ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ ဟောင်ကောင် လူထုဆန္ဒ ခံယူမှု ကျင်းပ
အလွတ်သဘော ကျင်းပနေတဲ့ ဒီမိုကရက်တစ်
ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဟောင်ကောင် လူထုဆန္ဒ ခံယူမှု မဲရလဒ်တွေကို ရေတွက်နေပါတယ်။
ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဟောင်ကောင် လူထုဆန္ဒ ခံယူမှု မဲရလဒ်တွေကို ရေတွက်နေပါတယ်။
ကနဦးထွက်ပေါ် လာတဲ့ ရလဒ်တွေအရ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ရာထူးအတွက် ကိုယ်စားလှယ်လောင်း စာရင်းကို လူထု၊နိုင်ငံရေးပါတီ တွေနဲ့ ရွးချယ်ရေးကော် မတီကို ရွေးခွင့်ပေးဖို့ အများစုက လိုလား ကြပါတယ်။
ဒါပေမဲ့ အာဏာကို ချုပ်ကိုင်ထားတဲ့ ပြည်မကြီးအစိုးရကတော့ ဒီရာထူးကို ကော်မတီကသာ အဆိုပြု ရွေးချယ် သင့်ပြီး ဒီဆန္ဒခံယူပွဲကိုလဲ တရားမဝင် အဓိပ္ပာယ် မဲ့တဲ့လုပ်ရပ်အဖြစ် ဝေဖန်လိုက်ပါတယ်။
လူပေါင်း ၇ သိန်းခွဲကျော် ရာခိုင်နှုန်းအားဖြင့် မဲပေးပိုင်ခွင့်ရှိသူ ၂ဝ ရာခိုင်နှုန်းဟာ မဲရုံတွေ ဒါမှမဟုတ် အွန်လိုင်းကနေ ပါဝင် မဲပေးခဲ့ကြပြီး ဖြစ်ပါတယ်။
ဒီနေ့ တနင်္လနေ့မှာ ရလဒ် ကြေညာနိုင်လိမ့်မယ်လို့ ယူဆ နေကြပါတယ်။___ဘီဘီစီ


0 မှတ်ချက်များ for "ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ ဟောင်ကောင် လူထုဆန္ဒ ခံယူမှု ကျင်းပ"