KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး တာမလာဘော ကွယ်လွန်
ကရင်အမျိုးသားအစည်းအရုံး KNU သွားနေတဲ့ မြန် မာအစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး တော်လှန်ရေး သစ္စာဖောက်တဲ့ လုပ်ငန်းတွေပဲလို့ ပြတ်ပြတ်သားသား ဝေဖန်ခဲ့တဲ့ KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး တာမလာဘော ဟာ အသက် ၉၄ နှစ်အရွယ်မှာ လူကြီးရောဂါနဲ့ ကြာသပတေးနေ့ည ၉ နာရီ ၂၃ မိနစ် က ထိုင်း - မြန်မာနယ်စပ် မဲစရီးယန်းမြို့က နေအိမ်မှာ ကွယ်လွန်သွားပါတယ်။
ဗိုလ်ချုပ်ကြီးစောတာ မလာဘောဟာ အင်္ဂလိပ် ကိုလိုနီခေတ်က မြန်မာပြည် အင်္ဂလိပ် စစ်တပ်မှာ စစ်မှုထမ်းခဲ့ပြီး ၁၉၄၉ ခုနှစ်မှစတင်၍ ကွယ်လွန်ချိန် ထိ နှစ်ပေါင်း ၆၀ ကျော် ကရင်တော်လှန်ရေးမှာ ပါဝင်နေသူ တစ်ဦးဖြစ်ကာ KNU ဥက္ကဋ္ဌအဖြစ်နဲ့ ဗဟိုကော်မီတီ သက်တမ်း တစ်ခု ၄ နှစ်ကြာ တာဝန်ယူ ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းမှာ ကျင်းပတဲ့ ၁၅ ကြိမ်မြောက် KNU ကွန်ဂရက်မှာ တရားဝင်တောင်းဆို ခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး စောတာမလာဘောရဲ့ ဇနီး နော်ဖောကဝေါ်ကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ကွယ်လွန်ခဲ့ပြီး ဗိုလ်ချုပ်ကြီး စောတာမလာဘော ကွယ်လွန်ချိန်မှာ သားသမီး ၈ ဦးနဲ့ မြေးမြစ်တွေ အများအပြား ကျန်ရစ် ခဲ့ပါတယ်။
ကွယ်သွားနေတဲ့ ဗိုလ်ချုပ်ကြီးစောတာမလာဘောနှင့် ဇနီး နော်ဖောကဝေါ်တို့ ဟာ သားသမီး ၈ဦးရှိပြီး သမီးဖြစ်သူ ပဒိုနော်စီဖိုးရာစိန် က ကေအဲန်ယူ၏ ဒုဥက္ကဌ အဖြစ်လည်းကောင်း၊ သားကြီး ဗိုလ်ချုပ်
စောမဲအေစိန်က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့(KNLA)၌ G-1 အဖြစ်နှင့် ဒုတိယသား ဗိုလ်ချုပ်
စောပီးလစိန် မှာ စစ်ရေးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။
ဗိုလ်ချုပ်ကြီး စောတာမလာဘောရဲ့ ဈာပနအစီအစဉ်ကို အဖွဲ့အစည်းအနေဖြင့်သော်လည်းကောင်း၊ ဘာသာရေး ထုံးတမ်းအရသော်လည်းကောင်း စီစဉ်ဆောင်ရွက်မှာဖြစ်ပြီး အစီအစဉ် အသေးစိတ်ကိုတော့ KNU တာဝန်ရှိသူတွေက တိုင်ပင်ဆွေးနွေးနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

0 မှတ်ချက်များ for "KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး တာမလာဘော ကွယ်လွန်"