စာချုပ်အသစ် ကမ်းလှမ်းမှုမရှိပါက ကစားသမားဘ၀မှ အနားယူတော့မယ့် ချယ်လ်ဆီးကွင်းလယ်ကစားသမား လမ်းပတ်
အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ချယ်လ်ဆီး ကွင်းလယ်ကစားသမား ဖရန့် လမ်းပတ်ဟာ စတန်းဖို့ ဘရစ်ခ်ျက စာချုပ်အသစ်ကမ်းလှမ်းမှု မရှိဘူးဆိုရင် ကစားသမားဘ၀ကနေ အနားယူဖို့  ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ အခုအချိန်ထိ လမ်းပတ်ကို စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခြင်းမရှိသေးပါဘူး။
ချယ်လ်ဆီးအသင်းရဲ့ စံချိန်တင်ဂိုးသွင်းရှင်တစ်ဦးလည်းဖြစ်တဲ့ လမ်းပတ်က “ နောက်ရာသီ ကျွန်တော် ချယ်လ်ဆီးမှာရှိမလား ဆိုတာ မသိသေးပါဘူး။ ကျွန်တော် နောက်ထပ် နှစ်နှစ်၊ သုံးနှစ်လောက် ဆက်ကစားချင်ပါသေးတယ်။ ဒါပေမယ့် ဒီလို ခြေကောင်းချိန်မှာ အနားယူလိုက်တာ ကလည်းက ကောင်းမှာ ပါ” လို့ Red magazine ကို ပြောကြားခဲ့ပါတယ်။
လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းအတွက် ပွဲပေါင်း ၅၀၀ ကျော်ကစားပေးခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၃ ခု၊ အက်ဖ်အေချန်ပီယံ လေးကြိမ်၊ လိဂ်ဖလား နှစ်လုံး၊ ယူရိုပါလိဂ်နဲ့ ချန်ပီယံလိဂ်တစ်ကြိမ်ဆု ရရှိခဲ့ပါတယ်။
Ref: skysports.com

0 မှတ်ချက်များ for "စာချုပ်အသစ် ကမ်းလှမ်းမှုမရှိပါက ကစားသမားဘ၀မှ အနားယူတော့မယ့် ချယ်လ်ဆီးကွင်းလယ်ကစားသမား လမ်းပတ်"