အမေရိကန်နဲ့ အဖရိကနိုင်ငံများ စီးပွားရေး ထိပ်သီးဆွေးနွေးပွဲ ကျင်းပ
အမေရိကန်နဲ့ အဖရိကနိုင်ငံတို့က စီးပွားရေးထိပ်သီး
ဆွေးနွေးပွဲကို ဝါရှင်တန်ဒီစီမှာ မနက်ဖြန် ကျင်းပဖို့ ပြင်ဆင်နေကြပါတယ်။
ဆွေးနွေးပွဲကို ဝါရှင်တန်ဒီစီမှာ မနက်ဖြန် ကျင်းပဖို့ ပြင်ဆင်နေကြပါတယ်။
သဘာဝအရင်းအမြစ်တွေ ပေါများကြွယ်ဝတဲ့ အာဖရိ ကတိုက်မှာ ရင်းနှီးမြှုပ်နှံဖို့အတွက် အမေရိကန်က အမေရိကန်သမ္မတ Obama က အခုလို စီးပွားရေး ထိပ်သီးဆွေးနွေးပွဲ စီစဉ် ကျင်းပတာဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲကို ဇင်ဘာဘွေ၊ ဆူဒန်၊ အီရီ-ထရီးယား နဲ့ ဗဟိုအာဖရိကသမ္မတနိုင်ငံ
ခေါင်းဆောင်တွေကလွဲလို့ ကျန်နိုင်ငံက ခေါင်းဆောင်တွေ
တက်ရောက် ကြမှာ
ဖြစ်တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
ဖြစ်တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
အာဖရိနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံနိုင်မယ့်အခွင့်အလမ်း ဘာတွေ ရှိနိုင်တယ်ဆိုတာကို မနက်ဖြန် ၀ါရှင်တန် မှာ ဆွေးနွေးညှိနှိုင်းကြမှာ ဖြစ်ပါတယ်။
စီးပွားရေးအလျှင်အမြန် တိုးတက်လာနေတဲ့ အာဖရိတိုက်မှာ လာရောက်
ရင်းနှီးမြှုပ်နှံဖို့ အမေရိကန် စီးပွားရေးကုမ္ပဏီတွေကို အဖရိကနိုင်ငံတွေက
လိုလာခဲ့ပါတယ်။
တရုတ်၊ ဥရောပနဲ့ ဂျပန်နိုင်ငံနိုင်ငံတွေကလည်း အာဖရိကတိုက်မှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်အား ထက်သန်နေကြ ပါတယ်။
အခုလို ဆွေးနွေးပွဲကျင်ပဖို့ စီစဉ်နေတဲ့အချိန်မှာ အီဘိုလာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့နေကြချိန်နဲ့တိုက်ဆိုင်နေ တာကြောင့် ဆွေးနွေးပွဲတက်ကြမယ့် အာဖရိကခေါင်းဆောင်တွေအနေနဲ့ အမေရိကန်ကို အ၀င်မှာ အီဘိုလာရောဂါ ကူးစက်မှု ရှိမရှိ စစ်ဆေးပြီးမှ နိုင်ငံထဲ အဝင်ခံမယ်လို့ သမ္မတ အိုဘားမားက သတိပေး လိုက်ပါတယ်။


0 မှတ်ချက်များ for "အမေရိကန်နဲ့ အဖရိကနိုင်ငံများ စီးပွားရေး ထိပ်သီးဆွေးနွေးပွဲ ကျင်းပ"