ငါးမျှားတံနှင့် ဓာတ်ကြိုးကို ထိမိသဖြင့် ဓာတ်လိုက်မှုဖြစ်ပွား
သြဂုတ်လ ၁၆ ရက် ညနေ ၅ ရီတွင် ရန်ကုန်တိုင်းအတွင်း လူတစ်ဦးဟာ ငါးမျှားနေရင်း ငါးမျှားတန်နှင့် ဓာတ်ကြိုး ထိမိသဖြင့် ဓာတ်လိုက်ခံခဲ့ရကြောင်း သိရသည်။ရွှေပြည်သာမြို့နယ် အမှတ် ၆ ရပ်ကွက်၊ သိရိမင်္ဂလာမြို့ပတ်လမ်းတွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ရွှေပြည်သာမြို့ဦးစေတီ အရှေ့ဘက်မုခ် ရထားသံလမ်းဘေး ရေမြောင်းတွင် အသက် ၄၂ နှစ်အရွယ် ဦးစိုးမင်း ဆိုသူဟာ စတီးသံပိုက် ငါးမျှားတံဖြင့် ငါးမျှားနေစဉ် ၄င်း၏အပေါ်ရှိ ၃၃/K.V ဓာတ်အားလိုင်း ကြိုးအား သွားရောက် ထိမိရာမှ ဓာတ်လိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဓာတ်လိုက်ခံရသူသည် အမှတ် ၅/၆ ရပ်ကွက် ၂၂၅/က နှင်းဆီလမ်းတွင် နေထိုင်သူ အဖဦးအေးကြူ၏ သားဖြစ်သည်ဟု သိရှိရသည်။
ဓာတ်လိုက်မှုကြောင့် လက်နှစ်ဖက်၊ ရင်ဘက်၊ ပေါင်နှစ်ဖက်တို့ မီလောင်ဒဏ်ရာများ ရရှိခဲ့သည်ဟုဆိုသည်။ လူနာကို ကာယကံမေတ္တာ လူနာတင်ယာဉ်ဖြင့် အင်းစိန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။
အသက်အန္တရာယ်မှာ မစိုးရိမ်ရကြောင်း သတင်းအရင်းအမြစ် တင်ဆက်သူက ဖော်ပြထားသည်။
Credit By : facebook acc မင်းသီဟ


0 မှတ်ချက်များ for "ငါးမျှားတံနှင့် ဓာတ်ကြိုးကို ထိမိသဖြင့် ဓာတ်လိုက်မှုဖြစ်ပွား"