စစ်ရေးကဏ္ဍတိုးမြှင့်ရေး ဂျပန်ရဲ့အစီအစဉ် ဖိလစ်ပိုင်အစိုးရ တခဲနက်ကြိုဆိုထောက်ခံ

တောင်တရုတ်ပင်လယ်ပြင်ထဲက တရုတ်နဲ့ နယ်မြေပိုင်နက် အငြင်းပွားနေတဲ့အချိန်မှာ Mr. Abe နဲ့ ဖိလစ်ပိုင်သမ္မတ Benigno Aquino တို့ တိုကျိုမှာ အင်္ဂါနေ့ တွေ့ဆုံဆွေးနွေးပွဲအပြီး ဂျပန်ရဲ့ စစ်ရေး ကဏ္ဍကို တိုးမြှင့်ဖို့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe ရဲ့ အစီအစဉ်ကို ဖိလစ်ပိုင် အစိုးရက ထောက်ခံလိုက်ပါတယ်။

အခုတွေ့ဆုံပွဲဟာ တောင်တရုတ်ပင်လယ်ပြင်ထဲက တရုတ်နဲ့ နယ်မြေပိုင်နက် အငြင်းပွားနေတဲ့ နိုင်ငံတွေ ထဲမှာပါတဲ့ ဂျပန်နဲ့ ဖိလစ်ပိုင် ၂ နိုင်ငံကြား ဆက်ဆံရေး ခိုင်မာတာကို ပြသတာအဖြစ် ရှုမြင်ကြပါတယ်။

ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေ  ပြင်ဆင်ရာမှာ ဂျပန်နိုင်ငံကို သွားရောက် ကူညီခွင့်ပေးရမယ်ဆိုရင် ဒီအပြောင်းအလဲကို ကြိုဆိုကြောင်း၊ ဂျပန်နိုင်ငံသားတွေကသာ လက်ခံမယ်ဆိုရင် ဒီကိစ္စအတွက် ဂျပန် ဖွဲ့စည်းပုံ ဥပဒေကို ပြန်ကောက်ဖို့ အဆိုတင်နေစရာ မလိုတော့ပဲ နိုင်ငံတကာအတွက် ဂျပန်ရဲ့ လုပ်ဆောင်နိုင်မှု ပိုလာမှာ ဖြစ်သလို ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် လုပ်ဆောင်နေမှုတွေ မှာလည်း ပိုအနီးကပ် လုပ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်လို့ Mr. Aquino ကပြောပါတယ်။

တရုတ်အစိုးရကတော့ ဒေါသတကြီး ကန့်ကွက်ခဲ့ပြီး ဒါဟာဒုတိယ ကမ္ဘာစစ် နောက်ပိုင်း စိတ်ပျက်စရာကိစ္စ တရပ်ဖြစ်ပြီး ဒေသတွင်း တင်းမာမှုတွေကို ပိုတိုးစေမယ်လို့ ဆိုပါတယ်။ 

0 မှတ်ချက်များ for "စစ်ရေးကဏ္ဍတိုးမြှင့်ရေး ဂျပန်ရဲ့အစီအစဉ် ဖိလစ်ပိုင်အစိုးရ တခဲနက်ကြိုဆိုထောက်ခံ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++