TNLA၊ MNDAA တို့နဲ့ တိုက်ပွဲဖြစ်၍ အစိုးရတပ်ရင်းမှုး ၁ ယောက်သေ

TNLAနှင့် MNDAA တိုက်ပွဲအပေါ် ပြန်လည် သုံးသပ်ခြင်း။
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ နယ်တွင် ဒေသခံ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် MNDAAနှင့် ကျူးကျော်နယ်ချဲ့ လှုပ်ရှားနေတဲ့
မြန်မာစစ်အစိုးရ လက်နက်ကိုင် တပ်ဖွဲ့တွေ
ကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် တပ်မ(၈၈) လက်အောက်ခံ တပ်ရင်း၊ တပ်ရင်းမှုး တစ်ယောက် သေးဆုံးသွားကြောင်း သိရပါတယ်။

ဇွန်လ (၄)ရက်နေ့ ညနေပိုင်းက ရှမ်းပြည်မြောက် ပိုင်း ကွတ်ခိုင်မြို့ နယ် တာမိုးညဲ နဲ့ မော်ဟန် အကြားသို့ ထိုးစစ်ဆင်လာတဲ့ မြန်မာစစ်အစိုးရ လက်နက်ကိုင်တပ်ဖွဲ့ တပ်မ(၈၈) လက်အောက်ခံ တပ်ရင်း၊ တပ်ရင်းမှုး စီးနင်းလာတဲ့ကားကို TNLA တပ်ရင်း (၃၃၅)နှင့် MNDAA တပ်ဖွဲ့ ဝင်တွေက RPG နဲ့ လက်ဦး တိုက်ခိုက် လိုက်တဲ့အတွက် တပ်ရင်းမှုး ဒုဗိုလ်မှူးကြီး ကျော်ထင်အောင် အပါအ၀င် တပ်သား ၂ယောက် ပွဲချင်းသေးဆုံး သွားတယ်လို့ TNLA ဗိုလ်မှူးကြီး မိုင်းဘုန်းကျော်က ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ တည်ရှိနေရာဒေသတွေကို အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက်ခံ တပ်ရင်း ၈ ရင်း ၊ စကခ ၁၊ စကခ ၁၆၊ တပ်မ ၇၇၊ တပ်မ ၈၈ နဲ့ တပ်မ တပ်မ ၅၅ အပါအ၀င် စုစုပေါင်း တပ်ရင်း ၄၇ ခုက နယ်မြေစိုးမိုးရေး ဆောင်ရွက်
နေကြောင်း TNLA ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ နမ့်ဆန်၊ နမ့်ခမ်းနဲ့ ကျောက်မဲမြို့နယ်တွေအတွင်းမှာ ကျူးကျော်နယ်ချဲ့ လှုပ်ရှားနေတဲ့ မြန်မာစစ်အစိုးရ လက်နက်ကိုင်တပ်ဖွဲ့တွေနှင့် ဒေသခံ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ပူးပေါင်း တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေနေ့စဉ်ရက် ဆက်ဖြစ်ပွား နေတယ်လို့ မိုင်းဘုန်းကျော် က ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရ စစ်တပ်တို့ အကြား ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ထိတွေ့တိုက်ပွဲပေါင်း ၃၀ ခန့်ဖြစ်ပွားခဲ့သလို အခု ဇွန်လဆန်းပိုင်းမှာလည်း တိုက်ပွဲပေါင်း ၇ ပွဲရှိပြီလို့ သိရပါတယ်။

0 မှတ်ချက်များ for "TNLA၊ MNDAA တို့နဲ့ တိုက်ပွဲဖြစ်၍ အစိုးရတပ်ရင်းမှုး ၁ ယောက်သေ "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++