မျက်မမြင်စာသင်ကြားပေးနိုင်သည့် နည်းပညာမြင့် လက်အိတ်

ဂျော်ဂျီယာ နည်းပညာ သုတေသီများသည် အခြားအလုပ်တစ်ခု လုပ်ကိုင်နေစဉ် မျက်မမြင်စာကို သင်ကြားပေးမည့် လက်အိတ်ကို တီထွင်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်အိတ်၏ လက်ဆစ်နေရာတွင် တုန်ခါစေသည့် မော်တာများပါဝင်ပြီး ထည့်သွင်း ထားသော မျက်မမြင်စာသားများကို လိုက်လျော ညီထွေ ဖြစ်စေရန် ပုံစံအမျိုးမျိုးဖြင့် သင်ကြားပေးသွားမည် ဖြစ်သည်။ သုတေသီများက လက်အိတ်များကို စမ်းသပ်ရန် ကူညီပေးသူများကို စမ်းသပ်မှုအတွင်းဂိမ်းများ မိနစ် ၃၀ ကစားနေ စဉ်
မော်တာများမှသင်ကြားမှုပြုလုပ်ပေးသည်။ ထို့နောက် စမ်းသပ်သူက နာရီဝက်ကြာ မျက် မမြင်စာသားများ ရိုက်အပြီးတွင် သုတေသီများအနေဖြင့် တိကျသော မှန်ကန်မှုရှိကြောင်းကို တွေ့ရှိခဲ့ သည်။

စမ်းသပ်သူကိုယ်တိုင်လည်း ယခင်က မျက်မမြင်စာကို သင်ကြားဖူးခြင်းမရှိသည့်အပြင် စမ်းသပ် မှုပြီး နောက် မျက်မမြင်စာကိုလည်း မရေးသားနိုင်သော်လည်း စာလုံးအချို့ကို ဖတ်နိုင်မှတ်မိသေးကြောင်း သိရသည်။ အဆိုပါ နည်းပညာဖြင့် သုတေသီများသည် စမ်းသပ်မှုများစွာ ပြုလုပ်နေဆဲဖြစ်ကာ ၎င်းလက် အိတ်ဖြင့် မျက်မမြင်များကို ဘာသာစကားသင်ကြားရန် အထောက်အကူဖြစ်လာမည်ဖြစ်ကြောင်း သိရ သည်။ ထို့ပြင် အသက်အရွယ်ကြောင့် အမြင်အာရုံ ပျက်စီးသွားသူများအား မျက်မမြင် ဘာသာစကားကို လွယ်ကူစွာ သင်ကြားပေးနိုင်မည်ဖြစ်သည်။_______
Ref: Engadget Internet Journal




0 မှတ်ချက်များ for "မျက်မမြင်စာသင်ကြားပေးနိုင်သည့် နည်းပညာမြင့် လက်အိတ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++