သရက်အုပ်ကျေးရွာကို ဘင်္ဂလီရွာ ၅ ရွာမှ လူပေါင်း ၁၀၀၀ ကျော်ဖြင့် ၀ိုင်းဝန်းတိုက်ခိုက်၊ ရေတပ်က တပ်ကူလိုက် ကာကွယ်ခဲ့ရ

မောင်တောမြို့နယ် မြောက်ပိုင်းတွင် တည်ရှိသည့် ရခိုင်သရက်အုပ်ကျေးရွာကို အနီးအနားရှိ ဘင်္ဂလီရွာ (၅) ရွာမှ အကြမ်းဖက်သမား လူပေါင်း ၁၀၀၀ ကျော်ဖြင့် ယနေ့ နံနက် ၁၁ နာရီကျော်ခန့်က ၀ိုင်းဝန်း တိုက်ခိုက်ခဲ့သည်။

“ သူတို့က မြောက်ဘက်နဲ့ တောင်ဘက်ကနေ တက်လာပြီး ရွာကို ၀ိုင်းပြီး သေနတ်တွေနဲ့ စတင်ပစ်ခတ် ပါတယ်။ ရေတပ်က တပ်ကူလာပြီး ပစ်ခတ်တော့မှ မြောက်ဘက်က အုပ်စု နောက်ဆုတ်သွားပါတယ်။ တောင်ဘက်ကတော့ မဆုတ်သေးဘူး။ ဒီအတိုင်းရှိနေပါတယ်” ဟု ကျေးရွာသား တစ်ဦးဖြစ်သူ ဦးမြင့်လိုင် က နေ့လယ် တစ်နာရီက မေးမြန်းစဉ် ပြောကြားသည်။

သရက်အုပ် ရခိုင်ကျေးရွာအား ၀ိုင်းဝန်း တိုက်ခိုက်ရာတွင်ပါဝင်သူများမှာ ရေခပ်ချောင်းခွဆုံ၊ မျှော့တောင်၊ ဓါးကြီးစား၊ သရက်အုပ်နှင့် နောက် ဘင်္ဂလီကျေးရွာမှ အကြမ်းဖက်သမားများ ဖြစ်ကြောင်း သူက ဆက်လက် ပြောကြားသည်။

“ ကျွန်တော်တို့ရွာမှာတော့ နယ်ခြားစောင့် စခန်းရှိပါတယ်။ ရေတပ်က လာကူတဲ့ အတွက်သူတို့ နောက်ဆုတ်သွားတယ်။ တောင်ဘက်ကတော့ ခုချိန်ထိ စုရုံးနေတာကို တွေ့ရတယ်။ လေတပ်ကပါ ၀ိုင်းကူပေးဖို့ လိုမယ်လို့ ထင်ပါတယ်” ဟု သူက ပြောသည်။

အကြမ်းဖက်သမားများ၏ ၀ိုင်းဝန်း တိုက်ခိုက်မှုမှာ တစ်နာရီကျော်ခန့် ကြာမြှင့်ခဲ့သည်ဟု သူက ပြောသည်။

Credit by - Narinjara

0 မှတ်ချက်များ for "သရက်အုပ်ကျေးရွာကို ဘင်္ဂလီရွာ ၅ ရွာမှ လူပေါင်း ၁၀၀၀ ကျော်ဖြင့် ၀ိုင်းဝန်းတိုက်ခိုက်၊ ရေတပ်က တပ်ကူလိုက် ကာကွယ်ခဲ့ရ "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++