ဘဂ္ဂဒက်မြို့တော်ကို ဝန်းရံပိတ်ဆို့ဖို့ ကြိုးစားလာကြတဲ့ အစ္စလာမ်မစ်သူပုန်တွေကို အီရတ် အစိုးရတပ်တိုက်ခိုက်

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်ကို ဝန်းရံပိတ်ဆို့ဖို့ ကြိုးစားလာကြတဲ့ အစ္စလာမ်မစ် သူပုန်တွေ အပါအ၀င် လက်ရှိ ရှီးယားအစိုးရအပေါ် ဆန့်ကျင်
နေကြတဲ့ တခြာဆွန်နီလက်နက်ကိုင်တွေကို အစိုးရ တပ်တွေက ပြန်လည်တိုက်ခိုက်နေကြပါတယ်။

  မြို့တော်ဘဂ္ဂဒက်ဆီ ဦးတည်နေတဲ့အဝေးပြေး လမ်းမကြီးပေါ် နောက်ဆုံးတည်ရှိနေတဲ့ ဘားကူဘာ မြို့ရဲ့အစိတ်အပိုင်းတချို့ကို အိုင်းဇစ်အစ္စလာမ်မစ်တွေနဲ့ တခြားလက်နက်ကိုင်တွေက မနေ့ညတုန်း က ခေတ္တသိမ်းယူနိုင်ခဲ့ပါသေးတယ်။


 အခုတော့ အဲဒီ့ဘာကူဘား မြို့ဟာ အစိုးရတပ်တွေရဲ့ ချူပ်ထိန်းမှုအောက် ပြန်လည်ရောက်ရှိနေပြီလို့ အီရတ် အာဏာပိုင်တွေက ပြောပါတယ်။

အီရတ်နိုင်ငံအနောက်ပိုင်း နေရာအတော်များများ၊ အထူးသဖြင့် ဆွန်နီအများစုရှိတဲ့ အန်ဘာ Anbar ဒေမှာ အပြင်းအထန် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေပြီး၊ အဓိကကျတဲ့ နေရာတွေကို သူပုန်တွေက သိမ်းပိုက်ထားပြီး

ဖမ်းမိတဲ့အစိုးရစစ်သားတွေကို အစုလိုက်အပြုံလိုက် ဆွန်နီသူပုန်တွေက ပစ်သတ်ခဲ့သလို ရှအာပြည်သူ့စစ်တွေကလည်း ဆွန်နီအချုပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကြပါတယ်။  
 
နိုင်ငံရဲ့ မြောက်ပိုင်းမှာတော့ မနေ့က သူပုန်တွေ သိမ်းယူခဲ့တဲ့ တယ်လ်အဖာ Tal Afar မြို့ကို အစိုးရ တပ်တွေက ပြန်လည်သိမ်းယူဖို့ ကြိုးစားနေကြပါတယ်။

တစ်ချိန်တည်းမှာပဲ ဂျနီဗာမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှုးချုပ် ဘန်ကီမွန်းက အီရတ် နိုင်ငံအတွင်း ဂိုဏ်းဂန ခွဲခြားလိုတဲ့ စိတ်တွေ လျှော့ချကြဖို့ တိုက်တွန်း လိုက် ပါတယ်။

အားလုံးပါဝင်နိုင်တဲ့ စကားပြောဆို ဆွေးနွေးမှုတွေ ပြုလုပ်ပြီး အဖြေရှာကြဖို့အတွက် ၀န်ကြီးချူပ် အယ်လ် မယ်လိကီ al-Maliki အပါအဝင် အီရတ် အစိုးရ ခေါင်းဆောင်တွေကို သူက တိုက်တွန်းနေပါတယ်လို့လည်း မစ္စတာ ဘန်ကီမွန်းက ပြောသွားပါတယ်။

0 မှတ်ချက်များ for "ဘဂ္ဂဒက်မြို့တော်ကို ဝန်းရံပိတ်ဆို့ဖို့ ကြိုးစားလာကြတဲ့ အစ္စလာမ်မစ်သူပုန်တွေကို အီရတ် အစိုးရတပ်တိုက်ခိုက်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++