မလေးရှား ရေနံတင် သင်္ဘောတစီးကို ပင်လယ်ဓားပြတွေရဲ့ စီးနင်းတိုက်ခိုက်

စင်္ကာပူနိုင်ငံကနေ မလေးရှားနိုင်ငံ ဘိုနီယိုကျွန်းက Sandakan ဆိပ်ကမ်းဆီ ဦးတည်ခုတ်မောင်းနေတဲ့ မလေးရှားအလံ လွှင့်ထားတဲ့ ရေနံတင်သင်္ဘော တစီးကို တောင်တရုတ် ပင်လယ်ပြင်မှာ ပင်လယ် ဓားပြတွေရဲ့ စီးနင်းတိုက်ခိုက်မှု ကြုံနေရပါတယ်။

Sandakan ဆိပ်ကမ်းဆီ ဦးတည်ခုတ်မောင်းနေတဲ့ MT Oriental Glory ရေနံတင်သင်္ဘောကို အင်္ဂါနေ့ သန်းခေါင်မတိုင်ခင်လေးမှာ ပင်လယ်ဓားပြတွေက ၀င်စီးပြီး သင်္ဘောပေါ်က ဆက်သွယ်ရေး ကိရိယာတွေနဲ့ စက်အင်ဂျင်တွေကို ဖျက်စီးပြီးတော့ သင်္ဘောပေါ်ရှိ ရေနံတန်ချိန် ၂၅၀၀ကို ယူသွားပေမယ့် သင်္ဘောပေါ် လိုက်ပါ သွားတဲ့ သင်္ဘောဝန်ထမ်း ၁၅ ယောက်ကိုတော့ ဘေးကင်းကင်းပဲ ကျန်ခဲ့တယ်လို့ မလေးရှား တော်ဝင်ရေတပ်က ပြောပါတယ်။

ဘယ်သူဘယ်ဝါဆိုတာ မသိရတဲ့ ပင်လယ်ဓားပြတွေက သင်္ဘောကို တက်စီးပြီးတော့ ရေနံနဲ့ ဒီဇယ်တွေကို ထုတ်ယူသွားခဲ့တဲ့ ဖြစ်ရပ်ဟာ ဒီတကြိမ်ပါဆိုရင် ၉ ကြိမ်မြောက်ရှိပြီးလို့ သိရပါတယ်။

ပင်လယ်ဓားပြတွေ ယူသွားတဲ့လောင်စာတွေကို မှောင်ခို ဈေးကွက်မှာ ရောင်းချပြီး ရတဲ့ငွေကို နိုင်ငံရေး ဒါမှဟုတ် အကြမ်းဖက်လုပ်ငန်းတွေမှာ အသုံးပြု သလားဆိုတာကိုတော့ ဘယ်သူမှ အတိအကျ မပြောနိုင် ဘဲ ရေနံတင်သင်္ဘောတွေကို ၀င်စီးနေတဲ့သူတွေက အဆင့်မြင့် ရာဇ၀တ်ဂိုဏ်းတွေလို့ ယူဆနေ ကြပါတယ်။

0 မှတ်ချက်များ for "မလေးရှား ရေနံတင် သင်္ဘောတစီးကို ပင်လယ်ဓားပြတွေရဲ့ စီးနင်းတိုက်ခိုက်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++