လစ်ဗျားနိုင်ငံရှိ အမေရိကန် ကောင်စစ်ဝန်ရုံး အကြမ်းဖက်တိုက်ခိုက်ခဲ့မှု အဓိက ပါဝင်ခဲ့သူကို ဖမ်းမိထားပြီလို့ အမေရိကန် ပြောကြား
၂၀၁၂ ခုနှစ်တုန်းက လစ်ဗျားနိုင်ငံ Benghazi မြို့မှာ အမေရိကန်
ကောင်စစ်ဝန်ရုံးကို အကြမ်းဖက် တိုက် ခိုက်ခဲ့လို့ အမေရိကန်သံအမတ်ကြီး
Christopher Stevens နဲ့ အမေရိကန် ၃ ယောက် သေဆုံးခဲ့မှုနှင့် ပတ်သက်ပြီး တိုက်ခိုက်မှုမှာ အဓိကပါဝင်ခဲ့သည်ဟု သံသယရှိသူကို ဖမ်းမိထားပြီလို့
အမေရိကန်က ပြော ကြားလိုက်ပါတယ်။
အမေရိကန် အထူးတပ်ဖွဲ့က Ahmed Abu Khatallah ကို Benghazi မြို့နားမှာ
တနင်္ဂနွေနေ့က ဖမ်းဆီးနိုင် ခဲ့ပြီး အမေရိကန် စစ်သင်္ဘောပေါ်မှာ စစ်ဆေး
မေးမြန်း
နေပြီး သူ့ကို လူသတ်မှုတွေနဲ့ အရပ်ဖက် တရားရုံးမှာ စစ်ဆေးနိုင်ဖို့ အမေရိကန် ပြည်ထောင်စု ကို ခေါ်ဆောင်လာမှာ ဖြစ်ပါတယ်လို့ ပန်တဂွန်စစ်ဌာနချုပ်က အင်္ဂါနေ့က ပြောပါတယ်။
နေပြီး သူ့ကို လူသတ်မှုတွေနဲ့ အရပ်ဖက် တရားရုံးမှာ စစ်ဆေးနိုင်ဖို့ အမေရိကန် ပြည်ထောင်စု ကို ခေါ်ဆောင်လာမှာ ဖြစ်ပါတယ်လို့ ပန်တဂွန်စစ်ဌာနချုပ်က အင်္ဂါနေ့က ပြောပါတယ်။
Khatallah ကို ဖမ်းဆီးဖို့ လျှို့ဝှက်စစ်ဆင်ရေးလုပ်ခွင့် လတ်တလောမှာပဲ
ပေးခဲ့တယ်လို့ သမ္မတ အိုဘားမား က ပြောကြားခဲ့ပြီး Khatallah အနေနဲ့ အမေရိကန်
တရားစီရင်ရေး စနစ်အရ ထိထိရောက်ရောက် အရေးယူ ခံရမှာ ဖြစ်တယ်လို့လည်း သမ္မတက
ပြောပါတယ်။
Benghazi မြို့က ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရချိန်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့တဲ့ Hillary Clinton က အဲဒီတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ သူ့အနေနဲ့ အဖြေရှာနေဆဲဖြစ်ပြီး အဲဒီတိုက်ခိုက်ခံရမှုဟာ ရှုတ်ထွေးတဲ့အပြင် သူတို့အတွက် တကယ့်ကို အကြပ်အတည်းဖြစ်တဲ့ အချိန်ဖြစ်တယ်လို့ CNN ရုပ်သံကို ပြောကြားခဲ့ပါတယ်။
တိုက်ခိုက်မှုကို ဘယ်သူတွေလုပ်ခဲ့သလဲ၊ ဘာရည်ရွယ်ချက်နဲ့ လုပ်ခဲ့သလဲဆိုတဲ့ အဖြေကို Khatallah ကို ဖမ်းမိတဲ့အတွက် သိနိုင်မယ်လို့ မျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း Clinton က ပြောကြား ခဲ့ပါတယ်။

0 မှတ်ချက်များ for "လစ်ဗျားနိုင်ငံရှိ အမေရိကန် ကောင်စစ်ဝန်ရုံး အကြမ်းဖက်တိုက်ခိုက်ခဲ့မှု အဓိက ပါဝင်ခဲ့သူကို ဖမ်းမိထားပြီလို့ အမေရိကန် ပြောကြား"