မိတ်ဆွေတုများ၏ သဘောသဘာဝ

၁။ မိတ်ဆွေကိုတွေ့လျှင် ပြုံးရွှင်မှုမပြုသူ၊
၂။ မိတ်ဆွေ၏စကားကို မနှစ်သက်သူ၊
၃။ ကိုယ့်အကျိုးကိုသာကြည့်ပြီး မိတ်ဆွေ၏ အကျိုးကိုပြန်မကြည့်သူ။
၎။ မိတ်ဆွေကိုဆန့်ကျင်ဘက်ပြုတတ်သူ၊
၅။ မိတ်ဆွေ၏ ရန်သူများနှင့်ပေါင်းသင်းသူ၊
၆။ မိတ်ဆွေ၏ ကောင်းသောမိတ်ဆွေ များနှင့် မပေါင်းသင်းသူ၊
၇။ မိတ်ဆွေ၏ဂုဏ်ကျေးဇူး ပြောသူအားတားမြစ်သူ၊
၈။ မိတ်ဆွေအား ဆဲရေးသူကို ချီးကျူးသူ၊
၉။ မိတ်ဆွေအား မိမိလျှိုဝှက်ချက်ကို မပြောပြသူ၊
၁၀။ မိတ်ဆွေ၏ လျှိုဝှက်ချက်ကို ပြောပြသူ၊
၁၁။ မိတ်ဆွေ၏ အလုပ်ကို မချီးမွမ်းသူ၊
၁၂။ မိတ်ဆွေ၏ ပညာကို မချီးမွမ်းသူ၊
၁၃။ မိတ်ဆွေ၏ မကြီးပွားခြင်းကို နှစ်သက်သူ၊
၁၄။ မိတ်ဆွေ၏ ကြီးပွားခြင်းကို မနှစ်သက်သူ၊
၁၅။ ကောင်းမြတ်သော အစားအစာ ရှိလျှင် မိတ်ဆွေအားသတိမရသူ၊
၁၆။ မကောင်းမြတ်သော အစားအစာ ရှိလျှင် မိတ်ဆွေအားသတိရသူ။

စာရှုသူများ မိတ်ဆွေတု မိတ်ဆွေစစ် ခွဲခြား၍ ဘ၀တစ်လျှောက်လုံး အဆင်ပြေချောမွေ့ကြပါစေ။

0 မှတ်ချက်များ for "မိတ်ဆွေတုများ၏ သဘောသဘာဝ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++