SSPP/SSA နဲ့ တိုက်ပွဲဖြစ်၍ စစ်သွေးကြွှ တပ်ဖွဲ့ ၀င် ၈ ဦးသေ
![]() |
| ဖမ်းဆီးခံရတဲ့ မြန်မာစစ်သွေးကြွ တပ်သား (ဓါတ်ပုံ- facebook) |
ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) နယ်မြေ လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်အတွင်းမှာ ကျူးကျော် ၀င်ရောက်လာတဲ့ မြန်မာအစိုးရ လက်နက်ကိုင် စစ်သွေးကြွတပ်ဖွဲ့နှင့် နယ်မြေခံ SSPP/SSA တပ်ဖွဲ့ကြား၂ ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့၍ မြန်မာစစ်သွေးကြွဘက်က ၈ ယောက်သေ အများအပြား ဒဏ်ရာရရှိ ခဲ့ကြကြောင်း သိရသည်။
ဆင်းကျော့ဒေသကို ဆက်သွယ်ထားတဲ့ တာ့ဖာဆောင်တံတားဟာ ဒေသခံပြည်သူတွေရဲ့ စီးပွားရေး ကူးသန်း သွားလာရေးအတွက် အရေးပါတဲ့ တံတားတစင်းကို သိမ်းပိုက်လိုတဲ့ ကျူးကျော် နယ်ချဲ့လာတဲ့ မြန်မာအစိုးရ လက်နက်ကိုင် တပ်ဖွဲ့ တပ်ရင်း (ခလရ) ၃၄၇ က တံတားကို လုံခြုံရေး ယူပေးတဲ့ SSPP/SSA ကို တံတားနဲ့ အဝေးဖယ်ပေးဖို့ ဖိအားပေးရာကနေ ဇွန်လ ၂၇နဲ့ ၂၈ ရက်နေ့တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်တယ် လို့ ဗိုလ်မှူးကြီး ပိန်ဖက ပြောသည်။
၂ ရက်ကြာ တိုက်ပွဲတွင် မြန်မာစစ်သွေးကြွဘက်က ၈ ယောက်သေ၊ ၁၂ ယောက် ဒဏ်ရာရရှိပြီး SSPP/SSA ဘက်ကလည်း တပ်ဖွဲ့တစ်ဦးက အနည်းငယ် ဒဏ်ရာရရှိခဲ့ပြီး တံတားကို ဆက်လက်ထိန်းသိမ်း ကာကွယ်နိုင်သေးသည်ဟု ဆက်ပြောသည်။
၂ ရက်ကြာ တိုက်ပွဲတွင် မြန်မာစစ်သွေးကြွဘက်က ၈ ယောက်သေ၊ ၁၂ ယောက် ဒဏ်ရာရရှိပြီး SSPP/SSA ဘက်ကလည်း တပ်ဖွဲ့တစ်ဦးက အနည်းငယ် ဒဏ်ရာရရှိခဲ့ပြီး တံတားကို ဆက်လက်ထိန်းသိမ်း ကာကွယ်နိုင်သေးသည်ဟု ဆက်ပြောသည်။
ဒေသခံပြည်သူတွေအတွက် အရေးပါတဲ့ တာ့ဖာဆောင်တံတားကို မြန်မာအစိုးရ စစ်သွေးကြွတွေက ၂၀၁၁ ခုနှစ်တွင် ဖောက်ခွဲဖျက်ဆီးခဲ့လို့ SSPP/SSA က ပြန်လည်တည်ဆောက်ခဲ့တဲ့ တံတားလည်း ဖြစ်သည်။
လွန်ခဲ့တဲ့ တပတ်တုံးက မိုင်းရှူးမြို့နယ်၊ ဖိုးဖွားတောင်ပေါ်မှာရှိတဲ့ ရှေ့တန်း SSPP/SSA တပ်စခန်း တစ်ခုကို မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့ စစ်သွေးကြွ
(ခမရ) ၁၅၁ က ၂ ရက် ဆက်တိုက် သိမ်းပိုက်နိုင် ခဲ့သည်။
SSPP/SSA သည် မြန်မာအစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ၂၀၁၂ ခုနှစ်မှာ ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူမှု ရရှိထားသော်လည်း ၂၀၁၄ ခုနှစ် မတ်လအထိ နယ်မြေထဲမှာ ကျူးကျော်နယ်ချဲ့ လာတဲ့ မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့ (စစ်သွေးကြွ)တွေနဲ့ တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့သည်ဟု သိရသည်။


0 မှတ်ချက်များ for "SSPP/SSA နဲ့ တိုက်ပွဲဖြစ်၍ စစ်သွေးကြွှ တပ်ဖွဲ့ ၀င် ၈ ဦးသေ "