မြောက်ကိုရီးယားက တောင်ကိုးရီးယား ကို ရန်လို
ဂမ်ဝန်းပြည်နယ်၊ ကမ်မန်းတောင်ရဲ့ကမ်းရိုးတန်း ကနေ မြောက်ပိုင်းနယ်နိမိတ် စည်းအနီး ရေပြင်ထဲ သို့ ဒုံးကျည်များအပါအဝင် လက်နက်ကြီးကျည် ၁၀၀
လောက်ကို ဒီကနေ့ နေ့လည်မှာ မြောက်ကိုရီးယား ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာက ဆိုပါတယ်။
မြောက်ကိုရီးယားရဲ့ ရန်စမှုမှန်သမျှကို ရင်ဆိုင်နိုင်ဖို့
တောင်ကိုရီးယားစစ်တပ်ဟာ အဆင်သင့်ရှိနေပြီး နယ်နိမိတ်စည်းရဲ့ တောင်ပိုင်း ရေပြင်ထဲကို ပစ်ခတ် လာမယ်ဆိုရင်တော့ တောင်ကိုရီးယားဘက်ကနေ တုံ့ပြန်အရေးယူမှုတွေ လုပ်ရလိမ့်မယ်လို့ ပြောပါတယ်။
အရှေ့ဘက် ရေပြင်ထဲကို ပဲ့ထိန်း ဒုံးကျည်နှစ်စင်းကို ပစ်လွှတ်ခဲ့တဲ့မြောက်ကိုရီးယားကို ဂျပန်ဖက်က ကန့်ကွက်ခဲ့တာပါတယ်။
အခုလို ဒုံးကျည်ပစ်ခတ်မှုတွေဟာ မြောက်ကိုရီးယားအနေနဲ့ ဒုံးလက်နက် နည်းပညာအသုံးပြု စမ်းသပ် မှုတွေကို တားမြစ်ထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မြောက်ကိုရီးယားဘက်က အာခံဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။
0 မှတ်ချက်များ for "မြောက်ကိုရီးယားက တောင်ကိုးရီးယား ကို ရန်လို"