ရိုက် ထုတ်လွှင့်ခွင့် မရခဲ့ပေ။ ထို့ကြောင့် မြန်မာပရိသတ်များမှာ အွန်လိုင်းမှပြသသည်ကိုသာ တစ်ဆင့်ကြည့်ခွင့်ရခဲ့ကြသည်။
ယနေ့ မြန်မာအမျိုးသမီးအသင်းနှင့် မလေးရှားအသင်းတို့ ပွဲစဉ်မှာတော့ မြန်မာပြည်မှ ပရိတ်သတ်များ ကြည့်ရှူရဖို့ရာ အဆင်မပြေမှုများ ပိုမိုများပြားခဲ့သည်။ ဒါပေမယ့် မြန်မာအမျိုးသမီးအသင်းက ကောင်းမွန်သောရလာဒ်များ စွမ်းဆောင်နိုင်ခဲ့သည်။
သို့သော်လည်း အိမ်ရှင်မလေးရှားနိုင်ငံ၏ ရုပ်ပျက်ဆင်းပျက် အိမ်ရှင်တာဝန်များလစ်ဟင်းမှုက ဆိုးရွား လှသည်ကိုလည်း သတင်းအရ သိရှိရပါသည်။
Credit by : PannPwint


0 မှတ်ချက်များ for "ဘောလုံးပွဲအပြီး ဟိုတယ်ကို ပြန်ပို့မပေးလို့ ဒုက္ခရောက်ရသည့် မြန်မာအမျိုးသမီးအသင်း"